ဌက်ကလေးကို ချစ်တဲ့ကျွန်တော်.....။
မနက်ခင်းကို ချစ်တဲ့ကျွန်တော်.....။
တိမ်လိုလွင့်ဆဲ ကျွန်တော်......။
မိုးတွေရွာတဲ့ နေ့မှာ မွေးပြီး.......
မိုးကိုမုန်းတဲ့ ကျွန်တော်။
ခုထိ ခံစားချက်သေးသေးလေးထဲ
ဘ၀ကိုနှောင်ဖွဲ့ ရုန်းကန်နေဆဲ ကျွန်တော်။
လိမ်ညာမှု ကိုသစ္စာတရားပေါ် ဆေးမင်ရည်စုတ်ထိုး၊
အလိမ္မာသုံးပြီး လိမ္မာပြနေတဲ့
ခပ်ညံ့ညံ့ အတွေးတွေနဲ့ လူတွေကြားက သုညနဲ့ကျွန်တော်။
မလိမ့်တပတ်အပေါ် တလိမ့်လိမ့်နဲ့ခပ်ပါးပါးလေး
စင်္ကြန်လျှောက်တတ်တဲ့ လူမျိုးကို မုန်းတဲ့ကျွန်တော်။
လိမ်ညာမှုထက် လိမ်ညာခံရမှု
အလေးတုံး.....ခေါင်းမှန်မူးလဲ
အတိတ်ထဲမှာ တ၀ဲလည်လည်နဲ့ ကျွန်တော်။
မနက်ဖြန်ထက် မနေ့ကကို
တခုတ်တရ အမျှဝေနေတတ်တဲ့ ကျွန်တော်။
မျှော်လင့်ချက်ကို
မှောင်မိုက်မှာ ငိုနေတဲ့"ဂျာအေး"အတွက်
တယုတယ ဝေမျှပေးခဲ့တဲ့ ကျွန်တော်။
နွေးထွေးမှုပေါ် ရေလောင်းချ
အအေးပတ်သွားတဲ့
ခံစားချက်နွံထဲက ကျွန်တော်။
အစားတစ်လုပ် တုတ်တစ်ချက်အပေါ်
သံသယ၀င် ဆန်းစစ်ချက်နဲ့
သေမထူး နေမထူး ကျွန်တော်။
အိပ်ရာဝင် ပုံပြင်ထဲမှာ
ပုံပြင်ထဲ အိပ်ပျော်နေတတ်တဲ့
အထီးကျန်လူသား ကျွန်တော်။
ကျွန်တော်သိတဲ့ ကျွန်တော့်ကမ္ဘာ
ဘာမှမရှိတဲ့ ကျွန်တော့်ကမ္ဘာလေးကို
ကဗျာတွေသီ
စာဟန်ချီပြီး
ထုံးဖွဲ့လှဆင်
ပန်းသီထွင်ထားတယ်။
အဲဒါ ကျွန်တော်ပိုင်ဆိုင်တဲ့
တခုတည်းသော အရာ
။။။။။။။"ကဗျာ"။။။။။။။
၁.၁၁.၁၂
MS
.... ယနေ့သည်......
Wednesday, October 31, 2012
"မီးစာကုန် ရေခမ်း"
ကျောပြင်ထက်က
ထမ်းပိုးနေကျ
အတောင်လေးလဲ ညောင်းနေပါပီကောဗျာ။
တခုတ်တရ စိုက်ပျိုးခဲ့တဲ့
တချိန်ကရောင်စုံ မနက်ခင်းတွေကလဲ
ဆံဖြူဖွေးဖွေး အတွေးလေးထဲမှာတော့
မနေ့တနေ့ ကလို။
မနက်ဖြန်ဟာ ဒီနေ့အတိုင်းလည်ပတ်နေတော့
ထူးမခြားနား ကာလယန္တရားထဲ
ပျင်းရိခြင်းနဲ့အတူ နေ့စဉ် လျှောက်လည်ခဲ့တယ်
တစ်ခုတော့ ပြောချင်ရဲ့.........
တချိန်က လမ်းမီးတိုင်အောက်
စာကျက်ခဲ့တဲ့ ကလေးဘ၀အချိန်လေးကို လွမ်းတယ်ကွယ်။
အလွမ်းဟာ အနာဂတ်ဆိုရင်
ပစ္စုပန်ရင်ထဲက အတိတ်ဒဏ်ရာဟာ
ခုတော့ ဓားသွေးကျောက်လို ခပ်ပါးပါး။
ပြီးခဲ့တာတွေအတွက် ကျေနပ်နှစ်သိမ့်
တရေးတော့ အိပ်လိုက်ဦးမယ်။
တရေးနိုးထ မျက်ရည်ကြည်ထဲက
ငွေ့ရည်ဖွဲ့အပြုံးလေး
လက်ခနဲ တောက်စဉ်
ခေါင်းထဲ မိုက်ခနဲ လဲပြိုကျ
ဒီနေ့တော့ ဒီအတွေး ဒီတွင်ရပ်မှဖြစ်တော့မယ်။
ပုတီးကုံးလေး ဘေးက
ခပ်နွမ်းနွမ်း အပြုံးလေး
ဇရာနဲ့ ရန်ဖြစ်ရင်တော့
အသက်ငွေ့ငွေ့လေးလဲ
ရှေ့ ဘူတာမှာ ဆင်းမယ်နော်။။။။။။
၃၀.၁၀.၁၂
MS
ဒီဇာတ်လမ်း
မေ့ပျောက်ဖို့လွယ်ရအောင်လည်း
ဒီဦးဏှောက်အဲ့လောက်မဆုတ်ပြတ်သေးဘူးလေ .....
လွယ်လွယ်ကူကူနဲ့ချစ်ရအောင်လည်း
ဒီနှလုံးသားအဲ့လောက်ဈေးမပေါလွန်းပြန်ဘူး ....
အရာအားလုံးအတွက်မျက်စိမှိတ်ပေးထားတယ်ဆိုပေမယ့်
မသိစိတ်ကိုတော့ ထိန်းချုပ်လို့မရပြန်ဘူး .....
မတွေ့မမြင်ချင်ပေမယ့်လည်း
ဆုံတွေ့မှုကို ရပ်တန့်လို့မရလေတော့ .....
ဒီဇာတ်လမ်း
ဒီဇာတ်ကောင်နဲ့
ဘယ်အခန်းထိ နှစ်ပါးသွားရလေဦးမလဲ .....
ကိုယ့်လမ်းကိုလျှောက်
ကိုယ့်နှလုံးသားကိုယ်ပိုင်တယ်ဆိုပေမယ့်
မင်းအတွက်အပိုင်ပေးထားတဲ့
ငါ့နှလုံးသားကို
ချည်တိုင်မှာ သပ်ရိုက်ပြီးတော့
ဘယ်အထိများနှိပ်စက်ချင်သေးတာလဲ .....
ပြောပါဦး
ပွင့်ပွင့်လင်းလင်း
မရှင်းမရှင်းဖြေရှင်းချက်တွေထက်
ပွင့်ပွင့်လင်းလင်းအမုန်းကိုသာ ရယူလိုတော့တယ် .....
လမ်းတွေ့ရင်တောင်မနှုတ်ဆက်ဖြစ်တော့မယ့်
အခြေနေကို နောက်မှာထားပြီး
အသက်မပါတဲ့ အပြုံးတုကို တပ်ဆင်ထားရတဲ့
တို့နှစ်ယောက်ဇာတ်လမ်း
ဘယ်အချိန် ဗီလိန်ဝင်လာပြီး
ဇာတ်ကြမ်းမလဲစောင့်နေခဲ့တာကြာခဲ့လေပြီ ....
ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲဖြုတ်ပေးလိုက်မယ်
အသင်ဗီလိန် ....
သင်လိုရာခေါ်ဆောင်သွားပါလေ
ကျွန်ုပ်ဆီမှာ ထင်ကျန်နေတဲ့
အတိတ်တွေပါ သင်တက်နိုင်ရင် ယူဆောင်သွားပါလေ ......
အမုန်းနောက်ကွယ်က အချစ်ဆိုတာရှိခဲ့မယ်ဆိုရင်
အမုန်းရှေ့မှာပဲတစ်သက်လုံး ပြုံးပြုံးကြီး
ရင်ကော့နေပါတော့မယ်ဗျာ ......
ဒီဦးဏှောက်အဲ့လောက်မဆုတ်ပြတ်သေးဘူးလေ .....
လွယ်လွယ်ကူကူနဲ့ချစ်ရအောင်လည်း
ဒီနှလုံးသားအဲ့လောက်ဈေးမပေါလွန်းပြန်ဘူး ....
အရာအားလုံးအတွက်မျက်စိမှိတ်ပေးထားတယ်ဆိုပေမယ့်
မသိစိတ်ကိုတော့ ထိန်းချုပ်လို့မရပြန်ဘူး .....
မတွေ့မမြင်ချင်ပေမယ့်လည်း
ဆုံတွေ့မှုကို ရပ်တန့်လို့မရလေတော့ .....
ဒီဇာတ်လမ်း
ဒီဇာတ်ကောင်နဲ့
ဘယ်အခန်းထိ နှစ်ပါးသွားရလေဦးမလဲ .....
ကိုယ့်လမ်းကိုလျှောက်
ကိုယ့်နှလုံးသားကိုယ်ပိုင်တယ်ဆိုပေမယ့်
မင်းအတွက်အပိုင်ပေးထားတဲ့
ငါ့နှလုံးသားကို
ချည်တိုင်မှာ သပ်ရိုက်ပြီးတော့
ဘယ်အထိများနှိပ်စက်ချင်သေးတာလဲ .....
ပြောပါဦး
ပွင့်ပွင့်လင်းလင်း
မရှင်းမရှင်းဖြေရှင်းချက်တွေထက်
ပွင့်ပွင့်လင်းလင်းအမုန်းကိုသာ ရယူလိုတော့တယ် .....
လမ်းတွေ့ရင်တောင်မနှုတ်ဆက်ဖြစ်တော့မယ့်
အခြေနေကို နောက်မှာထားပြီး
အသက်မပါတဲ့ အပြုံးတုကို တပ်ဆင်ထားရတဲ့
တို့နှစ်ယောက်ဇာတ်လမ်း
ဘယ်အချိန် ဗီလိန်ဝင်လာပြီး
ဇာတ်ကြမ်းမလဲစောင့်နေခဲ့တာကြာခဲ့လေပြီ ....
ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲဖြုတ်ပေးလိုက်မယ်
အသင်ဗီလိန် ....
သင်လိုရာခေါ်ဆောင်သွားပါလေ
ကျွန်ုပ်ဆီမှာ ထင်ကျန်နေတဲ့
အတိတ်တွေပါ သင်တက်နိုင်ရင် ယူဆောင်သွားပါလေ ......
အမုန်းနောက်ကွယ်က အချစ်ဆိုတာရှိခဲ့မယ်ဆိုရင်
အမုန်းရှေ့မှာပဲတစ်သက်လုံး ပြုံးပြုံးကြီး
ရင်ကော့နေပါတော့မယ်ဗျာ ......
လွမ်းလို့အိုနေတဲ့ငါ
လွမ်းလို့အိုနေတဲ့ငါ
ကလေးမရေ
အဲ့ဒါကပဲ လွမ်းခြင်းဖြစ်တယ်....။
အဲ့ဒါကပဲ လွမ်းခြင်းဖြစ်တယ်....။
တစ်ယောက်ကတစ်ယောက်ကိုလွမ်း
သူမသိလဲလွမ်း တခမ်းတနားနဲ့
ကိုယ့်ဘာသာလွမ်းတယ်....။
ကိုယ့်ဘာသာလွမ်းတယ်....။
Tuesday, October 30, 2012
ငယ်သူငယ်ချင်း
ဒီ လို အ မှောင် ည
စမ်း တ ၀ါး ၀ါး လမ်း သွား ရင်း
အ မှား များ ခဲ့ တယ်။
ဒါ ကို မှ ဒု က္ခ
မှန်း ဆ ကြည့် ကြ ရင်း ငါ တို့
အ ဆုံး ထိ သွား တယ်။
ကျွန်တော့်ရဲ့နတ်ဆိုး ....
လမ်းသစ်တွေလျှောက်ပြီး
လမ်းဟောင်းတွေ ပြန်ပြန်လှည့်ကြည့်တဲ့ခင်ဗျား ... ။
မိတ်ဆွေဟောင်းတွေကို ထမ်းပိုးပြီး
မိတ်ဆွေသစ်တွေ လိုက်ဝယ်တဲ့ ခင်ဗျား .... ။
ဖြစ်သမျှကို ပြုံးပြုံးလေးရင်ဆိုင်ပြီး
မဖြစ်သေးတာတွေကို မျက်စိမှိတ်စိတ်ကူးယဉ်နေတဲ့ခင်ဗျား ... ။
ကျန်တာတွေ အတွက်တော့ စိတ်ထဲမထားချင်တော့ပါဘူး
ဖြစ်သင့်တာဖြစ်ရဖို့အတွက်
ဖြစ်ချင်တာတွေကို စတေးရဲပါတယ်
ကျွန်တော်ရွေးခဲ့တဲ့လမ်း
ကျွန်တော်ကိုယ်တိုင်ဖောက်ပြီးလျှောက်ခွင့်ပြုပါ .... ။
အရာအားလုံးကိုကြိုးဆွဲချင်တဲ့
ရုပ်သေးဆရာလို လွှမ်းမိုးချင်တယ်ဆိုရင်တော့
အမည်းရောင် ကျိန်စာကြီးတဖန်ပြန်နိုးထလာလိမ့်မယ် ..... ။
ခင်ဗျားအတွက် မထူးဆန်းတဲ့ပုံပြင်တစ်ပုဒ်က
ကျွန်တော့်အတွက်တော့ ကမ္ဘာဖျက်မဲ့ ကျိန်စာတစ်ပုဒ်ဆိုတာ
မသိခဲ့တာလား ..... ။
အချစ်ပျိုးတဲ့ကောင်မလေး .....
သန်းခေါင်ယံ ကောင်းကင်ကို
မော့ကြည့်လိုက်တဲ့အခါ
လင်းလက်နေတဲ့ ကောင်းကင်ယံကို
တွေ့လိုက်တဲ့နောက်
ကြယ်လေးတွေကိုကျေးဇူးတင်မိတယ်
လမင်းကြီးကတော့
လူတိုင်းပါးစပ်ဖျားမှာ လှနေတဲ့သူဆိုတော့
အထူးတလည်မပြောဖြစ်ခဲ့ဘူး
ကျွန်တော်ရင်ဘတ်ကြီးကို
ငုံ့ကြည့်လိုက်တဲ့အခါ
ရှင်သန်လန်းဆန်းနေတဲ့အချစ်တွေကို
တွေ့လိုက်ရတဲ့နောက်
ကောင်မလေးရေ ...
မင်းကိုကျေးဇူးတင်ပါတယ် ... ။
အချစ် အကြောင်းကတော့
လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတာဆိုတော့
အထူးတလည်မပြောဖြစ်ခဲ့ပြန်ဘူး
အလင်းနှစ် ၃၃
ဆောင်းညက ကျိုးတိုးကျဲတဲ
ဝိုးတိုးဝါးတားပဲ နှင်းတွေက
အဆုပ် လိုက် အခဲ လိုက်..........။
ရင်နှင့်ရင်း၍ ရလာပါသော
ကြွေလွင့် မြေခ ၀တ်မှုန်တစ်စက
Monday, October 29, 2012
တစ်ချိန်က ချစ်သူ ...
*အချစ်* ဆိုတဲ့ စကားလုံး နှစ်လုံးကြား *ကတိ* ဆိုတဲ့ ဝေါဟာရ တစ်ခုကို ချိုးဖောက်ကာ သစ္စာဖောက် သွားခဲ့ရက်လေသူ....။
ချစ်ခဲ့ကြတဲ့ နေ့တွေကိုမှ မထောက်ပဲ ထားခဲ့ဖူးတဲ့ ကတိတွေကို နင်ဖျောက်ဖျက်ရစ်ခဲ့လေသူ.....။
ပျော်ခဲ့ဖူးတဲ့ နေ့တွေရှိတရ် ....
လက်တွဲပြီးလည်း လျှောက်ခဲ့ကြဖူးတရ်...
ချစ်စကားလေးတွေ ဖလှရ်ရင်း နှစ်ဦးသား ကြည်နူးခဲ့ဖူးကြတရ်....
သတိရမိပါသေးတရ်.. *ဘရ်တော့မှ မခွဲဘူး* .. ဆိုတဲ့ နင့်နှုတ်ဖျားက စကားလေး တစ်ခွန်းကို .... ။
တန်ဖိုးထားလွန်းတဲ့ ဒီစကားလေးကို နောက်တစ်ယောက် အသစ်ရှာ၊ ငါ့ကို ပစ်ခွါပြီးတော့များ နင် သက်သေပြခဲ့လေသလား.... ။
ချစ်ခဲ့ဖူးတဲ့ ချစ်ရပါသော နင့်ကို မမုန်းရက်သော်ငြား ခံစားမိခဲ့ရတာတော့ အသေအလဲပါ...
မမေ့နိုင်ပေမရ့် မေ့ပစ်စေခဲ့ပါတရ် .. ဒါပေမရ့် မမုန်းရက်ခဲ့ဘူး ...
ချစ်ခဲ့မိသူက ငါဆိုတဲ့ ကောင်ဖြစ်နေတာကိုးးးး..... ။
~Thwe Xat~
"မိုးခြွေလေညင်း"
မိုး.....မိုး.....မိုး
မျှော်နေတာလဲ အတော်ကြာပေါ့။ ။ ။
ရင်ခွင်ပြောင်းတတ်တဲ့ ဥတုရာသီကတောင်
ချိန်ခွင်လျှာတိမ်းစောင်းပြီး.........
နေမင်းရဲ့ မျက်စောင်းတစ်ချက်ကိုပဲ ခယပစားနေရော့ သလားကွယ်။
မြေသင်းနံ့ရဲ့ ရနံ့သင်းပျံ့ပျံ့တောင်
ခံစားချက်အသိထဲ ခပ်ရေးရေးသာကျန်တော့.........။
စိမ်းလန်းခြင်းနိမိတ်ရောင် ဆိုတာလဲ
ရောင်စုံခဲတံတွေထဲမှာသာ ဖွေရှာကြည့်ရတော့မှာလား။
မိုးနဲ့အတူ ပျော်တဲ့
လွမ်းမျက်ရည်ကလဲ
မိုးကိုမျှော်၇င်း ပါးအထက်မှာ ခြောက်သွေ့သွေ့ရယ်ပါ။
"လွမ်းတယ်.....မိုးရယ်"ဆိုတဲ့ စကား
ဘယ်လေညင်းက သယ်ဆောင်ပေးသွားမှာလဲကွယ်.......။
မိုးကုတ်စက်ဝိုင်းဆီ အတွေးကိုဖြန့်ကျက်
အမိကောင်းကင်ကိုမော့ကြည့်
လေညင်းရဲ့အဖော် တိမ်ညိုညိုတွေကို မျှော်ရင်း
မိုးရေစက်တွေရဲ့ လွတ်လပ်ခြင်းကို
တမ်း တ မိ ပေါ့။ ။ ။
ဘယ်ဆီကိုများ ရွေ့နေသလဲ
"မိုး ခြွေ လေ ညင်း" ရယ်................
...........................
................
..........။
29.10.12
MS
Sunday, October 28, 2012
လွမ်းခြင်း ရဲ့ ဆောင်းလယ်ပုံပြင်
ငါမှားတယ်ပဲထားပါတော့
ဘာစားစားနင်ကျွေးတာလောက်မမြိန်တော့ဘူး
တစ်ခါကနင်ပြောတဲ့ စကား
ငါ့နားမှာ ကြားနေတုန်းပဲ
ဝါးတားတားနဲ့ “သစ္စာ”ဆိုတဲ့စကား
2009 ဒီဇင်ဘာနှင်းနဲ့များရောသွားသလား
လိုအပ်မှု
ကျွန်တော့်စကားလုံးတိုင်းမှာ
ကျွန်တော့်ရင်ခုန်သံတွေပါတယ် ..... ။
သူမခြေလှမ်းတိုင်းမှာလည်း
ကျွန်တော့်စကားလုံးတွေပြားပြားဝပ်ခဲ့တယ် .... ။
လိုရင်းကတော့
ကျွန်တော့်ရင်ခုန်သံတွေ
သူမခြေအစုံမှာ
ပြာကျခဲ့ရတယ်ဆိုပါတော့ ... ။
ချစ်ခြင်းမုန်းခြင်း ဝေခွဲမရတဲ့အချိန်မှာ
နာကျင်ခြင်းကြောက်ရွံ့ခြင်းတို့သာ ကြီးစိုးနေတယ်
လိုရင်းကတော့
ကျွန်တော်သူမကိုချစ်သလို
သူမလည်းကျွန်တော့်ကိုချစ်ဖို့ပါပဲ .... ။
Thursday, October 25, 2012
သူမ စွန့်ပယ်လိုက်သော ကျွန်တော့်ရင်ဘက် ထဲက ဥတုရာသီ
သည်နှစ်ရဲ့ ဆောင်းရာသီ အကြိုရက်တွေဟာ ထင်ထားတာထက် ပိုမိုအေးမြနေခဲ့တယ်။ ဒါပေမယ့် မိုးကတော့ ရွာလို့ကောင်းတုန်းပင်။ ရာသီဥတု မညီညွတ်မှုတွေက တောက်လျှောက်ဖြစ်နေသည်။ အရင်က သင်္ကြန်မှ ပွင့်သော ပိတောက်တို့သည်လဲ သစ္စာမရှိတော့။ သီတင်း ကျွတ်လျှင် မရွာတော့သော မိုးမင်းလဲ ကတိမတည်တော့။ ဟိုသီချင်းထဲကလိုပင်............
အိပ်မက်တစ်ခုသာ ဖြစ်ပါစေလေ
ပြုံးပါ.........
သံသယာ အဆုံးထိ ပြုံးပါ
နင့်အနား ငါမရှိတော့တဲ့အခိုက်
သာယာပြည့်စုံမယ်ဆို ပြုံးပါ.....။
အသုံးချလိုက်ပါ .......
စိတ်ကြိုက်သာအသုံးချလိုက်ပါ ...
ငါ့ရင်ဘက်ကြီး စုတ်ပြတ်သွားပါစေ
နင်ပျော်မယ်ဆိုလုပ်ပါ .... ။
"လမ်းခွဲကြရအောင်"
အစိမ်းသက်သက်ကြီးပြောရက်တဲ့နင်
ငါ့အတွက် ငါတောင် မမြင်နိုင်ခဲ့
အချစ်တွေဖုံးလို့ ဘယ်တော့မှ မမုန်းခဲ့ဖူးဘူး.......။
အဆုံးသတ်မရှိတဲ့ချစ်ခြင်းအတွက်
ငါပေးဆပ်ခဲ့သမျှ
နင်ကျေနပ်တယ်ဆိုရင်
ငါဘ၀ကြီးစတေးရလည်းကျေနပ်ပါတယ်
ဖြစ်ခဲ့တာတွေအားလုံး
အစကပြန်စလို့ရရင်
ငါဟာနင့်အတွက် ပထမဆုံးလူပဲဖြစ်ချင်ပါတယ် ... ။
အိပ်မက်တစ်ခုသာဖြစ်မှာပါလေ ..... ။
လေတံခွန်
နင် ....
အရောင်ခုနှစ်ရောင်ရှိတဲ့အထဲက
တစ်ရောင်ကိုနှုတ်လိုက်ရင်
သက်တန့်လို့ခေါ်နိုင်ပါဦးမလား
နင် နဲ့ ငါ နဲ့ နှစ်ယောက်ရှိတဲ့ဘ၀ထဲက
နင်ထွက်သွားမယ်ဆိုရင်
ငါ့အတွက် ဘ၀ဆိုတာ ကျန်ခဲ့ဦးမှာလား ...
Wednesday, October 24, 2012
ငါ့ရဲ့ ငါ
အစကတည်းက စိတ်အလိုလိုက်နေခဲ့သူပဲ ...
အထူးအထွေ မရှိပါဘူး ...
တစ်ခါတစ်လေတော့လည်း တချို့ချို့ကြောင့် ဟန်ဆောင်ခဲ့ဖူးတာပေါ့ ...
ပြောချင်တာပြော မေးချင်တာမေးပါ ...
ဖြေနိုင်ပါတရ် ...
ဒါပေမရ့် ငါပဲသိတဲ့ ငါ့အကြောင်းကိုတော့ ငါ့ထက်ပိုမသိကြေး ... ။
အထူးအထွေ မရှိပါဘူး ...
တစ်ခါတစ်လေတော့လည်း တချို့ချို့ကြောင့် ဟန်ဆောင်ခဲ့ဖူးတာပေါ့ ...
ပြောချင်တာပြော မေးချင်တာမေးပါ ...
ဖြေနိုင်ပါတရ် ...
ဒါပေမရ့် ငါပဲသိတဲ့ ငါ့အကြောင်းကိုတော့ ငါ့ထက်ပိုမသိကြေး ... ။
Tuesday, October 23, 2012
အမေ့အတွက်ဖတ်စာ (သို့) အမှား
“အမှား” နှစ်လုံးတည်းပါသည်.........။ သို့သော် များပြားလွန်း လှသည် ကိုတော့ သတိပြုမိ ကြပေလိမ့်မည်........။
သုံးနားမညီတဲ့ တြိဂံ (အပိုင်း - ၁)
ကတ္တရာလမ်း မည်းမည်းနက်နက်ပေါ်ကို ရော်ရွက်ဝါ၀ါလေးတွေ ကြွေကျတဲ့အချိန်လောက် လွမ်းဆွေးစရာ ကောင်းတာမရှိဘူး...။ ကျွန်တော်ကျောင်းရှေ့ အုတ်ခုံလေးမှာ ထိုင်နေတုန်းမှာပေါ့....။
Monday, October 22, 2012
Sunday, October 21, 2012
လူ ....
လူတွေက ယုတ္တိရှိအောင်မလိမ်တက်ကြဘူး
မလိမ်တက်တဲ့လူလိမ်တွေကြားမှာ
အသက်ရှင်ရတာ
ငါ့အတွက် ရှက်စရာပဲ ....
လူတွေက အချစ်ကိုမလေးစားကြဘူး
အချစ်ကိုမလေးစားတဲ့လူတွေကြားမှာ
အသက်ရှင်ရတာ
ငါ့အတွက်ရှက်စရာပဲ ....
လူတွေက ....
လူတွေက ....
လူတွေက ....
သစ္စာမရှိကြဘူး ....
Friday, October 19, 2012
အဖြူရောင်ကြားက စွန်းထင်းခြင်းများ
“အလကားပါကွာ မိမဆုံးမ ဖမဆုံးမကောင်ပါ.... ဘာမှအသုံးကျမယ့်ကောင်လဲမဟုတ်ဘူး”
“အေးကွာ.....
ပစ္စည်းဥစ္စာဆိုလို့လဲ ဟုတ်တိပါတ်တိမရှိ.... အတန်းထဲမှာကျတော့လဲ အဆင့်ကအမြဲ
ဘိတ်ချီး ကိုယ့်အဆင့်နဲ့ကိုယ် တန်ရာတန်ရာမမှန်းဘူး”
Tuesday, October 16, 2012
မိုးပြိုပြန်ပေါ့ မသီတာ
ကမ္ဘာလုံးတစ်ခုစာပေါ့ မသီတာ...........
မနေ့ကဖြစ်ပြီး ဒီနေ့ကျပြတ်(ပျက်)တယ်
ခြေသည်း လက်သည်းက အစိမ်း
မနေ့ကဖြစ်ပြီး ဒီနေ့ကျပြတ်(ပျက်)တယ်
ခြေသည်း လက်သည်းက အစိမ်း
အထီးကျန်ခြင်း
ခြောက်သွေ့ သော ကွင်း ပြင်
ရိုး တံ ကျဲ လေ သော သစ် ပင်
ဂီ တ မဲ့ လွင် ပြင်...။
{လေတံခွန်}
ကျွန်တော်နဲ့အလွမ်း
သတိရလို့ဖုန်းဆက်တော့မယ်ဆို
စာရွက်နဲ့ဘောပင်ပဲရှိတယ်
လေတိုက်တိုင်း နာရီလက်တံတွေ ရွှေ့နေတာလား
နာရီလက်တံတွေရွှေ့တိုင်း သတိရနေတာလား
ဘာကြောင့်လဲတော့မသိဘူး
သစ်ရွက်တွေကတော့ကြွေမြဲ
ကျွန်တော်ကလည်း လွမ်းမြဲ
တိုက်ဆိုင်တာလား
မတိုက်ဆိုင်တာလားမသိဘူး
ကျွန်တော်လွမ်းတိုင်း သူမကျွန်တော့်ကိုမေ့နေတယ်
ခက်တာက သူမလွမ်းတိုင်း ကျွန်တော် သတိတရရှိနေတက်တာ
အကြောင်းအရာတော်တော်များများမှာ
တန်ပြန်သက်ရောက်မှုရှိတယ်ဆိုပေမယ့်
ကျွန်တော်နဲ့သူမအတွက်ကတော့
ထပ်တူကျနေတယ်
ကုန်းပေါ်ကိုရောက်ဖူးတဲ့
ငါးတစ်ကောင်လိုပဲ
နေရာသစ်ကိုရောက်ဖူးပေမယ့်
အသက်ရှုရခက်နေတယ်
Sunday, October 14, 2012
နှင်းဆီဖူးလေးကြွေမှာစိုး
ကျွန်တော်ကောင်မလေး တစ်ယောက်ကိုရင်နှင့်အမျှ ချစ်မိသွားခဲ့တယ်။ ဒါပေမယ့်သူက ကျွန်တော့်ရဲ့ အချစ်ဦးလား ဆိုတော့ မဟုတ်ပါ...........။ သို့သော်ကျွန်တော်သည် အိုင်တွေ့တိုင်းခြေ ဆေးတတ်သည့် အမျိုးအစားတော့မဟုတ်..။ မှန်သည်ကိုဝန်ခံရလျှင် သူမ မတိုင်မီက မိန်းကလေး ၃ယောက် ကိုကျွန်တော် ချစ်ခဲ့ဖူးသည်...။
“ဒီလိုနဲ့ပဲ ဒဏ္ဍာရီဆန် ခဲ့တယ်”
“ဒီလိုနဲ့ပဲ ဒဏ္ဍာရီဆန် ခဲ့တယ်”
ကလေးမရေ
ငါ့ရဲ့အတွေးနက်နက် နဲ့ အဓိပ္ပါယ်ခက်တဲ့
ကျောက်ဆစ်ကဗျာတွေ
မင်းကိုရှင်းပြရတာ
ငါ့အတွက် စွဲမက်ဖွယ်ရာ
အမြစ်တွယ်စရာ တစ်ခုလိုဖြစ်နေပေါ့.......။
ဓါးထက်ထက် စကားလက်နက်တွေ
မသုံးပါနဲ့.......................
မနက်ဖြန်ဆိုငါတို့ရဲ့ ဇာတ်လမ်းကို
အသစ်ကပြန်စဖို့ ငါတွေးမှာမို့
ဒဏ္ဍာရီဆန်ဆန်ပဲ လွမ်းလိုက်ဦးမယ်.....။
အလွမ်းတွေကခါးသက်တယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲ...........
ခံစားချက်တွေသာ အဆိပ်ခပ်ခံလိုက်ရတာလေ
ငါကိုယ်တိုင်ကိုက ဒါဏ်ရာပဲရချင်နေတော့
နှလုံးသားကို ဆောက်နဲ့ထွင်း
အနက်ရှိုင်းဆုံးမှာ မြုပ်နှံထားတယ်..........
အဲ့ဒါ ကလေးမ မင်းကိုသိပ်ချစ်တယ်...........။
{လေတံခွန်}
Saturday, October 13, 2012
ပုံပြင်ထဲက စိတ်ကူးအိပ်မက် ...
ခေတ်ဟောင်းပုံပြင်တွေထဲကလို
ဖန်ဆင်းရှင်ကြီးရောက်လာမယ်ဆိုရင်
ငါဟာ ..
ငါ အဖြစ်နဲ့ပဲ တည်ရှိနေနိုင်ဖို့ ဆုတောင်းပါတယ်
ဘယ်သူ့ အရောင်အဆင်းမှ မပါတဲ့
ငါအဖြစ်နဲ့ပေါ့
စေတန်ဝင်စားထားတဲ့
ငါ့ခန္ဒာကိုယ်ကို
Venus က ယုယုယယထွေးပွေ့ထားပေးတယ် ...
ပုံပြင်ထဲကနတ်ဆိုးတစ်ကောင်များ
အပြင်ထွက်လာလေသလား
တကယ်ပါ
ကြောက်ဖို့ကောင်းလွန်းလို့ပါ
ညက မက်တဲ့အိပ်မက်
နည်းနည်းရှည်တယ် ။ ။
ကျေးဇူးပြုပြီးဖတ်ထားပေးပါ
မိန်းကလေး ... ။
**တာရာမင်းဝေ
အဲ့သည့်နေ့က ကမ္ဘာပြိုတာ ဘယ်သူမှမသိလိုက်ဘူး
ရှေ့ဆက်ရန်မရှိဘူး
ဒီပွဲမှာ ငါရှုံးသွားပြီ
မသိမသာနဲ့ပဲထွက်ခွာ
ငါ့ကိုယ့်ငါပဲ နိဂုံးချုပ်ပါရစေ..........။
ဒီပွဲမှာ ငါရှုံးသွားပြီ
မသိမသာနဲ့ပဲထွက်ခွာ
ငါ့ကိုယ့်ငါပဲ နိဂုံးချုပ်ပါရစေ..........။
အတိတ်တစ္ဆေ
အိပ်မရပြန်ဘူး ...
အိပ်မက်ဆိုးပဲ ထပ်ခါထပ်ခါ ...
ဘယ်လိုရှေ့ဆက်ရမှာလဲ ...
မမျှော်လင့်ရဲတော့ဘူး ...
အမှားတွေပဲထပ်ခါထပ်ခါနဲ့ ...
ဘယ်လိုရှေ့ဆက်ရမှာလဲ ...
မလျှောက်ရဲတော့ဘူး ...
အမှောင်ထုတွေပဲထပ်ခါထပ်ခါ ...
ဘယ်လိုရှေ့ဆက်ရမှာလဲ ...
မတွေးရဲတော့ဘူး ...
စိတ်ကူးနဲ့တင်ရူးရတဲ့ဇာတ် ...
ဘယ်လိုရှေ့ဆက်ရမှာလဲ ...
ငါမငိုမိအောင်ကြိုးစားခဲ့တယ် ...
မျက်ရည်တော့ကျနေဆဲ ...
ဘယ်လိုရှေ့ဆက်ရမှာလဲ ...
ချစ်ခွင့်ရအောင်ကြိုးစားနေမိတာပဲ ...
အမုန်းမလာဖို့ပဲဆုတောင်းရတော့မယ် ...
ဘယ်လိုရှေ့ဆက်ရမှာလဲ ...
ပိုင်ရှင်
ငါနှစ်သက်တယ်
ယဉ်စစ ဆံနွယ်
လေးညှို့မျက်ခုံး
သမင်မျက်လုံး
ယဉ်စစ ဆံနွယ်
လေးညှို့မျက်ခုံး
သမင်မျက်လုံး
Friday, October 12, 2012
မထင်မှတ်တဲ့ ထင်မှတ်စရာတွေ
မထင်မှတ်တဲ့ လူတစ်ယောက်က
မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ နေရာတစ်ခုမှာ
မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို ဖြစ်စေခဲ့တဲ့အခါ
မထင်မှတ်ထားတာတွေ ဖြစ်လာဖို့ပဲ ရှိတော့တရ် ...
မှတ်မှတ်ထင်ထင် ပြင်ဆင်ထားနိုင်ပါစေ ... ။
မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ နေရာတစ်ခုမှာ
မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို ဖြစ်စေခဲ့တဲ့အခါ
မထင်မှတ်ထားတာတွေ ဖြစ်လာဖို့ပဲ ရှိတော့တရ် ...
မှတ်မှတ်ထင်ထင် ပြင်ဆင်ထားနိုင်ပါစေ ... ။
~Thwe Xat~
(10/10/12)
Thursday, October 11, 2012
အချစ် ဟုခေါ်သည်
အချစ် ဟုခေါ်သည်
အချစ် တဲ့ စာလုံးလေး နှစ်လုံးထဲရရ်
နားလည်ဖို့ ခက်လိုက်လေခြင်း ...
အဓိပ္ဂါရ် ရှုပ်ထွေးပွေလီလိုက်လေခြင်း ...
နားလည်ဖို့ ကြိုးစားလေ နားလည်ရခက်လေ
အော် ဘရ်သူကများ လက်ဆော့ပြီး အ နဲ့ ခခွေးကို ယပင့်ဆွဲစလုံးသပ်လိုက်လေသလည်း မသိ ... ။
အော် ဘရ်သူကများ လက်ဆော့ပြီး အ နဲ့ ခခွေးကို ယပင့်ဆွဲစလုံးသပ်လိုက်လေသလည်း မသိ ... ။
~Thwe Xat~
(10/10/12 - 19:25)
မဟုတ်သေးပါဘူး
လမ်းတွေ့တိုင်းလျှောက်သွားဖြစ်တာလား
မဟုတ်သေးပါဘူး .....
လူလျှောက်တိုင်းရောလမ်းဖြစ်တာလား
မဟုတ်သေးပါဘူး .....
နေထွက်တိုင်းမနက်ခင်းက သာယာပြီတဲ့လား
မဟုတ်သေးပါဘူး ....
မနက်ခင်းတိုင်းနေထွက်ရမယ်တဲ့လား
မဟုတ်သေးပါဘူး .....
လူတိုင်းအမှားနဲ့မကင်းကြဘူးတဲ့လား
မဟုတ်သေးပါဘူး ....
အမှားနဲ့ကင်းမှ လူဖြစ်ရမယ်လို့ ဆိုချင်တာလား
မဟုတ်သေးပါဘူး .....
အချိန်တွေကုန်လွန်ကာမှ
အပြေးအလွှားသွားဝယ်ချင်ကြတာလား
မဟုတ်သေးပါဘူး ....
နောက်ဆုံးစာကြောင်းရောက်မှ
အပေါ်က စာတွေကိုပြန်ဖျက်မယ်ဆိုရင်လည်း
မဟုတ်သေးပါဘူး .....
မှားခဲ့ပြီးမှ တနုံ့နုံ့နဲ့ နောင်တရနေမယ်ဆိုရင်
အသင့်ရှိနေတဲ့ မနက်ဖြန်တွေကို ဘယ်လိုရင်ဆိုင်မှာလဲ
မှားခဲ့တာတွေကိုထုခွဲ လမ်းခင်းပြီး
အနာဂါတ်အတွက် ဖြောင့်ဖြူးတဲ့လမ်းကို မခင်းနိုင်တော့ဘူးတဲ့လား
မဟုတ်သေးပါဘူး .....
ဆယ်လပိုင်း ဆယ်ရက်နေ့
ကြယ်တွေ မစုံတဲ့ညမှာ
ကောင်းကင်က လ ဟာ လည်း
တိမ်ကွယ်ရာမှာ ငိုက်မြည်းနေခဲ့တယ်။
ဒီလောကကြီးမှာ သက်ရှိလူသားဆိုလို့
ကျွန်တော်တို့ နှစ်ယောက်သာ.....။
လောကကြီးကလည်း အမှောင်ဖုံးလို့
ကျွန်တော့်စိတ်ကလည်းအမှောင်ထုထဲ
ခြေတလှမ်း တိုးဝင်နေခဲ့တယ်။
ပျော်ရွှင်ကြည်နှုးမှုရဲ့ နောက်ကွယ်မှာ
အောက်ဆီဂျင်ပျောက်ရှခဲ့ရတယ်။
နာကျည်းမှု၊ ၀မ်းနည်းမှု၊ ဒေါသထွက်မှုတို့အဆုံးသတ်မှာ
ကျွန်တော်ဒူးထောက်ခဲ့ရတယ်။
အပြုံးမပျက်ခဲ့မှု အတွက်ကျေးဇူးတင်ပါတယ်။
လေပြေညှင်းရဲ့ခေါ်ဆောင်ရာကို အသက်ပြင်းပြင်းရှုပြီး
မျက်စိစုံမှိတ်လျှောက်ခဲ့တယ်။
အံ့သြမှု၊ မမျှော်လင့်မှု တို့ရဲ့ရှေ့တော်မှောက်မှာ
သူမဒူးထောက်ခဲ့တယ်။
အပြုံးမပျက်ခဲ့မှု အတွက်ကျေးဇူးတင်ပါတယ်။
ဖြစ်သင့်တာမဖြစ်ခဲ့ခြင်းအတွက်
မဖြစ်သင့်တာကို အစားထိုးခဲ့မိတဲ့
လူတစ်ယောက်အတွက်
နောင်တဆိုတာ အကောင်းဆုံး အပြစ်ဒဏ် ဖြစ်ခဲ့လေသလား။
အချိန်တွေနှောင်းခဲ့ပြီ၊ မျက်နှာလေးညှိုးခဲ့ပြီ။
ပြန်လည်ပေးဆပ်မှုအတွက် အကောင်းဆုံး ပြင်ဆင်ရုံသာ။
ပြောခဲ့ပြီးတဲ့ စကားတွေ အတွက် တောင်းပန်ခြင်း
အပြုအမူအပြင်အခြား မရှိပြီ။ လုပ်ခဲ့မိတဲ့အပြုအမူတွေ အတွက်
ခေါင်းငုံ့ဒူးထောက်နေရုံမှ တပါး ငါမတက်နိုင်ခဲ့ပြီ။
အပြုံးမပျက်မှု အတွက် ကျေးဇူးတင်ပါတယ်။
ရှေ့ဆက်လျှောက်မယ့်လမ်းတွေမှာဖြူစင်ပါစေ....။
ဆုတောင်းနေရုံမှတပါး ငါ့အတွက် လုပ်ဆောင် စရာမဲ့ခဲ့ပြီ။
ရိုးသားမှုအတွက် အသိအမှတ် ပြုပါတယ်။
မိုက်မဲမှုအတွက် တိုးလျှိုးတောင်းပန် ပါတယ်။
လမိုက်ညအတွက် တော့ ပိုလို့ရုပ်ဆိုးသွားစေခဲ့
သူ အတွက် ကြိုက်သလို စီရင် ပိုင်ခွင့် အပြည့်ရှိပါတယ်။
ထိုအတွက် ခံယူဖို့အသင့်ပါ။
အပြုံးမပျက်ခံနိုင်ရည်ရှိအောင်ကြိုးစားရပါဦးမယ်
အမှား
ကျွန်တော်မရည်ရွယ်ခဲ့တဲ့ အမှားအတွက်
နောင်တရလို့ဆုံးမှာမဟုတ်ဘူး .... ။
သင်တို့ရော
အမှားဘယ်နှစ်ကြိမ် မျိုချ ခဲ့ပြီလဲ ..... ။
မှောင်မိုက်လွန်းတဲ့ စိတ်အာရုံထဲမှာ
အလင်းတစ်ခုရှာဖွေဖို့ဆိုတာ
လေထုထဲမှာ
အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
ခွဲခြားပြီးရှုနေသလိုမျိုးဖြစ်မနေဘူးလား ..... ။
အသိဥဏ်မဲ့လွန်းတဲ့လူတစ်ယောက်အတွက်
အမှားဆိုတာ အမှန်ဖြစ်နေခဲ့တာ
မဆန်းလှဘူး .... ။
လောကကြီး ကျွန်တော့်ကို
အသက်ရှုနည်းအဟောင်းတွေ သင်ပေးခဲ့တယ်
ကျွန်တော်ကိုယ်တိုင်ကလည်း
နည်းလမ်းဟောင်းအတိုင်း အသက်ရှင်နေခဲ့တာကိုး
ဆန်းတော့မဆန်းလှဘူး .... ။
ဖြစ်နေကျအရာတွေဆိုပေမယ့်
ကျွန်တော့်အတွက်ကတော့
ရူးသွပ်ခြင်းအဆမတန် တိုးပွားခဲ့ပါတယ် ..... ။
ကျွန်တော့်ရူးသွပ် မှောင်မိုက်မှုအတွက်
အပြည့်အ၀တာဝန်ယူပါရစေ .... ။
Wednesday, October 10, 2012
ခင်များတို့နဲ့ ကျုပ်
အမြဲပျော်ပျော်နေတတ်တဲ့ လူတစ်ယောက် ...
သူတစ်ပါးကို ပျော်ရွှင်ရရ်မောစေတတ်တဲ့ လူတစ်ယောက် ...
စိတ်ညစ်စရာတွေကို ဟာသနှောပစ်တဲ့ လူတစ်ယောက် ..
ပေါတောတောလို့အမည်သမုတ်ခံရတဲ့ လူတစ်ယောက် ...
မျက်နှာပြောင်တရ်ဆိုပြီး မှတ်မိနေစေတတ်တဲ့ လူတစ်ယောက် ...
အမြဲလိုလို ဘဝကြီးကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူတစ်ယောက်မို့ ခံစားတတ်တဲ့ ရင်ဘတ်ကြီးမရှိဘူးဆိုပြီး လျစ်လျူရှုအလှောင်ခံရတာ ဆန်းတော့လည်း မထူးဆန်းပါဘူး။
ဒီမှာ ဒီမှာ ကျုပ်လည်းအသည်းနှလုံးနဲ့လူပါဗျ
ခံစားတတ်တရ်။ ပျော်ရွှင်ရရ်မောတတ်တရ်။ ဝမ်းနည်းကြေကွဲတတ်တရ်။ လွမ်းဆွတ်ကြေကွဲတတ်တရ်။
လူတွေအမြင်မှာ ဂျိုကာတစ်ယောက်မို့ ခံစားချက်တွေအမြဲလိုလို အလှောင်ခံနေရတာတော့ လောကကြီး ခင်ဗျား ဒါတော့ မတရားဘူးဗျာ ...
အလှောင်ခံရပါများတော့လည်း ခံစားရသမျှ အသက်မပါအောင် ထိန်းတတ်ခဲ့ပြီ
ဒါပေမရ့် လူပျော်ဂျိုကာမှာလည်း ခံစားတတ်တဲ့ ရင်ဘတ်ကြီးရှိတရ်ဆိုတာတော့ ခင်ဗျားတို့သိအောင် ကျုပ် ခံစားဖူးတဲ့ ခံစားချက်တွေအားလုံးနဲ့ လောင်းကြေးထပ်ပြီး သက်သေပြတရ်ဗျာ
......... ။ ..... ။ ..... ။ ..... ။ .... ။ .... ။ .... ။ .... ။ .........
ကျုပ်ရဲ့ အပြုံးမျက်နှာဖုံးတပ်ထားတဲ့ မျက်နှာကို ကြည့်ပြီး ခင်များတို့ လှောင်ပြောင်ရရ်မောဟားတိုက်ပျော
်ရွှင်နိုင်ကြပါစေလို့ ကျုပ် အစတေးခံပြီး ဆုတောင်းထားပါတရ်ဗျာ ...
သူတစ်ပါးကို ပျော်ရွှင်ရရ်မောစေတတ်တဲ့ လူတစ်ယောက် ...
စိတ်ညစ်စရာတွေကို ဟာသနှောပစ်တဲ့ လူတစ်ယောက် ..
ပေါတောတောလို့အမည်သမုတ်ခံရတဲ့ လူတစ်ယောက် ...
မျက်နှာပြောင်တရ်ဆိုပြီး မှတ်မိနေစေတတ်တဲ့ လူတစ်ယောက် ...
အမြဲလိုလို ဘဝကြီးကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူတစ်ယောက်မို့ ခံစားတတ်တဲ့ ရင်ဘတ်ကြီးမရှိဘူးဆိုပြီး လျစ်လျူရှုအလှောင်ခံရတာ ဆန်းတော့လည်း မထူးဆန်းပါဘူး။
ဒီမှာ ဒီမှာ ကျုပ်လည်းအသည်းနှလုံးနဲ့လူပါဗျ
ခံစားတတ်တရ်။ ပျော်ရွှင်ရရ်မောတတ်တရ်။ ဝမ်းနည်းကြေကွဲတတ်တရ်။ လွမ်းဆွတ်ကြေကွဲတတ်တရ်။
လူတွေအမြင်မှာ ဂျိုကာတစ်ယောက်မို့ ခံစားချက်တွေအမြဲလိုလို အလှောင်ခံနေရတာတော့ လောကကြီး ခင်ဗျား ဒါတော့ မတရားဘူးဗျာ ...
အလှောင်ခံရပါများတော့လည်း ခံစားရသမျှ အသက်မပါအောင် ထိန်းတတ်ခဲ့ပြီ
ဒါပေမရ့် လူပျော်ဂျိုကာမှာလည်း ခံစားတတ်တဲ့ ရင်ဘတ်ကြီးရှိတရ်ဆိုတာတော့ ခင်ဗျားတို့သိအောင် ကျုပ် ခံစားဖူးတဲ့ ခံစားချက်တွေအားလုံးနဲ့ လောင်းကြေးထပ်ပြီး သက်သေပြတရ်ဗျာ
......... ။ ..... ။ ..... ။ ..... ။ .... ။ .... ။ .... ။ .... ။ .........
ကျုပ်ရဲ့ အပြုံးမျက်နှာဖုံးတပ်ထားတဲ့ မျက်နှာကို ကြည့်ပြီး ခင်များတို့ လှောင်ပြောင်ရရ်မောဟားတိုက်ပျော
~Thwe Xat~
(10/10/12 - 12:24)
မနက်ဖြန်
အဲ့ဒီ မနက်ဖြန် ကို ရင်ခုန်စွာ မျှော်လင့်ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို ရင်တုန်စွာ စောင့်စားဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို အပျော်တွေနဲ့ ဖြတ်သန်းခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို အလျှော်ဇယားတွေနဲ့ နေခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို လွမ်းစရာတွေနဲ့ ချန်ထားခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို နာကြဉ်းမှုတွေနဲ့ ပစ်ပရ်ထားခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကြောင့် ခံစားချက်မျိုးစုံ ခံစားခဲ့ရဖူးတရ် ...
ခုတော့ ငါ အဲ့ဒီ မနက်ဖြန် ကြောင့် ရူးနေရပြီ ... ။
မနက်ဖြန်ရဲ့ မနက်ဖြန်တိုင်း အတွက် ...
~Thwe Xat~
(14/08/2011 - 14:18)
ကျွန်တော့်ရဲ့ မနက်ဖြန်များဟာ သူမဖြစ်လာသောအခါ
အလွမ်းပြေလောက်ဖြစ်ဖြစ်
နင့်ဓါတ်ပုံလေးကြည့်ရင်းနဲ့ငါ
အတိတ်တွေပေါ်
နင့်ဓါတ်ပုံလေးကြည့်ရင်းနဲ့ငါ
အတိတ်တွေပေါ်
Tuesday, October 9, 2012
ကျွန်တော်နဲ့ထိုသုံးယောက်
ပြောရရင်တော့
ဇာတ်လမ်းကတစ်ပုဒ်ထဲ
ဒါပေမယ့်
အကြောင်းအရာသုံးမျိုး
လမ်းစလျှောက်တက်ခါစမှာ
ခဏခဏ ချော်လဲ ဖူးကြမှာပါ
ဒီလိုပါပဲ
အချစ်ကိုစတွေ့ချိန်မှာ
စိတ်ကစားခဲ့ကြဖူးမှာပါပဲ
စိတ်ကစားတယ်ဆိုတာနဲ့အတူ
ပျင်းလာရင် ရှောင်ဖယ်လာကြမှာ
လူ့သဘာဝလိုဖြစ်နေတာကိုး .....
ဒါကတော့ လမ်းလျှောက်တက်ခါစ
လူ့ဘ၀ရဲ့ ပထမဆုံးခြေလှမ်း
လမ်းကောင်းကောင်းလျှောက်တက်လာတော့
ပြေးချင်စိတ်လေးတွေ တော့ဖြစ်မိသား ....
ကျွန်တော်ပြေးကြည့်တယ်ပေါ့
အရှိန်မထိန်းနိုင်ရင်လဲကျဦးမှာပဲ
မောပန်းလာရင် နားမိမှာပဲ
အရိပ်ကောင်းကောင်းတော့ရှိဖို့လိုအပ်တာပေါ့
ဒုတိယခြေလှမ်း
ခြေလှမ်းဆိုပေမယ့်
တော်တော်ဝေးဝေးထိပြေးခဲ့ဖူးပါတယ်
အခြေအနေတစ်ခုထိ ချစ်တက်ခဲ့တယ်ဆိုပါတော့ ...
ကျွန်တော်မောပန်းလာခဲ့တယ်
ဘ၀ဆိုတဲ့ ပြေးလမ်းကြောင်းကြီးထဲမှာ
ဒီလိုနဲ့ပဲ ကျွန်တော် နားလိုက်ခဲ့ပြန်တယ်
တတိယခြေလှမ်း
ကျွန်တော်အရိပ်တစ်ခုတွေ့တယ်
လူတစ်ယောက်စာအရိပ်တစ်ခုပါပဲ
ဒါပေမယ့် အေးချမ်းတယ်
ပူလောင်ခြင်းကင်းတယ်
ပထမဆုံးလှမ်းခဲ့တဲ့ခြေလှမ်းမှာ
ဘယ်အခြေအနေမှာ လမ်းလျှောက်သင့်တယ်ဆိုတာ သင်ခဲ့ရတယ်
ဒုတိယခြေလှမ်းမှာတော့
ဘယ်လိုအခြေအနေမှာ မပြေးသင့်ဘူးဆိုတာ ကျွန်တော်သိခဲ့ရတယ်
ဒီလိုနဲ့ တတိယခြေလှမ်းကို ပေါ့ပါးစွာလှမ်းလျှောက်နိုင်ခဲ့တယ်
ကျွန်တော့်အတွက်ကတော့ ပထမခြေလှမ်းနဲ့ဒုတိယခြေလှမ်းကတော့
သင်ခန်းစာတွေပေါ့ .....
တတိယခြေလှမ်းပြီးကျွန်တော်
ခြေစုံရပ်နေခဲ့မိတယ်
နောက်ထပ်
စတုတ္ထခြေလှမ်းဆိုတာ ကို မလိုချင်ခဲ့တော့ဘူး
လိုအပ်တော့မယ်လည်းမထင်တော့ပါဘူး
တတိယခြေလှမ်း
ကျွန်တော်ရပ်နေခဲ့တဲ့နေရာမှာ
ခြေထောက်နှစ်စုံ ထပ်တူကျနေခဲ့ပါပြီ ..
ဇာတ်လမ်းကတစ်ပုဒ်ထဲ
ဒါပေမယ့်
အကြောင်းအရာသုံးမျိုး
လမ်းစလျှောက်တက်ခါစမှာ
ခဏခဏ ချော်လဲ ဖူးကြမှာပါ
ဒီလိုပါပဲ
အချစ်ကိုစတွေ့ချိန်မှာ
စိတ်ကစားခဲ့ကြဖူးမှာပါပဲ
စိတ်ကစားတယ်ဆိုတာနဲ့အတူ
ပျင်းလာရင် ရှောင်ဖယ်လာကြမှာ
လူ့သဘာဝလိုဖြစ်နေတာကိုး .....
ဒါကတော့ လမ်းလျှောက်တက်ခါစ
လူ့ဘ၀ရဲ့ ပထမဆုံးခြေလှမ်း
လမ်းကောင်းကောင်းလျှောက်တက်လာတော့
ပြေးချင်စိတ်လေးတွေ တော့ဖြစ်မိသား ....
ကျွန်တော်ပြေးကြည့်တယ်ပေါ့
အရှိန်မထိန်းနိုင်ရင်လဲကျဦးမှာပဲ
မောပန်းလာရင် နားမိမှာပဲ
အရိပ်ကောင်းကောင်းတော့ရှိဖို့လိုအပ်တာပေါ့
ဒုတိယခြေလှမ်း
ခြေလှမ်းဆိုပေမယ့်
တော်တော်ဝေးဝေးထိပြေးခဲ့ဖူးပါတယ်
အခြေအနေတစ်ခုထိ ချစ်တက်ခဲ့တယ်ဆိုပါတော့ ...
ကျွန်တော်မောပန်းလာခဲ့တယ်
ဘ၀ဆိုတဲ့ ပြေးလမ်းကြောင်းကြီးထဲမှာ
ဒီလိုနဲ့ပဲ ကျွန်တော် နားလိုက်ခဲ့ပြန်တယ်
တတိယခြေလှမ်း
ကျွန်တော်အရိပ်တစ်ခုတွေ့တယ်
လူတစ်ယောက်စာအရိပ်တစ်ခုပါပဲ
ဒါပေမယ့် အေးချမ်းတယ်
ပူလောင်ခြင်းကင်းတယ်
ပထမဆုံးလှမ်းခဲ့တဲ့ခြေလှမ်းမှာ
ဘယ်အခြေအနေမှာ လမ်းလျှောက်သင့်တယ်ဆိုတာ သင်ခဲ့ရတယ်
ဒုတိယခြေလှမ်းမှာတော့
ဘယ်လိုအခြေအနေမှာ မပြေးသင့်ဘူးဆိုတာ ကျွန်တော်သိခဲ့ရတယ်
ဒီလိုနဲ့ တတိယခြေလှမ်းကို ပေါ့ပါးစွာလှမ်းလျှောက်နိုင်ခဲ့တယ်
ကျွန်တော့်အတွက်ကတော့ ပထမခြေလှမ်းနဲ့ဒုတိယခြေလှမ်းကတော့
သင်ခန်းစာတွေပေါ့ .....
တတိယခြေလှမ်းပြီးကျွန်တော်
ခြေစုံရပ်နေခဲ့မိတယ်
နောက်ထပ်
စတုတ္ထခြေလှမ်းဆိုတာ ကို မလိုချင်ခဲ့တော့ဘူး
လိုအပ်တော့မယ်လည်းမထင်တော့ပါဘူး
တတိယခြေလှမ်း
ကျွန်တော်ရပ်နေခဲ့တဲ့နေရာမှာ
ခြေထောက်နှစ်စုံ ထပ်တူကျနေခဲ့ပါပြီ ..
သူမသည်
..
......
သူ မ သည်
အ ပြုံး ချို ချို လေး နှင့်
သောက် ရ ခက် သည့် ချက် အ ရက် ဖြစ် သည်.....။
Monday, October 8, 2012
စိတ် = အချစ် = စိတ်
ဒီလိုပါပဲ
တစ်ခါက
ကျွန်တော်လည်း
စိတ်ရူး
စိတ်မိုက်
တွေနောက်ကို
ကောက်ကောက်ပါအောင်လိုက်ရင်း
ရူးသွပ်မှန်းမသိရူးသွပ်မိခဲ့တယ် ......
တစ်ခါတစ်လေကျတော့လည်း
အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့
သွေးပျက်မတက် ခံစားခဲ့ကြရပြန်တယ်
တစ်ခါတစ်လေကျပြန်တော့
အချစ်ကြောင့်ပဲ
ကျွန်တော်တို့
ပျော်ရွှင် ကြည်နှုး မှုတွေနဲ့အတူ
လောကကြီးအလယ်မှာ
ခါးထောက်ခေါင်းမော့ခဲ့ကြရပြန်ပါတယ်
Sunday, October 7, 2012
မိုး
မဟူရာရောင်တောက်တောက်လမ်းမပေါ်မှာ
ဖိနပ်ပါးပါးလေးစီးထားတဲ့
နှုတ်ခမ်းပါးပါးနဲ့ကောင်မလေးတစ်ယောက်
လမ်းလျှောက်လာတယ်
သူမတစ်ယောက်တည်းပါပဲ .......
နေပူပူကောင်းကင်ကြီးအောက်မှာ
တီရှပ်အဖြူဝတ်ထားတဲ့
သာမာန်လူငယ်လေးတစ်ယောက်
လမ်းလျှောက်လာတယ်
သူလည်းတစ်ယောက်တည်းပါပဲ .......
တခဏအတွင်းမှာပဲ
အရိပ်နှစ်ခုဆုံလိုက်တဲ့ခဏမှာ
အရောင်တစ်ခုလက်သွားတယ်
နောင်တစ်ချိန်မှာ
ကျွန်တော်တို့ အရမ်းချစ်တဲ့ချစ်သူတွေ
ဖြစ်မယ်ဆိုတာ
သူမရောကျွန်တော်ပါ ကြိုမသိခဲ့ဘူး
ဒီလိုနဲ့ ...
တတိယစာပိုဒ်လေး အသက်ဝင်လာခဲ့တယ်
ကျွန်တော်သူမကို အရမ်းချစ်မိသွားခဲ့တယ်
မိုး
ဟုတ်ပါတယ်
သူမနာမည် "မိုး"
ကျွန်တော် တစ်ခါမှ မခေါ်ဖြစ်ခဲ့တဲ့နာမည် .... "မိုး"
ကျွန်တော်ကတော့
သွေး ဆိုတဲ့ ကျွန်တော်ပေါ့
သူမဘယ်တော့မှ ခေါ်ဖြစ်မှာမဟုတ်တဲ့ ကျွန်တော့်နာမည် "သွေး"
သူမ
တကယ်တမ်းတော့
သူမ မမှားခဲ့ပါဘူး
ကျွန်တော်ကသာအမှားတွေ လက်ဆောင်ပေးခဲ့တာပါ
တကယ်တမ်းတော့
သူမ အမှန်တွေ မလုပ်ခဲ့တာမဟုတ်ပါဘူး
သူမရဲ့အမှန်တရားတွေ ကျွန်တော်ယူဆောင်သွားခဲ့တာပါ
တကယ်တမ်းတော့
သူမ မဖြူစင်ခဲ့တာမဟုတ်ပါဘူး
သူမ ရဲ့ ဖြူစင်မှုတွေ ကို ကျွန်တော်အရောင်ဆိုးပေးခဲ့တာပါ
တကယ်တမ်းတော့
သူမ မရိုးသားခဲ့တာမဟုတ်ပါဘူး
သူမရဲ့ ရိုးသားမှုတွေကို ကျွန်တော်ဖျက်ဆီးခဲ့တာပါ
တကယ်တမ်းတော့
သူမ ..........
Saturday, October 6, 2012
Thursday, October 4, 2012
လွမ်းခြင်း ဒဿန

လွမ်းခြင်း ဒဿန
မလျှောက်ဖူးတဲ့
ဒီတစ်ခေါက်လမ်းက
စိုထိုင်းစ ငါးဆတစ်ဆနဲ့
မျက်ရည်တွေ ငွေ့ရည်ဖွဲ့နေသည်လားမသိ.....။
Wednesday, October 3, 2012
ရာနှုန်းပြည့်
ပြောခွင့်မရှိတဲ့အခါ
ပြောခွင့်မပေးတဲ့အခါ
ပြောလိုရာကိုမြိုသိပ်ထားတဲ့အခါ
ကျွန်တော်အရမ်းမွန်းကျပ်လာခဲ့တယ် .... ။
ချစ်ခွင့်မရှိတဲ့အခါ
ချစ်ခွင့်မပေးတဲ့အခါ
ချစ်စိတ်ကိုမြိုသိပ်ထားတဲ့အခါ
ကျွန်တော်အရမ်းမွန်းကျပ်လာခဲ့တယ် .... ။
ပိုင်ဆိုင်ခွင့်မရှိတဲ့အခါ
ပိုင်ဆိုင်ခွင့်မပေးတဲ့အခါ
ပိုင်ဆိုင်ခွင့် လက်လွတ်လိုက်ရတဲ့အခါ
ကျွန်တော်အရမ်းမွန်းကျပ်လာခဲ့တယ် .... ။
ကျွန်တော်ဟာ ကျွန်တော်အဖြစ်နဲ့သာ
သူမဟာ သူမ အဖြစ်နဲ့သာ
တည်ရှိနေသောအခါ
ကျွန်တော်အရမ်းမွန်းကျပ်လာခဲ့တယ် .... ။
ဖြစ်နိုင်ရင်
ကျွန်တော်က သူမ
သူမက ကျွန်တော်
ဖြစ်ချင်ခဲ့တာပါ
ချစ်သူရဲ့  စိတ်ကို ရာနှုန်းပြည့်လိုချင်ခဲ့မိတာ
ကျွန်တော်မှားသွားလား .... ။
Tuesday, October 2, 2012
မိုးသက်တင်လေ
ကောင်မလေးရေ............
ရေတံခွန်ဆိုတာ မက်စောက်တယ်
ရေစီးသံဟာ တ၀ုန်းဝုန်းနဲ့ကွယ်
ကိုယ့်ကိုယ်ကိုလဲ တိုက်စားတယ်
သူတပါးကိုလဲ ထိပါးစေတယ်...
ရေတံခွန်ဆိုတာ မက်စောက်တယ်
ရေစီးသံဟာ တ၀ုန်းဝုန်းနဲ့ကွယ်
ကိုယ့်ကိုယ်ကိုလဲ တိုက်စားတယ်
သူတပါးကိုလဲ ထိပါးစေတယ်...
Subscribe to:
Posts (Atom)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!