.... ယနေ့သည်......

Wednesday, October 31, 2012

ဒီဇာတ်လမ်း

မေ့ပျောက်ဖို့လွယ်ရအောင်လည်း
ဒီဦးဏှောက်အဲ့လောက်မဆုတ်ပြတ်သေးဘူးလေ .....

လွယ်လွယ်ကူကူနဲ့ချစ်ရအောင်လည်း
ဒီနှလုံးသားအဲ့လောက်ဈေးမပေါလွန်းပြန်ဘူး ....

အရာအားလုံးအတွက်မျက်စိမှိတ်ပေးထားတယ်ဆိုပေမယ့်
မသိစိတ်ကိုတော့ ထိန်းချုပ်လို့မရပြန်ဘူး .....

မတွေ့မမြင်ချင်ပေမယ့်လည်း
ဆုံတွေ့မှုကို ရပ်တန့်လို့မရလေတော့ .....

ဒီဇာတ်လမ်း
ဒီဇာတ်ကောင်နဲ့
ဘယ်အခန်းထိ နှစ်ပါးသွားရလေဦးမလဲ .....

ကိုယ့်လမ်းကိုလျှောက်
ကိုယ့်နှလုံးသားကိုယ်ပိုင်တယ်ဆိုပေမယ့်
မင်းအတွက်အပိုင်ပေးထားတဲ့
ငါ့နှလုံးသားကို
ချည်တိုင်မှာ သပ်ရိုက်ပြီးတော့
ဘယ်အထိများနှိပ်စက်ချင်သေးတာလဲ .....

ပြောပါဦး
ပွင့်ပွင့်လင်းလင်း
မရှင်းမရှင်းဖြေရှင်းချက်တွေထက်
ပွင့်ပွင့်လင်းလင်းအမုန်းကိုသာ ရယူလိုတော့တယ် .....

လမ်းတွေ့ရင်တောင်မနှုတ်ဆက်ဖြစ်တော့မယ့်
အခြေနေကို နောက်မှာထားပြီး
အသက်မပါတဲ့ အပြုံးတုကို တပ်ဆင်ထားရတဲ့
တို့နှစ်ယောက်ဇာတ်လမ်း
ဘယ်အချိန် ဗီလိန်ဝင်လာပြီး
ဇာတ်ကြမ်းမလဲစောင့်နေခဲ့တာကြာခဲ့လေပြီ ....

ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲဖြုတ်ပေးလိုက်မယ်
အသင်ဗီလိန် ....
သင်လိုရာခေါ်ဆောင်သွားပါလေ
ကျွန်ုပ်ဆီမှာ ထင်ကျန်နေတဲ့
အတိတ်တွေပါ သင်တက်နိုင်ရင် ယူဆောင်သွားပါလေ ......
အမုန်းနောက်ကွယ်က အချစ်ဆိုတာရှိခဲ့မယ်ဆိုရင်
အမုန်းရှေ့မှာပဲတစ်သက်လုံး ပြုံးပြုံးကြီး
ရင်ကော့နေပါတော့မယ်ဗျာ ......


No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!