.... ယနေ့သည်......

Saturday, October 13, 2012

ပုံပြင်ထဲက စိတ်ကူးအိပ်မက် ...


ခေတ်ဟောင်းပုံပြင်တွေထဲကလို
ဖန်ဆင်းရှင်ကြီးရောက်လာမယ်ဆိုရင်
ငါဟာ ..
ငါ အဖြစ်နဲ့ပဲ တည်ရှိနေနိုင်ဖို့ ဆုတောင်းပါတယ်
ဘယ်သူ့ အရောင်အဆင်းမှ မပါတဲ့
ငါအဖြစ်နဲ့ပေါ့

စေတန်ဝင်စားထားတဲ့
ငါ့ခန္ဒာကိုယ်ကို
Venus က ယုယုယယထွေးပွေ့ထားပေးတယ် ...

ပုံပြင်ထဲကနတ်ဆိုးတစ်ကောင်များ
အပြင်ထွက်လာလေသလား
တကယ်ပါ
ကြောက်ဖို့ကောင်းလွန်းလို့ပါ
ညက မက်တဲ့အိပ်မက်
နည်းနည်းရှည်တယ် ။ ။
ကျေးဇူးပြုပြီးဖတ်ထားပေးပါ
မိန်းကလေး ... ။

**တာရာမင်းဝေ



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!