.... ယနေ့သည်......

Sunday, October 14, 2012

နှင်းဆီဖူးလေးကြွေမှာစိုး

ကျွန်တော်ကောင်မလေး တစ်ယောက်ကိုရင်နှင့်အမျှ ချစ်မိသွားခဲ့တယ်။ ဒါပေမယ့်သူက ကျွန်တော့်ရဲ့ အချစ်ဦးလား ဆိုတော့ မဟုတ်ပါ...........။ သို့သော်ကျွန်တော်သည် အိုင်တွေ့တိုင်းခြေ ဆေးတတ်သည့် အမျိုးအစားတော့မဟုတ်..။ မှန်သည်ကိုဝန်ခံရလျှင် သူမ မတိုင်မီက မိန်းကလေး ၃ယောက် ကိုကျွန်တော် ချစ်ခဲ့ဖူးသည်...။

ပထမကောင်မလေး တုန်းက ခိုင်းနှိုင်းပြီးပြောမယ် ဆိုရင် ဥလို့တောင်ပြောလို့မရသေးတဲ့အရွယ်မှာပေါ့.....။ ဒုတိယကောင်မလေးတုန်း ကတော့ အကောင်ပေါက်စ အရွယ်ပေါ့...။ တတိယ ကောင်မလေးကတော့ အပျံသင်ခါစအရွယ်မှာပေါ့........။ ခုကောင်မလေးကတော့ ကျွန်တော် ရင့်ကျက်နေတဲ့အရွယ်လို့ ပြောလို့မရပေမယ့် အရင်အချိန်ကထက်တော့ ရင့်ကျက်တန်သလောက် ရင့်ကျက်နေခဲ့ပါပြီ...........။ ရင်ခုန်သံကိုကိုယ်တိုင်ဆန်းစစ်နိုင်တဲ့ အရွယ်ရောက်နေပြီပေါ့ဗျာ။ အဲ့ဒါကြောင့်ကျွန်တော့် ရင်ခုန်သံကို ၅လ လောက် ဆန်းစစ်လိုက်ပြီးတဲ့ နောက် ဆုံးဖြတ်လိုက်တာ ကောင်မလေးကို ကျွန်တော် ချစ်သွားပြီလို့ပေါ့........။ ကျွန်တော်က ခံစားလွယ်တဲ့လူလေသူကြောင့်တော်တော်ကိုခံစားခဲ့ရတာပေါ့။ သူ့ကိုရင်နင့်အောင်ချစ်ခဲ့တယ်..... အသက်လိုမြတ်နိုးခဲ့တယ်........... ဥယျာဉ်မှူးက နှင်းဆီဖူးလေးတွေ ကိုယုယသလို ကျွန်တော် သူ့ကိုယုယချင်တယ်.....။ ဒါပေမယ့် သူကကျွန်တော့်ကို ယုယခွင့်မှ မပေးခဲ့တာ.......။ ကျွန်တော်ကလည်း ခွင့်မှမတောင်းရဲပဲကိုး...........။ ဒီတော့လည်းလေ.......... အင်း... ထားပါတော့လေ........။ သူပျော်မယ်ဆိုရင် ကျွန်တော်ဘာပဲ လုပ်ရလုပ်ရဆိုတဲ့အထိပေါ့......။ ကျွန်တော့်ရူးသွပ်မှုက အဲ့လောက်တောင်......။ ဘာပဲဖြစ်ဖြစ်လေ သူ့ကိုတော့ ကျွန်တော်အရမ်း ချစ်ခဲ့မိတယ်ဗျာ......။ တစ်နေ့ ကျွန်တော်ချစ်တဲ့ အဲ့သည့် ကောင်မလေးကို ကျောင်းက ကန်တင်းအိုလေးတွေ ထဲမှာလိုက်ရှာနေမိတယ်..။ ထွေထွေထူးထူး အကြောင်းအရာတော့ မရှိပါဘူး.........။ ကျောင်းမှာက လူတွေကလဲ အများကြီးနောက်ပြီး ကောင်မလေးတွေအားလုံးက ပုံစံတွေက ခပ်ဆင်ဆင်........။ ကျွန်တော်သူ့ကို ရှာရတာတော်တော်လေး ပင်ခေါင်းနောက်သွားခဲ့ရတယ်.........။ ဒါပေမယ့် ခေါင်းနောက်တာ ထက်ဆိုးတဲ့ မြင်ကွင်းတစ်ခုဗျာ...........။ မျက်လုံးတွေတောင်ကန်း သွားလိုက်ချင်တယ်.. ။ တကယ်ပြောတာပါ..။ ကျွန်တော်ချစ်တဲ့ ကောင်မလေး က ကောင်လေးတစ်ယောက်နဲ့ စကားတွေပြောနေတာများပြုံးလို့ ရွှင်လို့ သူ့နောက်စေ့မှာမျက်စိရှိမယ်ဆိုရင်တောင် ကျွန်တော့်ကို မြင်မှာ မဟုတ်ပါဘူးဗျာ.........။ အဲ့ကောင်လေးနဲ့ စကာတွေပြောနေတာ ပတ်ဝန်းကျင် ကိုတောင်သူ သတိရသေးရဲ့လားလို့ ကျွန်တော်တွေးလိုက်မိတယ်..........။ ကျွန်တော်နှလုံးသား တစ်စစီကွဲကြေ သွားတာ မနည်းပြန်လိုက်ကောက်ပြီး သိမ်းထားရတယ်.....။ မျှော်လင့်ချက်လေးနဲ့ပေါ့.....။ သူတို့ချစ်သူတွေ မဖြစ်လောက် သေးဘူးလို့လေ...။ ဒါပေမယ့် အမျိုးအမည်မသိတဲ့ ခံစားချက်ကတော်တော်ပြင်းတယ် ။ နှလုံးကိုကျင်စက်နဲ့ လာတို့နေ သလိုပင် တဆစ်ဆစ်နှင့်........။ ဒါပေမယ့်လဲလေ ကျန်စစ်သားထုံးနှလုံးမူပြီး သူ့အတွက်ကျွန်တော့် အချစ်ကို မြိုသိပ်ဖို့ဆုံးဖြတ်လိုက်တယ်...။ ဒါပေမယ့်လဲ မျှော်လင့်ချက် ဆိုတာထားလို့ကောင်းတယ်လေ.....။ အဲဒါနဲ့ပဲ မှိန်ပျပျ လင်းနေတဲ့ မျှော်လင့်ချက် မီးအိမ်လေး ကိုင်ပြီး သူ့သူငယ်ချင်းကို သွားမေးလိုက်တယ်လေ.....။ ငါထင်သလို ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပေါ့.....။

“ဟိတ် သူနဲ့ ကောင်လေး ကကြိုက်နေကြပြီလား...............”

“ဟယ် ပေါက်တတ်ကရ ကြိုက်စရာလားဟဲ့...........”

သူ့ရဲ့ဖြေကြားချက်က ကျွန်တော့် မျှော်လင့်ချက်မီးအိမ်လေးကို လောင်စာထပ်ဖြည့်ပေးလိုက်သလို ပင်.....။ ကျွန်တော်ပျော်သွားမိသည်...........။ ဒါပေမယ့်လည်းတရားသဘောအတိုင်း ဖြစ်ပြီပျက်မည်မှာ မလွဲပေ...။ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်က ပုထူဇဉ်ပဲလေ.....။ ပျော်စရာရှိရင်ပျော်မိမှာပေါ့......။ ဒါပေမယ့်သိပ်မပျော်လိုက်ရပါဘူး..........။ ညနေရောက်တော့ သူ့အဆောင် ကိုကျွန်တော်သွားခဲ့တယ်.....။ သူ့ဆီက ငှားထားတဲ့ ရောင်စုံ pen လေးတွေပြန်ပေးဖို့ပေါ့.........။ အဓိကကတော့ သူ့မျက်နှာလေး မြင်ချင်လို့ပေါ့။ ကျွန်တော်ခေါ်တော့ သူထွက်လာပါသည် သို့သော်မျက်နှာကတော့ အရင်လိုမကြည်လင်.....။ ရာသီဥတု မကောင်းမှန်း ထိုအချိန်ကတည်း ကကျွန်တော်သိသင့်သည်.....။ မသိတာကကျွန်တော့်အမှား...။ ဘာပဲဖြစ်ဖြစ်ချစ်သူ  ရှေ့ကွဲခဲ့ရတဲ့ ကျွန်တော့်အဖြစ်က.........

“နင်ဘာဖြစ်တာလဲ မကြိုက်လို့လား......... ”ကျွန်တော်မေးလိုက်သည်.....။

“ဘာကိုလဲ......... ” သူမခပ်ပြတ်ပြတ်ပင်ပြန်ဖြေသည်.............။

ကျွန်တော်လည်းမှန်းချက်နှင့်နှမ်းထွက်မကိုက်သောကြောင့် နည်းနည်းလေးတော့ရိပ်မိလိုက်သည်။ ဥတု မကောင်းဘူး လို့ပေါ့ ...။ ဒါပေမယ့်လဲ.......

“ဟိုလေ .......ငါနင့် pen တွေငှားတာကိုလေ........”

“သြော်.... ”ဟုတစ်ချက်ပြောပြီး သူမတစ်ချက်ငြိမ်သွားသည်....။ တစ်ခုခု ကိုလေးလေးနက်နက် စဉ်းစားနေသလိုပဲ....။ ကျွန်တော့်စိတ်ထင်ပေါ့နော်....။ နောက်တော့သူကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်...။ သူ့အကြည့်ကိုရင်မဆိုင်ရဲလို့ကျွန်တော်မျက်နှာလွှဲလိုက်မိသည်...။

“နင်နေ့လည်က ကိကိ ကိုမေးတဲ့အကြောင်း ငါအရမ်းစိတ်ဆိုးတယ်........ ” သူမဒေါသသံနှင့်ပြောသည်...။

“သြော်အဲ့ဒါကြောင့်လား အဲ့ဒါဆိုငါတောင်းပန်ပါတယ်........” .ကျွန်တော်လေးနက်စွာပြောလိုက်သည်.....။

သို့သော်သူ့တုံ့ပြန်သံက -နင်အဲ့လိုမေးစရာလားနင်နဲ့ဘာဆိုင်လို့လဲ” ငါအရမ်းဒေါသထွက်တယ်...."
ကျွန်တော့်ခေါင်းကိုမိုးကြိုး၃ ကြိမ်လောက်ပစ်ချလိုက်သလိုပင်......။ ထူပူသွားသည်.........။ရုတ်တရတ် စကားမပြောနိုင်တော့...။ အင်အားမဲ့သွားသလိုပင်.....။ သို့သော်ရှိသမျှအင်အားနှင့် ပြောလိုက်သည်......

“နင်ငါ့နေရာကတစ်ချက်စဉ်းစားကြည့်ပေးပါ......။ ငါဘယ်လိုနေမလဲတွေးကြည့်လိုက်ပါ ...”

သူဆက်ပြောရန်ဟန်ပြင်လိုက်သော်လည်း သူမကလက်ဦးမှုရယူကာ ပြောလိုက်သည်....။

“နင်ရူးနေလား.......”

သို့သော်ကျွန်တော်ကအရှုံး မပေး...။ နောက်ဆုံးကျည်ဆန်ကို ပစ်လွှတ်လိုက်ရန် မောင်းတင်လိုက်သည်..။ အမှန်မှာတော့ ဖွင့်ပြောလိုက်ရန်ပင်....။ “ငါ နင့်ကိုပြောစရာရှိတယ်.... ငါ.....” စကားတောင်ဆုံးအောင်မပြော လိုက်ရပေ..။ သူတစ်ခွန်းတည်းပြောပြီး လှည့်ထွက်သွားသည်......။ သူ့ကြည့်ရသည်မှာလည်း အလွန်ဒေါသ ထွက်နေပုံပင်....။ ပြောသွားသည်က“ရပြီ....နင်ပြန်တော့” တဲ့..........။ ကျွန်တော်ဘယ်လိုအင်အားနဲ့ အပြန်လမ်း ကို လှမ်းရမှာလဲ...။ စဉ်းစားလို့ကိုမရ......။ ထိုအချိန်တွင် ကိကိ ရောက်လာသောကြောင့် ကျွန်တော်အကူအညီ တောင်းလိုက်သည်....။ တုန်ရီစွာနှင့် ကျွန်တော်ပြောလိုက်သည် က “ငါ့ကို ကူပြီးဝိုင်းချော့ပေးပါဦးကွာ.. ငါတောင်းပန်ပါတယ်.......”ပြောရင်း ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားသည်။ အဲ့ဒီအချိန်ကစပြီးသတိလွတ်သွားတာ သတိပြန်ဝင်လာတော့ အဆောင်ရှေ့ကိုပင်ရောက်နေပေပြီ..။ ကျွန်တော်ကခံစားလွယ်တော့သူ ကျွန်တော့်ကို အရူးလို့ ပြောလိုက်လို့ ရေးမိတဲ့ကဗျာက

အရူးတစ်ယောက်ထုတ်ခဲ့တဲ့မေးခွန်း

အရူးတွေပဲဖြေနိုင်လိမ့်မယ်.........။

အရူးတစ်ယောက်ရဲ့

အရူး ကဗျာတစ်ပုဒ်ကို

အရူးတွေပဲခံစားနိုင်လိမ့်မယ်...............။

ဟုတ်တယ်....

ဒါပေမယ့် ငါရေးတဲ့

အရူးကဗျာတွေကို

မင်းခံစားနိုင်လာပါလိမ့်မယ်........။

မင်းငါ့ကိုမရူးဘူးလို့

လက်ခံနိုင်လာတဲ့

တစ်နေ့ပေါ့................။



နောက်တစ်ပုဒ်ထပ်ရေးမိတယ်...........




ကျွန်တော်ကအရူးပဲ

သူ့ကိုမပျော်မြူးစေနိုင်ဘူး.....။

ရင်ထဲမှာစူးနစ်နေတဲ့ အချစ်ဆူး

ချစ်သူကမတူးဆွဘူး.......။

ကျွန်တော်နဲ့ တွေ့ရင်မဲ့သွားတတ်တဲ့

နှုတ်ခမ်းတစ်စုံ... .............

ကျွန်တော် ငုံနမ်းဖို့ မတန်မှန်းသိခဲ့ပါပြီ.......။

သူပျော်စေဖို့ ရည်စူးပေမယ့်

ထူးမလာတဲ့ ဘ၀ဇာတ်ကြောင်းမှာ

ရူးလာတဲ့ လူငယ်တစ်ယောက်

ရေနစ်နေတာ ဘယ်သူကယ်မှာလဲ.....။

သူ့ကိုအပျော်ဆုံးသူ ဖြစ်စေချင်လို့

သုံးမရတဲ့ ဦးနှောက်က စဉ်းစားလို့ရသမျှ

လုပ်ချခဲ့ပေမယ့် ပြသနာတွေဖြစ်နေခဲ့တာ

ကျွန်တော်မရည်ရွယ်ပါဘူးဗျာ...........။

သူ မချစ်လို့ အထီးကျန်သီချင်းကို

မတီးတတ်တဲ့ ဂစ်တာခေါက်လို့

လျှောက်ဆိုနေတာ သူသိစေချင်တယ်ဗျာ...........။

ကျွန်တော် သူ့ကိုသိပ်ချစ်တာရောပေါ့ ဗျာ..........။



သူကျွန်တော့်ကို မချစ်ရင်နေပါဗျာ.......။ ကျွန်တော့်ကိုတော့မ မုန်းစေချင်ဘူး.........။ သူ့အတွက်ဆို နှလုံးတစ်စုံ အသုံးခံလို့ ဆုံးရရင်လဲ ကျွန်တော် ကျေနပ်ပါတယ်ဗျာ..............။ ယုတ်စွအဆုံး အားလုံးပဲဗျာ ဘာပဲပေးဆပ်ရ ပေးဆပ်ရဗျာ.....။ သူကျေနပ်မယ် ပျော်မယ်ဆိုရင် ကျွန်တော်ကျေနပ်ပြီဗျာ...။ တကယ်ပါကောင်မလေးအတွက်ကျွန်တော်......................


အနာခံ သူပျော်စံဖို့ ငါကြံသော်လည်း အမှားတွေနဲ့ မသနားလေတော့ ထားခဲ့ပေါ့ကွာ......။ နင်ပျော်မယ်ဆို ငါပဲ အနစ်ခံအနာခံ ပြီး နေလိုက်နေတော့မယ်... ကောင်မလေး....။ ဒါဟာ သူ့အတွက်ကျွန်တော် အလုပ်ပေးနိုင်ဆုံး အရာပဲ...။ သူနဲ့စကားမပြောဖြစ်တော့တဲ့နောက်ပိုင်းမှာ ကျွန်တော် စကားမတတ်တော့ပါ...။ ဆွံ့သွားခဲ့ပါပြီ...။ ဘာပဲဖြစ်ဖြစ် နှင်းဆီဖူးလေး လေကြမ်းကြောင့်မကြွေစေချင်တာ ဥယျာဉ်မှုးရဲ့ လိုအင်ပါ...။

ဒီလိုနဲ့ပဲ အချိန်တွေကုန်လာတာပေါ့.....။

Don't distrub!The time cure the heart....တဲ့ တကယ်မှန်တယ်ဗျ အချိန်နဲ့အမျှ သူကျွန်တော့်ကိုစိတ်ပြေလာတယ် ။ သူကျွန်တော့်ကို စိတ်ပြေသွားတော့ ကျွန်တော် အားလုံးကို ကျေးဇူးတင်ချင် လာတယ်..။ အကြောင်းပြချက်တော့ မရှိဘူးဗျာ....။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းပျော်တယ်ဗျာ..။ တစ်နေ့တော့ သူနဲ့ကျွန်တော်အပြင်မှာတွေ့တယ်လေ....။ အဲဒီမှာ ကောင်လေးနဲ့ သူစကားပြောနေတယ်လေ.....။ ဒီတစ်ခါတော့သူ့ ကိုသွားမမေးရဲတော့....။ တောင်လေးကို သွားမေးလိုက်သည်...။ မင်း သူ့ကိုကြိုက်နေလား လို့ ကောင်မလေးရှေ့ မှာပင်မေးလိုက်မိသည်.....။ တော်တော်တုံးသောကျွန်တော်ပင်...။ ထိုအခါကောင်မလေး မျက်နှာနီသွားပြီး “နင်တော်တော်....” စကားတောင်ဆက် မပြောတော့ဘဲ  ပြေးထွက်သွားသည်.....။ သူမ ကားလမ်းကိုဖြတ်ပြေး သွားချိန်တွင် ကားတစ်စင်း လာနေသည်....။ ကျွန်တော် ထိတ်လန့်သွားမိသည်....။ ကောင်မလေးနှင့် ကားတိုက်လုဆဲဆဲတွင် အဲ့သည့်နား ကျွန်တော် ဘယ်လိုရောက်သွားသည်မသိ ....။ ကောင်မလေးကို တွန်းထုတ်ပြီးသားဖြစ်သွာသည်........။ ကျွန်တော်ကတော့ ဒိုင်နာကားကြီးနှင့် မိတ်ဆက်သွားသည်.....။ ကျွန်တော့် မျက်စိထဲတွင်တော့ မှောင်မိုက်သွားပြီး ပျိုးပျိုးပျက်ပျက်လင်းလက်နေသည့် ကြယ်များနှင့် လများ..။

ကောင်မလေးကိုနောက်ဆုံး အကြိမ်တောင် မမြင်လိုက်ရ..။ အသံတော့ကြားလိုက်ရသည်......။ သူမရဲ့ငိုသံကိုပါ..။ ကျွန်တော့်နောက်ဆုံးထွက်သက် ဖြင့်နောက်ဆုံး စကားပြောလိုက်သည်..။ နှင်းဆီဖူးလေး ကြွေမှာစိုး လို့ ဟုပြောလိုက်ပြီးနောက်ဘာမှ မမြင်ရဘာမှ မကြားရတော့.......။ ကျွန်တော့်လောကကြီး တိတ်ဆိတ်ခြင်း နှင့်အတူအမှောင်ထဲ  မြင်နေရသည့် အဖြူရောင်စာသားများ “နှင်းဆီဖူးလေး ကြွေမှာစိုး”တဲ့........။ ထင်းနေတာပဲ...။ ကျွန်တော်လည်း လိုက်ရွတ်ကြည့်မိသည်... “နှင်းဆီဖူးလေး ကြွေမှာစိုး”  အသံထွက်မလာတော့ပါ.။   နှလုံးသွေးတို့ ရပ်တန့်သွားလေပြီ......။

{လေတံခွန်} 


လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရေးထားတဲ့ ၀တ္ထုတိုလေးပါ....။ သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရေးထားတာပါ.........။ တကယ့် အဖြစ်အပျက်တော့မဟုတ်ဘူးနော်.......။

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!