.... ယနေ့သည်......

Monday, October 22, 2012

မိသားစု


ဒါဟာမိသားစုဖြစ်တယ်....။ မိသားစုတစ်ခုမှာ အဖေ ရှိတယ်....။ အမေ ရှိတယ်....။ သားသမီး  တွေရှိတယ်....။
မိဘတွေရဲ့ အားအင် ခွန်အားတွေဟာ သားသမီးတွေဖြစ်သလို သားသမီးတို့ရဲ့ ခိုလှုံရာဟာလဲ မိဘများပဲဖြစ်တယ်....။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မှီခိုနေကြတယ်....။ သားသမီးမရှိသော မိဘများရဲ့ မိသားစုဟာ မစိုပြေသလို မိဘများ မရှိတော့တဲ့ သားသမီးတို့ရဲ့ဘ၀ ဟာလဲ ဘယ်လိုမှ မလန်းဆန်း နိုင်ပါဘူး......။ ဒီလိုမပြည့်စုံမှုတွေရှိလာတဲ့အခါ မိသားစုဆိုတာရဲ့ အဓိပ္ပါယ်ဟာလဲ အရသာပေါ့သွားခဲ့တယ်....။ မသိမသာနဲ့ ဘ၀တွေဟာ ဆုတ်ယုတ်သွားတယ်...။





လူဆိုတာ ကိုယ့်လမ်းကိုယ် လျှောက်နေကြတဲ့အခါမှာ တစ်ဦးတစ်ယောက်သော ယုံကြည်ရသူထံမှာ မှီခိုရာတွေ ရှာယူကြတယ်....။ ဒီလိုမှီခိုရာတွေ ရှာဖွေကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတဲ့ ဖြူစင်သောကိုယ်ပိုင် အတ္တတွေဖြစ်ပေါ်လာကြတယ်....။  ဖြူစင်သော အတ္တတွေရဲ့နောက်မှာ တစ်ဦးတစ်ယောက်အပေါ် ပေးဆပ်လိုမှုတွေ တာဝန်ယူလိုမှုတွေ ပြင်းပြလာတဲ့အခါ သူတို့ဟာ အိမ်ထောင်ပြုခြင်းဆိုတဲ့ လူမှုကိစ္စကိုပြုလာကြတယ်....။ အဲ့သည့်နောက်မှာတော့ မိသားစုဘ၀ကို စတင်အသက်သွင်းဖို့ ကြိုးစားလာကြပြန်တယ်....။ အိမ်ထောင်စုရဲ့ အကြီးအမှုး အိမ်ရဲ့ဦးစီးသူ ဖခင်ဟာ မိသားစုဘ၀အတွက် အရင်ကထက်ပိုပြီး သူ့ရဲ့တာဝန်တွေကို ကြိုးစားထမ်းဆောင်လာတယ်....။ အိမ်ထောင်စုရဲ့ အရေးပါသောဘဏ္ဍာရေးမှုး အိမ်သူသက်ထား မိခင်ကလဲ အရင်ကထက် မိမိရဲ့ ကျန်းမာရေး ကိုဂရုစိုက်လာခဲ့တယ်....။ အရင်ကအလွန်ကြိုက်နှစ်သက်လှပါသည်ဆိုသော အချဉ်အစပ်များအားလျှော့စားလာခဲ့သည်.... ။ ဤသည်တို့မှာ အိမ်ထောင်စုရဲ့ အစပြုရာဖခင် မိခင်တို့ရဲ့ အရင်းတည်မှုများဖြစ်သည်.....။ ဒီလိုနဲ့ သိပ်မကြာခင်မှာ သူတို့ရဲ့ မိသားစုဘ၀လေးထဲသို့ မိသားစုဆိုသော ဆိုလိုချက်ကို ပြည့်စုံစေသည့် ကလေးငယ်တစ်ယောက် ၀င်လာခဲ့သည်.....။ ထိုကလေးငယ်ရောက်ရှိလာသည်နှင့်အမျှ မိသားစုဆိုသော ဝေါဟာရ၏အဓိပ္ပါယ်မှာ ပိုမိုပြည့်စုံလာခဲ့သည်....။ သို့သော် မိသားစု၏ စိုပြေခြင်းကိုပြည့်စုံစေရန်မှာ ဤမျှနှင့်မပြီးသေးပေ....။ မိသားစုတစ်ခုတွင် တစ်ဦးနှင့်တစ်ဦးသည် နားလည်မှုရှိရမည်.....။ တစ်ဦး၏ အားနည်ချက်ကို တစ်ဦးကမိမိရဲ့ အားသာချက်ဖြင့်ဖြည့်ဆည်းပေးရမယ်....။ တစ်ဦးဝမ်းနည်းနေချိန်တွင် တစ်ဦးကနှစ်သိမ့်ပေးရမည်....။ တစ်ဦး၏ အားနည်းချက်ကို တစ်ဦးကထုတ်ဖော်၍ အပြစ်တင်မှုမျိုးမှာမပြုသင့်ပေ....။ တစ်ဦးတစ်ယောက်ရဲ့ မပြည့်စုံသော ယိုပေါက်အား တစ်ဦးက မေတ္တာစိတ်ဖြင့်ဖာထေးပေးရမည်.....။ သို့ပါမှ မိသားစုဆိုသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ ပြည့်စုံကုံလုံမည်ဖြစ်သည်.....။  သို့ပါ၍ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိကြစေပြီး ပျော်ရွှင်ပြည့်စုံသော မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ ဟု ဆုတောင်းလိုက်ပါသည်...........။

{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!