.... ယနေ့သည်......
Showing posts with label သွေးစက်. Show all posts

Saturday, December 1, 2012
Wednesday, November 7, 2012
H@pPy m0tH3r's d@y .... luv u mom....
မေမေ... ဒီနေ့ဟာ ပျော်ရွှင်သော အမေများနေ့တဲ့နော်.....။
မေမေ့ကို လွမ်းဆွတ် သတိရတာ ဒီနေ့မှ မဟုတ်ပေမရ့် ထူးဆန်းနေတာတော့ အမှန်ပါ မေမေ..
မေမေခုချိန် ဘာလုပ်နေမလည်း ...သမီးထလာရင် စားဖို့ မနက်စာစီစဉ်ပေးနေတာလား....မောင်လေးကို ရေချိုးသနပ်ခါးလိမ်းပေးနေတာလား...
. ဖေဖေရုံးသွားဖို့ ပြင်ဆင်ပေးနေတာလား.... မေမေကိုရ်တိုင် ဆိုင်သွားဖို့ အလုပ်များနေပြီလား....
မေမေ့အတွက် လုပ်စရာ ကိစ္စတွေက များမြောင်လှလွန်းပါတရ်.... ဒါပေမရ့် မေမေအမြဲပြုံးနိုင်တရ်နော်... ငြီးငြူမှုကော ...ဒါလည်း အတော်လေးရှားပါတရ်...
လုပ်စရာရှိတဲ့ အလုပ်တိုင်းကို အမြဲ သွက်သွက်လက်လက်နဲ့ လုပ်လေ့ရှိတဲ့ မေမေ အလုပ်လုပ်ရာမှာ တုံ့နှေးတဲ့ သမီးကို စိတ်တိုင်းမကျတာတော့ မထူးဆန်းပါဝူး... ဒါပေမရ့် သူ မရိုက်ဝူး.. သူပြုံးပြီး ကြည့်တရ် . တခါတလေ စိတ်ဆိုးယောင် ပြပြီး ပြောဆိုတရ်...
မေမေ့ရဲ့ တခါတရံ အလိုမကျမှု စိတ်ဆိုးဒေါသထွက်မှုတို့ကို အရင်က သမီး မနှစ်မြို့ခဲ့ဘူး... တစ်ခါတစ်လေ မေမေ ဆူ ရင်ကိုပဲ သမီးဒေါသထွက်ပြီး ဆောင့်အောင့်မိလိုက်သေးတရ်... ... ဒါပေမရ့် အခုချိန်မှာ ဒါတွေကို ပြန်တမ်းတနေမိတာ ဘာလို့လည်း မေမေ.....
အပြင် မသွားခင် မေမေအမြဲလိမ်းပေးတဲ့ သနပ်ခါးကိုလည်း ခုချိန်ထိ သမီးပါးလေးက တမ်းတနေဆဲပါမေမေ....
မေမေရဲ့ စကားသံ ပြောဆိုဟန်ပန်မူရာ စိတ်ဆိုးအော်ငေါက်သံ လှုပ်ရှားဟန် သွားလာပုံ အရာတိုင်းကို သမီး အမှတ်ရနေပါတရ်... တမ်းတနေပါတရ်.. သတိရနေပါတရ်. လွမ်းနေပါတရ် မေမေ.....
ဒါပေမရ့် သမီးမှာ ဖြေသိမ့်စရာနည်းလမ်း တစ်ခုတော့ရှိပါတရ်... ဘာလည်းဆိုတော့ မေမေဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း သမီး မိသားစုနဲ့ ဝေးရာ အမိနိုင်ငံတော်ကြီးကို ကျောခိုင်းပြီး ဟောဒီ စင်ကာပူဆိုတဲ့ နိုင်ငံမှာ လာရောက်ပညာသင်နေရလို့ပေါ့....
မေမေက သမီးကို မချစ်လို့ သူများနိုင်ငံလွှတ်လိုက်တာမဟုတ်.. ချစ်လွန်းလို့သာ သမီးရှေ့ရေးအတွက် အခုလို စီစဉ်ဆုံးဖြတ်ခဲ့တရ်ဆိုတာ သမီးကိုလိုက်ပို့တုန်း လေဆိပ်မှာ ၀ဲခဲ့ဖူးတဲ့ မေမေ့ရဲ့ မျက်လုံးတွေထဲက အရည်လဲ့လဲ့လေးတွေကို ကြည့်ချင်းအားဖြင့် သမီးသိခဲ့ပါတရ်မေမေ....
မေမေဖြစ်စေချင်တဲ့ အတိုင်း သမီး ပညာကိုအကောင်းဆုံးသင်ယူပြီး အလုပ်ကိုအတတ်နိုင်ဆုံးကြိုးစားလုပ်သွားမှာပါမေမေ.. မေမေ့သမီး လူမုန်းများတဲ့သူ မဖြစ်စေရပဲ မေမေ့လို လူတိုင်းနဲ့ သင့်တင့်ပေါင်းသင်းဆက်ဆံနိုင်သူ လူချစ်လူခင်ပေါများသူ ဖြစ်စေရပါမရ် မေမေ...မေမေတို့ကို နောက်တစ်ချိန်မှာ တင့်တောင့်တင့်တရ် ထားနိုင်အောင် သမီးအတတ်နိုင်ဆုံးကြိုးစားမှာပါ မေမေ... မေမေတို့ ဖြစ်စေချင်တဲ့ ဆန္ဒမှန်သမျှကို သမီးဆောင်ရွက်မှာပါ မေမေ....
ခုချိန်မှာ အမှန်ကန်ဆုံးသော စကားတစ်ခွန်းကို ဆိုပါဆိုရင် သမီးပြောမရ့် စကားကတော့...........
မေမေ့ကို သမီး အရမ်းချစ်တရ်... အရမ်း သတိရနေတရ် ........ ဆိုတာပါပဲ မေမေ....
သမီးချစ်တဲ့ မေမေနေကောင်းပါစေ ..အမြဲပျော်ရွှင်နိုင်ပါစေ..............။
(Sunday, 9 May 2010 တုန်းက post လေးပါ)
~Thwe Xat~

Thursday, November 1, 2012
စောက်ဋီကာ
စောက်ဋီကာ
စောက်ကလေးတွေ
စောက်ဖြစ်မရှိတဲ့ နှလုံးသားနဲ့
စောက်ဆရာကြီးစတိုင်ဖမ်းပြီး
စောက်တန်ဖိုးမရှိတဲ့ ခံစားချက်တွေကို စာစီ
စောက်ကျက်သရေမရှိတဲ့ မျက်နှာနဲ့ ရည်းစားစကားလာလာပြောတရ်
ပြီးတော့ စောက်ပေါကွက်နင်းပြီး နောက်တစ်ပွေနဲ့ကြည်သွားတဲ့အခါကျ
စောက်ရှက်မရှိ ငါ့ကို unfriend လုပ်သွားတရ်
စောက်ရမ်း အောက်တန်းကျတရ် ...

Monday, October 29, 2012
တစ်ချိန်က ချစ်သူ ...
*အချစ်* ဆိုတဲ့ စကားလုံး နှစ်လုံးကြား *ကတိ* ဆိုတဲ့ ဝေါဟာရ တစ်ခုကို ချိုးဖောက်ကာ သစ္စာဖောက် သွားခဲ့ရက်လေသူ....။
ချစ်ခဲ့ကြတဲ့ နေ့တွေကိုမှ မထောက်ပဲ ထားခဲ့ဖူးတဲ့ ကတိတွေကို နင်ဖျောက်ဖျက်ရစ်ခဲ့လေသူ.....။
ပျော်ခဲ့ဖူးတဲ့ နေ့တွေရှိတရ် ....
လက်တွဲပြီးလည်း လျှောက်ခဲ့ကြဖူးတရ်...
ချစ်စကားလေးတွေ ဖလှရ်ရင်း နှစ်ဦးသား ကြည်နူးခဲ့ဖူးကြတရ်....
သတိရမိပါသေးတရ်.. *ဘရ်တော့မှ မခွဲဘူး* .. ဆိုတဲ့ နင့်နှုတ်ဖျားက စကားလေး တစ်ခွန်းကို .... ။
တန်ဖိုးထားလွန်းတဲ့ ဒီစကားလေးကို နောက်တစ်ယောက် အသစ်ရှာ၊ ငါ့ကို ပစ်ခွါပြီးတော့များ နင် သက်သေပြခဲ့လေသလား.... ။
ချစ်ခဲ့ဖူးတဲ့ ချစ်ရပါသော နင့်ကို မမုန်းရက်သော်ငြား ခံစားမိခဲ့ရတာတော့ အသေအလဲပါ...
မမေ့နိုင်ပေမရ့် မေ့ပစ်စေခဲ့ပါတရ် .. ဒါပေမရ့် မမုန်းရက်ခဲ့ဘူး ...
ချစ်ခဲ့မိသူက ငါဆိုတဲ့ ကောင်ဖြစ်နေတာကိုးးးး..... ။
~Thwe Xat~
Wednesday, October 24, 2012
ငါ့ရဲ့ ငါ
အစကတည်းက စိတ်အလိုလိုက်နေခဲ့သူပဲ ...
အထူးအထွေ မရှိပါဘူး ...
တစ်ခါတစ်လေတော့လည်း တချို့ချို့ကြောင့် ဟန်ဆောင်ခဲ့ဖူးတာပေါ့ ...
ပြောချင်တာပြော မေးချင်တာမေးပါ ...
ဖြေနိုင်ပါတရ် ...
ဒါပေမရ့် ငါပဲသိတဲ့ ငါ့အကြောင်းကိုတော့ ငါ့ထက်ပိုမသိကြေး ... ။

Friday, October 12, 2012
မထင်မှတ်တဲ့ ထင်မှတ်စရာတွေ
မထင်မှတ်တဲ့ လူတစ်ယောက်က
မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ နေရာတစ်ခုမှာ
မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို ဖြစ်စေခဲ့တဲ့အခါ
မထင်မှတ်ထားတာတွေ ဖြစ်လာဖို့ပဲ ရှိတော့တရ် ...
မှတ်မှတ်ထင်ထင် ပြင်ဆင်ထားနိုင်ပါစေ ... ။

(10/10/12)
Thursday, October 11, 2012
အချစ် ဟုခေါ်သည်
အချစ် ဟုခေါ်သည်
အချစ် တဲ့ စာလုံးလေး နှစ်လုံးထဲရရ်
နားလည်ဖို့ ခက်လိုက်လေခြင်း ...
အဓိပ္ဂါရ် ရှုပ်ထွေးပွေလီလိုက်လေခြင်း ...
နားလည်ဖို့ ကြိုးစားလေ နားလည်ရခက်လေ
အော် ဘရ်သူကများ လက်ဆော့ပြီး အ နဲ့ ခခွေးကို ယပင့်ဆွဲစလုံးသပ်လိုက်လေသလည်း မသိ ... ။
အော် ဘရ်သူကများ လက်ဆော့ပြီး အ နဲ့ ခခွေးကို ယပင့်ဆွဲစလုံးသပ်လိုက်လေသလည်း မသိ ... ။
~Thwe Xat~
(10/10/12 - 19:25)
Wednesday, October 10, 2012
ခင်များတို့နဲ့ ကျုပ်
အမြဲပျော်ပျော်နေတတ်တဲ့ လူတစ်ယောက် ...
သူတစ်ပါးကို ပျော်ရွှင်ရရ်မောစေတတ်တဲ့ လူတစ်ယောက် ...
စိတ်ညစ်စရာတွေကို ဟာသနှောပစ်တဲ့ လူတစ်ယောက် ..
ပေါတောတောလို့အမည်သမုတ်ခံရတဲ့ လူတစ်ယောက် ...
မျက်နှာပြောင်တရ်ဆိုပြီး မှတ်မိနေစေတတ်တဲ့ လူတစ်ယောက် ...
အမြဲလိုလို ဘဝကြီးကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူတစ်ယောက်မို့ ခံစားတတ်တဲ့ ရင်ဘတ်ကြီးမရှိဘူးဆိုပြီး လျစ်လျူရှုအလှောင်ခံရတာ ဆန်းတော့လည်း မထူးဆန်းပါဘူး။
ဒီမှာ ဒီမှာ ကျုပ်လည်းအသည်းနှလုံးနဲ့လူပါဗျ
ခံစားတတ်တရ်။ ပျော်ရွှင်ရရ်မောတတ်တရ်။ ဝမ်းနည်းကြေကွဲတတ်တရ်။ လွမ်းဆွတ်ကြေကွဲတတ်တရ်။
လူတွေအမြင်မှာ ဂျိုကာတစ်ယောက်မို့ ခံစားချက်တွေအမြဲလိုလို အလှောင်ခံနေရတာတော့ လောကကြီး ခင်ဗျား ဒါတော့ မတရားဘူးဗျာ ...
အလှောင်ခံရပါများတော့လည်း ခံစားရသမျှ အသက်မပါအောင် ထိန်းတတ်ခဲ့ပြီ
ဒါပေမရ့် လူပျော်ဂျိုကာမှာလည်း ခံစားတတ်တဲ့ ရင်ဘတ်ကြီးရှိတရ်ဆိုတာတော့ ခင်ဗျားတို့သိအောင် ကျုပ် ခံစားဖူးတဲ့ ခံစားချက်တွေအားလုံးနဲ့ လောင်းကြေးထပ်ပြီး သက်သေပြတရ်ဗျာ
......... ။ ..... ။ ..... ။ ..... ။ .... ။ .... ။ .... ။ .... ။ .........
ကျုပ်ရဲ့ အပြုံးမျက်နှာဖုံးတပ်ထားတဲ့ မျက်နှာကို ကြည့်ပြီး ခင်များတို့ လှောင်ပြောင်ရရ်မောဟားတိုက်ပျော
်ရွှင်နိုင်ကြပါစေလို့ ကျုပ် အစတေးခံပြီး ဆုတောင်းထားပါတရ်ဗျာ ...

(10/10/12 - 12:24)
မနက်ဖြန်
အဲ့ဒီ မနက်ဖြန် ကို ရင်ခုန်စွာ မျှော်လင့်ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို ရင်တုန်စွာ စောင့်စားဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို အပျော်တွေနဲ့ ဖြတ်သန်းခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို အလျှော်ဇယားတွေနဲ့ နေခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို လွမ်းစရာတွေနဲ့ ချန်ထားခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကို နာကြဉ်းမှုတွေနဲ့ ပစ်ပရ်ထားခဲ့ဖူးတရ် ...
အဲ့ဒီ မနက်ဖြန် ကြောင့် ခံစားချက်မျိုးစုံ ခံစားခဲ့ရဖူးတရ် ...
ခုတော့ ငါ အဲ့ဒီ မနက်ဖြန် ကြောင့် ရူးနေရပြီ ... ။
မနက်ဖြန်ရဲ့ မနက်ဖြန်တိုင်း အတွက် ...
~Thwe Xat~
(14/08/2011 - 14:18)
Subscribe to:
Posts (Atom)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!