.... ယနေ့သည်......

Tuesday, October 30, 2012

အချစ်ပျိုးတဲ့ကောင်မလေး .....




သန်းခေါင်ယံ ကောင်းကင်ကို

မော့ကြည့်လိုက်တဲ့အခါ

လင်းလက်နေတဲ့ ကောင်းကင်ယံကို

တွေ့လိုက်တဲ့နောက်

ကြယ်လေးတွေကိုကျေးဇူးတင်မိတယ်

လမင်းကြီးကတော့

လူတိုင်းပါးစပ်ဖျားမှာ လှနေတဲ့သူဆိုတော့

အထူးတလည်မပြောဖြစ်ခဲ့ဘူး

ကျွန်တော်ရင်ဘတ်ကြီးကို

ငုံ့ကြည့်လိုက်တဲ့အခါ

ရှင်သန်လန်းဆန်းနေတဲ့အချစ်တွေကို

တွေ့လိုက်ရတဲ့နောက်

ကောင်မလေးရေ ...

မင်းကိုကျေးဇူးတင်ပါတယ် ... ။

အချစ် အကြောင်းကတော့

လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတာဆိုတော့

အထူးတလည်မပြောဖြစ်ခဲ့ပြန်ဘူး





No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!