.... ယနေ့သည်......

Tuesday, October 30, 2012

ကျွန်တော့်ရဲ့နတ်ဆိုး ....


လမ်းသစ်တွေလျှောက်ပြီး
လမ်းဟောင်းတွေ ပြန်ပြန်လှည့်ကြည့်တဲ့ခင်ဗျား ... ။

မိတ်ဆွေဟောင်းတွေကို ထမ်းပိုးပြီး
မိတ်ဆွေသစ်တွေ လိုက်ဝယ်တဲ့ ခင်ဗျား .... ။

ဖြစ်သမျှကို ပြုံးပြုံးလေးရင်ဆိုင်ပြီး
မဖြစ်သေးတာတွေကို မျက်စိမှိတ်စိတ်ကူးယဉ်နေတဲ့ခင်ဗျား ... ။

ကျန်တာတွေ အတွက်တော့ စိတ်ထဲမထားချင်တော့ပါဘူး
ဖြစ်သင့်တာဖြစ်ရဖို့အတွက်
ဖြစ်ချင်တာတွေကို စတေးရဲပါတယ်

ကျွန်တော်ရွေးခဲ့တဲ့လမ်း
ကျွန်တော်ကိုယ်တိုင်ဖောက်ပြီးလျှောက်ခွင့်ပြုပါ .... ။

အရာအားလုံးကိုကြိုးဆွဲချင်တဲ့
ရုပ်သေးဆရာလို လွှမ်းမိုးချင်တယ်ဆိုရင်တော့
အမည်းရောင် ကျိန်စာကြီးတဖန်ပြန်နိုးထလာလိမ့်မယ် ..... ။

ခင်ဗျားအတွက် မထူးဆန်းတဲ့ပုံပြင်တစ်ပုဒ်က
ကျွန်တော့်အတွက်တော့ ကမ္ဘာဖျက်မဲ့ ကျိန်စာတစ်ပုဒ်ဆိုတာ
မသိခဲ့တာလား ..... ။



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!