.... ယနေ့သည်......

Sunday, October 28, 2012

လိုအပ်မှု


ကျွန်တော့်စကားလုံးတိုင်းမှာ
ကျွန်တော့်ရင်ခုန်သံတွေပါတယ် ..... ။

သူမခြေလှမ်းတိုင်းမှာလည်း
ကျွန်တော့်စကားလုံးတွေပြားပြားဝပ်ခဲ့တယ် .... ။

လိုရင်းကတော့
ကျွန်တော့်ရင်ခုန်သံတွေ
သူမခြေအစုံမှာ
ပြာကျခဲ့ရတယ်ဆိုပါတော့ ... ။

ချစ်ခြင်းမုန်းခြင်း ဝေခွဲမရတဲ့အချိန်မှာ
နာကျင်ခြင်းကြောက်ရွံ့ခြင်းတို့သာ ကြီးစိုးနေတယ်

လိုရင်းကတော့
ကျွန်တော်သူမကိုချစ်သလို
သူမလည်းကျွန်တော့်ကိုချစ်ဖို့ပါပဲ .... ။



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!