.... ယနေ့သည်......

Tuesday, October 23, 2012

သုံးနားမညီတဲ့ တြိဂံ (အပိုင်း - ၁)

ကတ္တရာလမ်း မည်းမည်းနက်နက်ပေါ်ကို ရော်ရွက်ဝါ၀ါလေးတွေ ကြွေကျတဲ့အချိန်လောက် လွမ်းဆွေးစရာ ကောင်းတာမရှိဘူး...။ ကျွန်တော်ကျောင်းရှေ့ အုတ်ခုံလေးမှာ ထိုင်နေတုန်းမှာပေါ့....။
ကားဖြူဖြူလေးပေါ်က လက်ကိုင်ပုဝါလေး တစ်ထည်  လေရဲ့ခေါ်ဆောင်မှုနဲ့အတူ ကျွန်တော့်ရှေ့ကို ဒူးထောက်ခစားခဲ့တယ်....။ MTS စာလုံးသုံးလုံး လက်ကိုင် ပုဝါလေးမှာ ရေးထိုး ထားတယ်...။  နောင်တစ်ချိန်  ထိုလက်ကိုင်ပုဝါလေးရဲ့ ပိုင်ရှင်ရှေ့မှာ ကျွန်တော် ဒူးထောက်ခစားခဲ့ရမယ် ဆိုတာ အဲ့ဒီအချိန်က ကျွန်တော်မသိခဲ့ဘူး ...။ ပိုင်ရှင် ဘယ်သူလည်း ဆိုတာလည်း ကျွန်တော်မှ မသိခဲ့ပဲ....။

ဒီလိုနဲ့ ကျောင်းတွေ ပြန်ဖွင့်လေပြီ ..။

အရင်နှစ်တွေနဲ့မတူ ကျွန်တော်ပြောင်းလဲ လာတယ်... ။ ပြောင်းလဲလာတယ် ဆိုတာထက် ကျွန်တော် အမြဲလွယ်တဲ့လွယ်အိတ်မှာ လက်ကိုင်ပုဝါအဖြူလေးတစ်ထည် အမြဲ ချည်ထားခဲ့တာကိုး...။ အော် ... ဒါနဲ့ ကျွန်တော်ဆိုတာ ... နောင်တစ်ချိန်ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကောင်ဖြစ်မယ့် သစ္စာ ဆိုတဲ့ကျွန်တော်ပါပဲ။ ဟိုတွေးဒီတွေးနဲ့ ကျောင်းကန်တင်းထဲ ကျွန်တော်ဝင်လာခဲ့ချိန်မှာ.. ထုံးစံအတိုင်းသူငယ်ချင်းတွေ   အော်ခေါ်သံ ကြားလိုက်ရတယ်   ကြည့်လိုက်တော့ မောင်ဇင် နဲ့ ကျော်ကြီးတို့နှစ်ယောက်... မနက်စာစားရင်း စကားပြောနေပုံရပါတယ်။ ကျွန်တော်ရောက်သွားတော့ မောင်ဇင်က...
သစ္စာ မင်းကို မေးမယ်မေးမယ်နဲ့မမေးဖြစ်တာ ဒီလက်ကိုင်ပုဝါက ဘယ်သူ့ဟာတုန်း... ယတြာ ချေပြီးချည်ထားတာလား လို့ မေးလာတယ်...။ ဖြေစရာမရှိတဲ့လူတွေ ထုံးစံအတိုင်း ကျွန်တော်ပြုံးပြမိခဲ့မိတယ်....။
ငါ့မွေးနေ့တုန်းက ငါ့အမေပေးထားတဲ့ လက်ကိုင်ပုဝါလေး ကားပေါ်ကလွှင့်သွားတာ ဘယ်ရောက်သွားလဲ မသိပါဘူး... နှမြောလိုက်တာ
သစ္စာ အသံကြားရာကို လှည့်ကြည့်လိုက်မိတယ်....။ စကားပြောသူကိုတော့   သေချာမမြင်ရဘူး ကျောပေး ထိုင်နေတာကိုး..... နည်းနည်းတော့ စိတ်ဝင်စားသွား သူ့ရထားတဲ့ လက်ကိုင်ပုဝါပိုင်ရှင်များဖြစ်နေမလားပေါ့.... အတွေးတွေ တပွေ့ကြီးနဲ့ ကျောင်းဆင်းချိန်ရောက်မှန်း မသိရောက်ခဲ့ပြန်လေတယ်။ ဒီလိုနဲ့တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားလည်း သူ့အတွေးထဲတော့ လက်ကိုင်ပုဝါပိုင်ရှင်လေးက  မပျောက်မပျက်ပဲ ရှိနေခဲ့တယ်။  ကောက်ရထားတဲ့ လက်ကိုင်ပုဝါကို ပိုင်ရှင်ထံပြန်ပေးရကောင်းမလား။ သိမ်းထားရင်  ကောင်းမလား တွေးနေရင်းနဲ့ပဲ...  ပိုင်ရှင်ထံပြန်ပေးဖို့ဆုံးဖြတ်လိုက်တယ်။

ဒီနေ့ ကျွန်တော်ကျောင်းသွားတဲ့ ခြေလှမ်းတွေက အရင်နေ့တွေနဲ့မတူ ပိုပြီးသွက်လက်နေတယ်။ တိတ်တခိုး ရင်ခုန်ခဲ့ရတဲ့ လက်ကိုင်ပုဝါပိုင်ရှင်လေး နဲ့တွေ့ရတော့မှာကိုး.....။ ဘယ်သူမှန်းမသိ.. ဘယ်မေဂျာကမှန်း မသိပေမယ့် မသိစိတ်နဲ့လိုက်ရှာနေမိခဲ့တယ်......။

ကော်ဖီတစ်ခွက်လောက်ပေးပါ.....

ရုတ်တရက် ကျောင်းကန်တင်းက အသံလေးက သူ့နားထဲပြန့်လွှင့်လာခဲ့တယ်.....။ ဟုတ်ပါတယ် သူမ ပါပဲ။ သူမ အသံပါ....။ ကျွန်တော် ကောင်းကောင်းကြီးမှတ်မိတဲ့သူမအသံပါ.....။

ကျွန်တော် ထိုင်လို့ရမလား...

အဆက်အစပ် မရှိပြောလိုက်တဲ့ စကားကြောင့် သူမ ခေါင်းလေးမော့ကြည့်တယ်...။ မော့ကြည့်တဲ့အခိုက် ကျွန်တော့်ရင်ခုန်သံတွေ ခဏတာ ငြိမ်သက်သွားတယ်....။ လှလိုက်တာ စိတ်ထဲကနေရေရွတ်မိသွားတယ်။ သူမပိုင်ဆိုင်တဲ့ လက်ကိုင်ပုဝါလေး အတိုင်းပါပဲလား ဖြူစင်စွာလှပတဲ့ လက်ကိုင်ပုဝါ ပိုင်ရှင်လေးကို တွေ့လိုက်ရတဲ့ အခိုက်အတန့် ပြောဖို့စကားတွေ ထွက်ပြေးကုန်တယ် ... ။

ဘာကိစ္စရှိလို့လဲ.... 

ပြတ်သားတဲ့စကားသံလေးကြောင့်ကျွန်တော့်အသိစိတ်တွေ ပြန်လည် နိုးထလာခဲ့တယ် ... ။

ဒီလိုပါ ဟိုနေ့က ပြောသံကြားလိုက်လို့ လက်ကိုင်ပုဝါဆိုတာ.....

ကျွန်တော်စကားမဆုံးလိုက်ပါ .....

ကျွန်မ အဲ့လက်ကိုင်ပုဝါလေး ကြည့်လို့ရမလား....

ကျွန်တော်ဘာမှ ပြန်မပြောမိ လွယ်အိတ်မှာချည်ထားတဲ့ လက်ကိုင်ပုဝါလေးကိုသာ ဖြုတ်ပေးလိုက်မိတယ်။ လက်ကိုင်ပုဝါလေးကိုကြည့်ပြီး သူမ မျက်လုံးတွေ အရောင်လက်သွားတယ်....။

ဟုတ်ပါတယ် အဲ့တာ ကျွန်မ လက်ကိုင်ပုဝါလေးပါ... ၀မ်းသာလိုက်တာရှင်... မွေးနေ့တုန်းက အမေကိုယ်တိုင် ကျွန်မနာမည်ထိုးပြီးပေးထားခဲ့တာ...  ပျောက်သွားလို့ စိတ်မကောင်းဖြစ်နေတာ ရှင့်ကိုကျေးဇူးတင်ပါတယ်.....

ပျော်ရွှင်စွာစကားတွေ အဆက်မပြတ်ပြောနေတဲ့ သူမကို ကြည့်ပြီးကျွန်တော်ပါ အပျော်တွေ ကူးဆက်သွားခဲ့တယ်...။

ရပါတယ်ဗျာ... ပိုင်ရှင်ရှိတဲ့ပစ္စည်းပိုင်ရှင်ဆီပြန်ရောက်သွားတာပဲ ကျွန်တော်ဝမ်းသာပါတယ်....။

ထို့နောက်ကျွန်တော်တို့ဘာစကားမှ ရေရေရာရာမပြောဖြစ်တော့ပဲ ကျွန်တော်က အရင်နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။

MTS 
သူမနာမည် မေသစ္စာဆိုတာနောက်မှသိလိုက်ရတယ်...။ ကျွန်တော်နဲ့နာမည်ဆင်တယ်ပေါ့...။ ကိုယ့်အတွေး နဲ့ကိုယ်တော့ ပျော်မြူးလို့နေခဲ့တယ် .... ။


မေသစ္စာ
သူမ အိမ်အပြန်လမ်းက ပေါ့ပါးမြူးတူးနေတယ်....။ လက်ကိုင်ပုဝါ ပြန်ရခဲ့ပြီလေ...။ အိမ်ရှေ့ ရောက်တော့ ခြံဝင်းထဲမှာ ထိုင်နေတဲ့သူမ အမကိုမြင်လိုက်ရတော့ အပျော်တွေ လွှင့်ပျောက်ကုန်သွားတယ်။

မြတ်သစ္စာ
မေသစ္စာရဲ့အမ မွေးရာပါ ခြေထောက်နှစ်ချောင်း မကောင်းတဲ့ ရောဂါကြောင့် Wheelchair ပေါ်မှာ အချိန်ကုန်ခဲ့ရတဲ့ တဦးတည်းသောအမ ... ။

အများလူတွေ အမြင်မှာတော့ သူတို့ညီအမနှစ်ယောက်ကအရမ်းချစ်ကြသည်ပေါ့... ။ တကယ်တော့ မေသစ္စာက သူ့အမကိုငယ်ငယ်တည်းက မနာလိုဝန်တိုစိတ် ရှိနေခဲ့တာ...။ မြတ်သစ္စာက လူမှုဆက်ဆံရေး ကောင်းတယ်...။  သူမထက်လည်းဥဏ်ကောင်းတယ်...။   ခြေထောက်မသန်တာ တစ်ခုပဲ အပြစ်ပြောစရာရှိတယ်...။

မေသစ္စာကတော့ အရာရာ ပြီးပြည့်စုံခဲ့ပေမယ့် သူ့ ထက်သာလွန်တဲ့အမဖြစ်သူ မြတ်သစ္စာအပေါ်မှာ မနာလိုဝန်တိုစိတ်တွေ အမြဲထားရှိခဲ့တယ် ... ။

ညီမလေးကျောင်းကပြန်လာပြီလား .... 

ဟုတ် 
 
တစ်လုံးတည်း ဖြေပြီးအိမ်ထဲသို့ဝင်လာခဲ့တယ်။

အတိတ်ဆီသို့ စိတ်ကူးနယ်ချဲ့လိုက်တယ်.....။



အပိုင်း - ၂
မျှော်













No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!