
လွမ်းခြင်း ဒဿန
မလျှောက်ဖူးတဲ့
ဒီတစ်ခေါက်လမ်းက
စိုထိုင်းစ ငါးဆတစ်ဆနဲ့
မျက်ရည်တွေ ငွေ့ရည်ဖွဲ့နေသည်လားမသိ.....။
လွမ်းခြင်းသည် လွမ်းခြင်းဖြစ်၍
ခေါ်သူကခေါ်ပါသော်လည်း
လာသူမဲ့........။
မရှိသောပန်းကို မချိသောနှုတ်ခမ်းဖြင့်
ခပ်ဆွေးဆွေးနမ်းမိသည်....
ပန်းကတော့ပွင့်မလာ.....
အလွမ်းကတော့ရင်နှင့်မဆံ့အောင်
ဖိတ်စင်ကုန်၏.......။
သစ်ပင်ပေါ်က ကျွန်တော်တို့အဖိုးများ
ဖိနပ်စီးလာသောအခါ....
ချစ်ခြင်းကိုခံစားခဲ့ပြီး....
ကျွန်တော်ကသူမကို လွမ်းသည်.....။
သို့ဖြစ်၍ ချစ်ခြင်းကြောင့်လွမ်းကာ
လွမ်းခြင်းသည် ချစ်ခြင်း၏
နောက်ကွယ်မှအသာတကြည်
ရင်ကိုထိခတ်စေခဲ့သည်......။
{လေတံခွန်}
No comments:
Post a Comment