.... ယနေ့သည်......

Wednesday, October 10, 2012

ခင်များတို့နဲ့ ကျုပ်

အမြဲပျော်ပျော်နေတတ်တဲ့ လူတစ်ယောက် ...
သူတစ်ပါးကို ပျော်ရွှင်ရရ်မောစေတတ်တဲ့ လူတစ်ယောက် ...
စိတ်ညစ်စရာတွေကို ဟာသနှောပစ်တဲ့ လူတစ်ယောက် ..
ပေါတောတောလို့အမည်သမုတ်ခံရတဲ့ လူတစ်ယောက် ...
မျက်နှာပြောင်တရ်ဆိုပြီး မှတ်မိနေစေတတ်တဲ့ လူတစ်ယောက် ...

အမြဲလိုလို ဘဝကြီးကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူတစ်ယောက်မို့  ခံစားတတ်တဲ့ ရင်ဘတ်ကြီးမရှိဘူးဆိုပြီး လျစ်လျူရှုအလှောင်ခံရတာ ဆန်းတော့လည်း မထူးဆန်းပါဘူး။

ဒီမှာ ဒီမှာ ကျုပ်လည်းအသည်းနှလုံးနဲ့လူပါဗျ
ခံစားတတ်တရ်။ ပျော်ရွှင်ရရ်မောတတ်တရ်။ ဝမ်းနည်းကြေကွဲတတ်တရ်။ လွမ်းဆွတ်ကြေကွဲတတ်တရ်။

လူတွေအမြင်မှာ ဂျိုကာတစ်ယောက်မို့ ခံစားချက်တွေအမြဲလိုလို အလှောင်ခံနေရတာတော့ လောကကြီး ခင်ဗျား ဒါတော့ မတရားဘူးဗျာ ...
အလှောင်ခံရပါများတော့လည်း ခံစားရသမျှ အသက်မပါအောင် ထိန်းတတ်ခဲ့ပြီ

ဒါပေမရ့် လူပျော်ဂျိုကာမှာလည်း ခံစားတတ်တဲ့ ရင်ဘတ်ကြီးရှိတရ်ဆိုတာတော့ ခင်ဗျားတို့သိအောင် ကျုပ် ခံစားဖူးတဲ့ ခံစားချက်တွေအားလုံးနဲ့ လောင်းကြေးထပ်ပြီး သက်သေပြတရ်ဗျာ



                                    ......... ။ ..... ။ ..... ။ ..... ။ .... ။ .... ။ .... ။ .... ။ .........


ကျုပ်ရဲ့ အပြုံးမျက်နှာဖုံးတပ်ထားတဲ့ မျက်နှာကို ကြည့်ပြီး ခင်များတို့ လှောင်ပြောင်ရရ်မောဟားတိုက်ပျော
်ရွှင်နိုင်ကြပါစေလို့ ကျုပ် အစတေးခံပြီး ဆုတောင်းထားပါတရ်ဗျာ  ...
~Thwe Xat~
(10/10/12 - 12:24)

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!