.... ယနေ့သည်......
Wednesday, October 31, 2012
"မီးစာကုန် ရေခမ်း"
ကျောပြင်ထက်က
ထမ်းပိုးနေကျ
အတောင်လေးလဲ ညောင်းနေပါပီကောဗျာ။
တခုတ်တရ စိုက်ပျိုးခဲ့တဲ့
တချိန်ကရောင်စုံ မနက်ခင်းတွေကလဲ
ဆံဖြူဖွေးဖွေး အတွေးလေးထဲမှာတော့
မနေ့တနေ့ ကလို။
မနက်ဖြန်ဟာ ဒီနေ့အတိုင်းလည်ပတ်နေတော့
ထူးမခြားနား ကာလယန္တရားထဲ
ပျင်းရိခြင်းနဲ့အတူ နေ့စဉ် လျှောက်လည်ခဲ့တယ်
တစ်ခုတော့ ပြောချင်ရဲ့.........
တချိန်က လမ်းမီးတိုင်အောက်
စာကျက်ခဲ့တဲ့ ကလေးဘ၀အချိန်လေးကို လွမ်းတယ်ကွယ်။
အလွမ်းဟာ အနာဂတ်ဆိုရင်
ပစ္စုပန်ရင်ထဲက အတိတ်ဒဏ်ရာဟာ
ခုတော့ ဓားသွေးကျောက်လို ခပ်ပါးပါး။
ပြီးခဲ့တာတွေအတွက် ကျေနပ်နှစ်သိမ့်
တရေးတော့ အိပ်လိုက်ဦးမယ်။
တရေးနိုးထ မျက်ရည်ကြည်ထဲက
ငွေ့ရည်ဖွဲ့အပြုံးလေး
လက်ခနဲ တောက်စဉ်
ခေါင်းထဲ မိုက်ခနဲ လဲပြိုကျ
ဒီနေ့တော့ ဒီအတွေး ဒီတွင်ရပ်မှဖြစ်တော့မယ်။
ပုတီးကုံးလေး ဘေးက
ခပ်နွမ်းနွမ်း အပြုံးလေး
ဇရာနဲ့ ရန်ဖြစ်ရင်တော့
အသက်ငွေ့ငွေ့လေးလဲ
ရှေ့ ဘူတာမှာ ဆင်းမယ်နော်။။။။။။
၃၀.၁၀.၁၂
MS
Subscribe to:
Post Comments (Atom)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!
No comments:
Post a Comment