.... ယနေ့သည်......

Tuesday, October 2, 2012

မိုးသက်တင်လေ

ကောင်မလေးရေ............
ရေတံခွန်ဆိုတာ မက်စောက်တယ်
ရေစီးသံဟာ တ၀ုန်းဝုန်းနဲ့ကွယ်
ကိုယ့်ကိုယ်ကိုလဲ တိုက်စားတယ်
သူတပါးကိုလဲ ထိပါးစေတယ်...
တကယ့်တကယ်တော့ ကိုယ်ဟာ
ရေတံခွန်ပါကွယ်.........။
အဆိပ်သင့်ချစ်ခြင်းတွေဟာ တ၀ုန်းဝုန်းနဲ့ကွယ်......
ကိုယ့်ကိုယ်ကိုလဲ ခံစားတယ်................
သူတပါးကိုလဲ ၀မ်းနည်းစေတယ်.......
၁၃ နံပါတ်ရဲ့ နှစ်ရက်အလိုမှာ
ချစ်ခြင်းရဲ့ မိုးသက်တင်လေကို
တနှုံ့နှုံ့နဲ့ ခံစားခဲ့ကြတယ်............။
၁၃ နံပါတ်ရဲ့ လေးရက်အလွန်မှာ
သံသယရဲ့ မိုးသက်တင်လေနဲ့
နှုတ်ဆက်ခဲ့ကြတယ်................။
တကယ့်ကို ကိုယ်ဟာရေတံခွန်ပါကွယ်
ကိုယ့်ကိုယ်ကိုလဲခံစားတယ်
သူများကိုလဲဝမ်းနည်းစေတယ်
ဝမ်းနည်းခြင်းဖြင့် နှုတ်ဆက်မယ်
လမ်းခွဲခြင်းဖြင့် အဆုံးသတ်ဖို့ပေါ့...............။
{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!