.... ယနေ့သည်......

Monday, October 29, 2012

တစ်ချိန်က ချစ်သူ ...

*အချစ်* ဆိုတဲ့ စကားလုံး နှစ်လုံးကြား *ကတိ* ဆိုတဲ့ ဝေါဟာရ တစ်ခုကို ချိုးဖောက်ကာ သစ္စာဖောက် သွားခဲ့ရက်လေသူ....။

ချစ်ခဲ့ကြတဲ့ နေ့တွေကိုမှ မထောက်ပဲ ထားခဲ့ဖူးတဲ့ ကတိတွေကို နင်ဖျောက်ဖျက်ရစ်ခဲ့လေသူ.....။

ပျော်ခဲ့ဖူးတဲ့ နေ့တွေရှိတရ် ....
လက်တွဲပြီးလည်း လျှောက်ခဲ့ကြဖူးတရ်...
ချစ်စကားလေးတွေ ဖလှရ်ရင်း နှစ်ဦးသား ကြည်နူးခဲ့ဖူးကြတရ်....

သတိရမိပါသေးတရ်.. *ဘရ်တော့မှ မခွဲဘူး* .. ဆိုတဲ့ နင့်နှုတ်ဖျားက စကားလေး တစ်ခွန်းကို .... ။

တန်ဖိုးထားလွန်းတဲ့ ဒီစကားလေးကို နောက်တစ်ယောက် အသစ်ရှာ၊ ငါ့ကို ပစ်ခွါပြီးတော့များ နင် သက်သေပြခဲ့လေသလား.... ။

ချစ်ခဲ့ဖူးတဲ့ ချစ်ရပါသော နင့်ကို မမုန်းရက်သော်ငြား ခံစားမိခဲ့ရတာတော့ အသေအလဲပါ...

မမေ့နိုင်ပေမရ့် မေ့ပစ်စေခဲ့ပါတရ် .. ဒါပေမရ့် မမုန်းရက်ခဲ့ဘူး ...

ချစ်ခဲ့မိသူက ငါဆိုတဲ့ ကောင်ဖြစ်နေတာကိုးးးး..... ။


~Thwe Xat~

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!