.... ယနေ့သည်......

Thursday, October 25, 2012

အိပ်မက်တစ်ခုသာ ဖြစ်ပါစေလေ



ပြုံးပါ.........
သံသယာ အဆုံးထိ ပြုံးပါ
နင့်အနား ငါမရှိတော့တဲ့အခိုက်
သာယာပြည့်စုံမယ်ဆို ပြုံးပါ.....။

အသုံးချလိုက်ပါ .......
စိတ်ကြိုက်သာအသုံးချလိုက်ပါ ...
ငါ့ရင်ဘက်ကြီး စုတ်ပြတ်သွားပါစေ
နင်ပျော်မယ်ဆိုလုပ်ပါ .... ။

"လမ်းခွဲကြရအောင်"
အစိမ်းသက်သက်ကြီးပြောရက်တဲ့နင်
ငါ့အတွက် ငါတောင် မမြင်နိုင်ခဲ့
အချစ်တွေဖုံးလို့ ဘယ်တော့မှ မမုန်းခဲ့ဖူးဘူး.......။

အဆုံးသတ်မရှိတဲ့ချစ်ခြင်းအတွက်
ငါပေးဆပ်ခဲ့သမျှ
နင်ကျေနပ်တယ်ဆိုရင်
ငါဘ၀ကြီးစတေးရလည်းကျေနပ်ပါတယ်

ဖြစ်ခဲ့တာတွေအားလုံး
အစကပြန်စလို့ရရင်
ငါဟာနင့်အတွက် ပထမဆုံးလူပဲဖြစ်ချင်ပါတယ် ... ။
အိပ်မက်တစ်ခုသာဖြစ်မှာပါလေ ..... ။



 လေတံခွန်


No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!