ကြယ်တွေ မစုံတဲ့ညမှာ
ကောင်းကင်က လ ဟာ လည်း
တိမ်ကွယ်ရာမှာ ငိုက်မြည်းနေခဲ့တယ်။
ဒီလောကကြီးမှာ သက်ရှိလူသားဆိုလို့
ကျွန်တော်တို့ နှစ်ယောက်သာ.....။
လောကကြီးကလည်း အမှောင်ဖုံးလို့
ကျွန်တော့်စိတ်ကလည်းအမှောင်ထုထဲ
ခြေတလှမ်း တိုးဝင်နေခဲ့တယ်။
ပျော်ရွှင်ကြည်နှုးမှုရဲ့ နောက်ကွယ်မှာ
အောက်ဆီဂျင်ပျောက်ရှခဲ့ရတယ်။
နာကျည်းမှု၊ ၀မ်းနည်းမှု၊ ဒေါသထွက်မှုတို့အဆုံးသတ်မှာ
ကျွန်တော်ဒူးထောက်ခဲ့ရတယ်။
အပြုံးမပျက်ခဲ့မှု အတွက်ကျေးဇူးတင်ပါတယ်။
လေပြေညှင်းရဲ့ခေါ်ဆောင်ရာကို အသက်ပြင်းပြင်းရှုပြီး
မျက်စိစုံမှိတ်လျှောက်ခဲ့တယ်။
အံ့သြမှု၊ မမျှော်လင့်မှု တို့ရဲ့ရှေ့တော်မှောက်မှာ
သူမဒူးထောက်ခဲ့တယ်။
အပြုံးမပျက်ခဲ့မှု အတွက်ကျေးဇူးတင်ပါတယ်။
ဖြစ်သင့်တာမဖြစ်ခဲ့ခြင်းအတွက်
မဖြစ်သင့်တာကို အစားထိုးခဲ့မိတဲ့
လူတစ်ယောက်အတွက်
နောင်တဆိုတာ အကောင်းဆုံး အပြစ်ဒဏ် ဖြစ်ခဲ့လေသလား။
အချိန်တွေနှောင်းခဲ့ပြီ၊ မျက်နှာလေးညှိုးခဲ့ပြီ။
ပြန်လည်ပေးဆပ်မှုအတွက် အကောင်းဆုံး ပြင်ဆင်ရုံသာ။
ပြောခဲ့ပြီးတဲ့ စကားတွေ အတွက် တောင်းပန်ခြင်း
အပြုအမူအပြင်အခြား မရှိပြီ။ လုပ်ခဲ့မိတဲ့အပြုအမူတွေ အတွက်
ခေါင်းငုံ့ဒူးထောက်နေရုံမှ တပါး ငါမတက်နိုင်ခဲ့ပြီ။
အပြုံးမပျက်မှု အတွက် ကျေးဇူးတင်ပါတယ်။
ရှေ့ဆက်လျှောက်မယ့်လမ်းတွေမှာဖြူစင်ပါစေ....။
ဆုတောင်းနေရုံမှတပါး ငါ့အတွက် လုပ်ဆောင် စရာမဲ့ခဲ့ပြီ။
ရိုးသားမှုအတွက် အသိအမှတ် ပြုပါတယ်။
မိုက်မဲမှုအတွက် တိုးလျှိုးတောင်းပန် ပါတယ်။
လမိုက်ညအတွက် တော့ ပိုလို့ရုပ်ဆိုးသွားစေခဲ့
သူ အတွက် ကြိုက်သလို စီရင် ပိုင်ခွင့် အပြည့်ရှိပါတယ်။
ထိုအတွက် ခံယူဖို့အသင့်ပါ။
အပြုံးမပျက်ခံနိုင်ရည်ရှိအောင်ကြိုးစားရပါဦးမယ်
No comments:
Post a Comment