.... ယနေ့သည်......

Wednesday, November 7, 2012

H@pPy m0tH3r's d@y .... luv u mom....

မေမေ... ဒီနေ့ဟာ ပျော်ရွှင်သော အမေများနေ့တဲ့နော်.....။
မေမေ့ကို လွမ်းဆွတ် သတိရတာ ဒီနေ့မှ မဟုတ်ပေမရ့် ထူးဆန်းနေတာတော့ အမှန်ပါ မေမေ..
မေမေခုချိန် ဘာလုပ်နေမလည်း ...သမီးထလာရင် စားဖို့ မနက်စာစီစဉ်ပေးနေတာလား....မောင်လေးကို ရေချိုးသနပ်ခါးလိမ်းပေးနေတာလား...
. ဖေဖေရုံးသွားဖို့ ပြင်ဆင်ပေးနေတာလား.... မေမေကိုရ်တိုင် ဆိုင်သွားဖို့ အလုပ်များနေပြီလား....
မေမေ့အတွက် လုပ်စရာ ကိစ္စတွေက များမြောင်လှလွန်းပါတရ်.... ဒါပေမရ့် မေမေအမြဲပြုံးနိုင်တရ်နော်... ငြီးငြူမှုကော ...ဒါလည်း အတော်လေးရှားပါတရ်...
လုပ်စရာရှိတဲ့ အလုပ်တိုင်းကို အမြဲ သွက်သွက်လက်လက်နဲ့ လုပ်လေ့ရှိတဲ့ မေမေ အလုပ်လုပ်ရာမှာ တုံ့နှေးတဲ့ သမီးကို စိတ်တိုင်းမကျတာတော့ မထူးဆန်းပါဝူး... ဒါပေမရ့် သူ မရိုက်ဝူး.. သူပြုံးပြီး ကြည့်တရ် . တခါတလေ စိတ်ဆိုးယောင် ပြပြီး ပြောဆိုတရ်...
မေမေ့ရဲ့ တခါတရံ အလိုမကျမှု စိတ်ဆိုးဒေါသထွက်မှုတို့ကို အရင်က သမီး မနှစ်မြို့ခဲ့ဘူး... တစ်ခါတစ်လေ မေမေ ဆူ ရင်ကိုပဲ သမီးဒေါသထွက်ပြီး ဆောင့်အောင့်မိလိုက်သေးတရ်... ... ဒါပေမရ့် အခုချိန်မှာ ဒါတွေကို ပြန်တမ်းတနေမိတာ ဘာလို့လည်း မေမေ.....
အပြင် မသွားခင် မေမေအမြဲလိမ်းပေးတဲ့ သနပ်ခါးကိုလည်း ခုချိန်ထိ သမီးပါးလေးက တမ်းတနေဆဲပါမေမေ....
မေမေရဲ့ စကားသံ ပြောဆိုဟန်ပန်မူရာ စိတ်ဆိုးအော်ငေါက်သံ လှုပ်ရှားဟန် သွားလာပုံ အရာတိုင်းကို သမီး အမှတ်ရနေပါတရ်... တမ်းတနေပါတရ်.. သတိရနေပါတရ်. လွမ်းနေပါတရ် မေမေ.....
ဒါပေမရ့် သမီးမှာ ဖြေသိမ့်စရာနည်းလမ်း တစ်ခုတော့ရှိပါတရ်... ဘာလည်းဆိုတော့ မေမေဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း သမီး မိသားစုနဲ့ ဝေးရာ အမိနိုင်ငံတော်ကြီးကို ကျောခိုင်းပြီး ဟောဒီ စင်ကာပူဆိုတဲ့ နိုင်ငံမှာ လာရောက်ပညာသင်နေရလို့ပေါ့....
မေမေက သမီးကို မချစ်လို့ သူများနိုင်ငံလွှတ်လိုက်တာမဟုတ်.. ချစ်လွန်းလို့သာ သမီးရှေ့ရေးအတွက် အခုလို စီစဉ်ဆုံးဖြတ်ခဲ့တရ်ဆိုတာ သမီးကိုလိုက်ပို့တုန်း လေဆိပ်မှာ ၀ဲခဲ့ဖူးတဲ့ မေမေ့ရဲ့ မျက်လုံးတွေထဲက အရည်လဲ့လဲ့လေးတွေကို ကြည့်ချင်းအားဖြင့် သမီးသိခဲ့ပါတရ်မေမေ....
မေမေဖြစ်စေချင်တဲ့ အတိုင်း သမီး ပညာကိုအကောင်းဆုံးသင်ယူပြီး အလုပ်ကိုအတတ်နိုင်ဆုံးကြိုးစားလုပ်သွားမှာပါမေမေ.. မေမေ့သမီး လူမုန်းများတဲ့သူ မဖြစ်စေရပဲ မေမေ့လို လူတိုင်းနဲ့ သင့်တင့်ပေါင်းသင်းဆက်ဆံနိုင်သူ လူချစ်လူခင်ပေါများသူ ဖြစ်စေရပါမရ် မေမေ...မေမေတို့ကို နောက်တစ်ချိန်မှာ တင့်တောင့်တင့်တရ် ထားနိုင်အောင် သမီးအတတ်နိုင်ဆုံးကြိုးစားမှာပါ မေမေ... မေမေတို့ ဖြစ်စေချင်တဲ့ ဆန္ဒမှန်သမျှကို သမီးဆောင်ရွက်မှာပါ မေမေ....
ခုချိန်မှာ အမှန်ကန်ဆုံးသော စကားတစ်ခွန်းကို ဆိုပါဆိုရင် သမီးပြောမရ့် စကားကတော့...........
မေမေ့ကို သမီး အရမ်းချစ်တရ်... အရမ်း သတိရနေတရ် ........ ဆိုတာပါပဲ မေမေ....


သမီးချစ်တဲ့ မေမေနေကောင်းပါစေ ..အမြဲပျော်ရွှင်နိုင်ပါစေ..............။


(Sunday, 9 May 2010 တုန်းက post လေးပါ) 


~Thwe Xat~

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!