.... ယနေ့သည်......

Tuesday, November 6, 2012

တမ်းတချိန် - အောင်ရဲထိုက် vs ထူးပြည့် (Song Story)

Song Name - တမ်းတချိန်
Performed by အောင်ရဲထိုက် ၊ ထူးပြည့်


Download With Medafire


ဖန်ခွက်ထဲက ရွှေအိုရောင် ဘီယာတွေကို ကြည့်ရင်း အတိတ်တုန်းက ရွှေအိုရောင် ဆံပင်လေးများနဲ့ ကောင်မလေးကို သတိရနေမိတဲ့စိတ် ကို ဖြေဖျောက်ဖို့အတွက် လက်ကျန် ဘီယာ တွေအကုန်လုံးကို တစ်ကျိုက်ထဲ မော့သောက်လိုက်တယ်...။ ဘီယာ တွေသာ ကုန်သွားပေမယ့် သူ့ရဲ့ အလွမ်းစိတ်တို့က ပြေလျော့မသွား....။ ဒီခံစားချက်ကို ဖြေဖျောက်ဖို့ ဘာများလုပ်ရမှာလဲ...။ သူ့အတိတ်တွေက သူမြိုသောက်လိုက်တဲ့ ဘီယာတွေလို ခါးသက်သက်....။

အခုအတိတ်ဖြစ်နေတဲ့ အရင်တုန်းက ပစ္စပ္ပန်တွေက ချိုမြိန်လွန်းခဲ့ပေမယ့် အဲ့သည့် အတိတ် တွေကို ပြန်လည်တူးဖော်မိရင် ကျွန်တော့် ရင်ဘက်ကြီးကို မီးစနဲ့ထိုးနေခဲ့သလိုပါပဲ...။ တဆစ်ဆစ်နဲ့ နာကျင်လွန်းလှပါတယ်...။ ကျွန်တော် သူမ အပေါ် နှစ်နှစ်ကာကာ ချစ်ခဲ့သလို သူမလည်း ချစ်ခဲ့မယ်လို့ ထင်ထားခဲ့ပေမယ့် အဆုံးသတ်ရလဒ်က ကျွန်တော့်ရင်ဘက်ကြီးတစ်ခုလုံးစုတ်ပြတ် သတ်အောင်ခံစားလိုက်ရတာပါပဲ....။ သူမအပေါ်မှာ ယုံကြည်မှုတွေ ပိုခဲ့တဲ့ ကျွန်တော်ပဲ မှားခဲ့တာလား..... ဝေခွဲလို့မရခဲ့ဘူး...။
အခုတော့.............

ကျွန်တော်အသက်မကချစ်တဲ့ ကောင်မလေး .. ဆံပင်ရှည်ရှည်နဲ့ကောင်မလေး ။ ကျွန်တော့် ရင်ခွင်ကိုစွန့်ခွာပြီး တစ်ခြားရင်ခွင်မှာ မှေးစက်နေခဲ့လေပြီ ။ ကျွန်တော် ဘယ်လောက်ချစ်ချစ် သူ့ဘက်က ဆက်မချစ်နိုင်တော့မှန်းသေချာနေခဲ့ပြီ.. သူစိတ်ချမ်းသာဖို့ အတွက် သူလျှောက်တဲ့လမ်းကို သာအကောင်းဆုံးပံပိုးပေးခဲ့ပါတယ်...။ သူမစိတ်တိုင်းကျ ကျွန်တော့်ရင် အကွဲခံလို့ လမ်းခွဲပေးလိုက်ပါတယ်...။ သူကအချစ်ဆိုတာကို ဘ၀ရဲ့အစိတ်အပိုင်းတစ်ခု အဖြစ်သာ သတ်မှတ်ခဲ့ပေမယ့် ကျွန်တော့်အတွက်က တော့ အချစ်က ဘဝကြီးဖြစ်မှန်း မသိဖြစ်နေခဲ့တယ်...။ အရင်တစ်ချိန်တုန်းက သူမအားငယ်တဲ့အချိန်တွေ တိုင်း သူမလက်ကလေးကို ဆုပ်ကိုင်လို့ "This Too Will Pass" ဆိုပြီး အားပေးခဲ့ပေမယ့် အခု သူမ အနားမှာမရှိတော့ဘူး...။ ကိုယ် ကိုယ်တိုင်လဲ အဲ့သည့် စကားနဲ့ဖြေသိမ့်ခဲ့ပေမယ် လွမ်းတယ်ဆိုတဲ့စိတ်ကို မတွန်းလှန်နိုင်ခဲ့ဘူး...။ နင့်ကို ငါဥယျာဉ်ထဲက   နှင်းဆီပန်းလေးလို ပြုစုခဲ့ပြီး ငါကိုယ်တိုင် ခူးယူဖို့ ပြင်ဆင်ခဲ့ချိန်မှာ ငါ့အတွက်ရင်ကို စိုက်မယ့် ဆူးတွေသာ ကျန်ရစ်ခဲ့ရတယ်...။ နင်က တော့ အခြားသူရင်မှာ ပျော်လို့ပေါ့...။

ကျွန်တော် နေ့စဉ်အမျှသတိရခဲ့တယ် သတိရနေဆဲ.... သူနဲ့တူတူလျှောက်ခဲ့တဲ့လမ်းမတွေပေါ် ကျွန်တော်တစ်ယောက်ထဲ လေလျှာက်သွားနေခဲ့မိတယ်...။ သူမ, မရှိတဲ့ ဘ၀မှာ ဘယ်လိုနေရမယ်ဆိုတာ ကို သချောမပြင်ဆင်ရသေးခင်မှာပဲ သူမ ကျွန်တော့်ကိုထားသွားခဲ့တယ်။ မိုးစက်တွေ အောက်မှာ လမ်းလျှောက်မိတိုင်း အရင်က ထီးတစ်ချောင်းအောက် အတူတူ လမ်းလျှောက်ရင်း မိုးစိုမှာစိုးတဲ့စိတ်နဲ့  နှစ်ယောက်သားတိုးဝှေ့ကြရင်း ရင်ခွင်ချင်းနီးစပ်ခဲ့ဖူးတယ်...။ သူနဲ့တူတူထိုင်ခဲ့ဖူးတဲ့နေရာတွေမှာ ထိုင်ရင်း သူမ ပုခုံးကိုဖက်လို့ အနမ်းမိုးတွေရွာခဲ့ဖူးတာလဲ သတိရမိတယ်..။ ဘယ်တော့မှ မခွဲကြတော့ဘူးနော် ကျွန်တော်ပြောတော့ အမြဲလိုလို ခေါင်းငြိမ့်ပြတတ်တဲ့ သူမအကြောင်းတွေစဉ်းစားမိရင်း ရင်ထဲမှာ ဖော်ပြမတက်တဲ့ ဝေဒနာတွေက အဆုံးအစမဲ့ ခံစားနေခဲ့ရတယ်...။ 

ဘာပဲဖြစ်ဖြစ် တစ်နေ့တော့သူမကျွန်တော့်ဆီ  ပြန်လာကောင်း  ပြန်လာလိမ့်မယ် ဆိုတဲ့  မျှော်လင့်ချက် နဲ့ စောင့်မျှော်နေခဲ့တယ်...။ တကယ်တော့နင်ဟာ ဘယ်အချိန်ရွာမှန်းမသိတဲ့ မိုးလိုပဲ ခန့်မှန်းရခက်တယ်...။ မိုးမည်းမရွာ မိုးပြာမစဲ ဆိုသလိုပဲ နင်နဲ့ငါနဲ့ ကြားမှာ ပြဿနာ ကြီးကြီးမားမားရယ်လို့ မရှိခဲ့ဖူးဘူး..။ နင့် ကိုအလိုလိုက် အကြိုက်ဆောင်ပေးနေခဲ့တဲ့ငါက လူအ တစ်ယောက်မဟုတ်ပါဘူးဟာ...။ ချစ်လွန်းလို့ လိုက်လျောပေးခဲ့တယ်..။ မင်းအထင်မှာတော့ ငါဟာ မင်းကို ထင်သလောက်မချစ်ခဲ့ဘူးပေါ့...။ မဟုတ်ပါဘူးကွာ တကယ်တော့... နင့်ဟာ ငါ့အတွက် အတိတ်ဆိုလဲ ဟုတ်ခဲ့သလို အနာဂါတ်ဆိုလဲ ဟုတ်ပါတယ်..။ ပစ္စုပ္ပန်မှာတော့ နင်က ငါ့အဝေးမှာလေ..။ ဘယ်သူ့ရင်ခွင်အောက်ရောက်နေလဲ တမ်းတရင်းလွမ်းရတာနဲ့ နွမ်းလျလို့နေခဲ့ပြီ...။ နင်ကတော့ ပျော်မှာပါလေ...။ နင့်အကြောင်းစဉ်းစားမိတိုင်း ငါ့ရင်ဘက်ငါ ဓါးနဲ့ မွှန်းနေရသလိုပဲ..။ နာကျင်လွန်းလို့ ငါ ခြေကုန် လက်ပမ်းကို ကျနေပါပြီ...။ ဖြစ်နိုင်ရင် ငါ့ဆီပြန်လာပါလို့ကလွဲလို့............

ငါတို့ နှစ်ယောက် အတူ တည်ဆောက်ခဲ့ဖူးတဲ့ အနာဂါတ်အိမ်ငယ်လဲ ခုတော့ ဘယ်ဆီမှာလဲ...။ ယုံကြည်မှု နဲ့ အတူတည်ဆောက်ခဲ့ကြတယ်..။ ချစ်ခြင်းနဲ့ တည်ဆောက်ခဲ့ကြတယ်..။ ခုတော့ နင်က ပစ်ပယ် ကိုယ်တိုင်ဆောက်တဲ့ အိမ်ကို ကိုယ်တိုင် ရိုက်ချိုးဖျက်ဆီး....။ အနားနားမှာ မရှိတော့ နင့်ကို ငါ ဘယ်လိုပြောရဦးမှာလဲ...။ အရင်လို ဖုန်းထဲမှာပြောခဲ့တဲ့ တီတီတာတာ စကားလေးတွေ ငါကြားချင်နေသေးလို့ပါ...။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ ခွင့်လွှတ်ပါတယ်...။ ပြန်လာခဲ့ပေးပါ...။ အဆုံးသတ်မှာ ငါတို့ ပေါင်းရမယ်လို့ ပဲ ခဏခဏ စိတ်ကူးနေခဲ့တဲ့ငါ့ကို နင်ချစ်သေးရင်  
ပြန်လာခဲ့ပေးပါ..............
                                                              ဖြစ်နိုင်ရင် ပြန်လာခဲ့ပေးပါ.............
ပြန်လာခဲ့ပေးပါ........

လေတံခွန် Vs သွေး

Copy Right Credit To 95.1 Street FM

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!