.... ယနေ့သည်......

Friday, November 16, 2012

အဖြည့်ခံ ... ရင်ဘတ်


မှင်သေသေ အသက်မဲ့လွန်းတဲ့
အကြည့်နဲ့
ဘယ်လို မျက်ဝန်းမျိုးလဲ ။

အသွားအပြန် အနှောင့်အသွား မလွတ်တဲ့
ပြောဆိုမှုတွေက
ဘယ်လိုစကားလုံးတွေလဲ ။

ညီညာမှုမရှိပဲ ဖြစ်သလိုရွေ့လျှားနေတဲ့
ခြေထောက်တစ်စုံနဲ့
ဘယ်လိုခြေလှမ်းတွေလဲ ။

စည်းချက်မညီတဲ့ သံစဉ်တွေ
တီးခတ်နေတဲ့
ဘယ်လိုရင်ဘတ်ကြီးလဲ ။

ဒီလိုနဲ့ပဲ ...
ကျောခိုင်းသွားတော့မှာလား ။

စည်းချက်မညီ ပေမယ့်
ဆက်လက်တီးခတ်နေတဲ့
ရင်ခုန်သံတွေ

ဒီလိုနဲ့ပဲ ဒီရင်ကိုခွဲပေးရမှာပေါ့
နောက်ဆုံး
အသက်မပါလှတဲ့အပြုံးတစ်ခုနဲ့
အချစ်မပါတဲ့ သံယောဇဉ်တစ်ခု
ဘယ်လိုနှလုံးသားမျိုးလဲ ။

အဖြေရှာဖို့တော့ ခက်ခဲနေဆဲ
ခံစားကြည့်ရင်သိနိုင်ပေမယ့်
ခံစားချက်မဲ့လွန်းနေခဲ့တယ်

နောက်ဆုံးတော့လည်း
ကျေကျေနပ်နပ်ကြီး
ခွဲပေးခဲ့တဲ့
ငါ့ရင်ဘတ်ကြီးသာ အဖတ်တင်ခဲ့တယ် ။



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!