.... ယနေ့သည်......

Thursday, November 15, 2012

ထပ်တူကျနှုတ်ခမ်းတစ်စုံ


ငါ့နှုတ်ခမ်းပေါ်က

ထပ်တူကျနေတဲ့

နှုတ်ခမ်းတစ်စုံကို

အရသာခံကြည့်တဲ့အခါ

အစိမ်းသက်သက်ဖြစ်နေတယ်

ခံစားချက်မဲ့လွန်းနေတာလား

မင်သက်နေခဲ့တာလား

ငါကိုယ်တိုင်ဝေခွဲမရတဲ့အချိန်မှာ

အိပ်မက်ထဲက ငါ ပြုတ်ကျခဲ့တယ်

လက်ရှိလောကထဲမှာ

ယောင်လည်လည်နဲ့

ဧရာဝတီမြစ်ကြီးခမ်းခြောက်သလိုမျိုး

ငါ့လည်ချောင်းတစ်လျှောက်ခြောက်သွေ့လွန်းနေတယ်

ပိုင်ရှင်မဲ့နှုတ်ခမ်းတစ်စုံကို

ကြိုးတပ်ပြီးလိုရာဆွဲခေါ်နိုင်ခဲ့လေသူ ...

သူမ ဘယ်သူလဲ ....

အညိုရောင်မျက်ဝန်းကတစ်ဆင့်သူမအကြောင်း မသိခဲ့ရဘူး

ပန်းနုရောင်နှုတ်ခမ်းကနေ သူမစကားသံတွေထွက်မလာခဲ့ဘူး

သေချာတာက

သူမလည်းမင်သက်နေခဲ့လေပြီ... ။


ထပ်

တူ

ကျ

တဲ့

နှုတ်

ခမ်း

တစ်

စုံ



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!