.... ယနေ့သည်......

Saturday, November 17, 2012

ကျွန်တော် မဟုတ်သော ကျွန်တော်


သွေး

မယုံကြည်နိုင်လောက်အောင်
ပျော့ညံ့လွန်းတဲ့ သွေး ....

မထင်မှတ်ထားရအောင်ကို
ရူးသွပ်နေတဲ့ သွေး ....

စိတ်ခံစားမှုတွေကို ဖြစ်သလို
စာစီတက်တဲ့ သွေး ....

စိတ်ရဲ့မကြည်လင်မှုတွေကို
ချိုးနှိမ်ထားရတဲ့ သွေး ....

သူတစ်ပါးပျော်ရွှင်ဖို့အတွက်
အရာရာပေးဆပ်ထားရတဲ့ သွေး ....

ကိုယ်လုပ်ချင်တာလုပ်တက်တယ်ဆိုပေမယ်
တစ်ခါတစ်လေ အရမ်းတွေဝေတက်တဲ့ သွေး ....

တစ်ခါတစ်လေ အရမ်းတွေဝေတက်တယ်ဆိုပေမယ်
တစ်ခုတည်းသောအဖြစ်အပျက်မှာ ပြတ်သားခဲ့တဲ့
ကျွန်တော် သွေး ....

ဟုတ်ပါတယ် ကျွန်တော့်နာမည်သွေးပါ
သွေးစက်ဆိုတဲ့ ဘ၀တစ်ခုထဲ
သွေးဆိုတဲ့ ကျွန်တော်ဘ၀ကို ပစ်သွင်းလိုက်တဲ့
တစ်ခဏမှာ
အရာရာဟာ ပြောင်းပြန်အချိုးကျသွားခဲ့တာကြာခဲ့ပြီ။
အချစ်ဟာ ဘ၀မဟုတ်ပေမယ့်
ဘ၀ထဲမှာ အချစ်ဟာ အစိတ်အပိုင်းတော်တော်များများကို
လွှမ်းမိုးထားတာပဲလေ ....။

ဒီလိုပါပဲ
သွေးစက်ဆိုတာဟာလည်း
သွေးဘ၀ထဲက တစ်စက် သော သွေး မဟုတ်လား ....။



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!