.... ယနေ့သည်......

Sunday, November 4, 2012

"ကျောင်းဖြူလေး"

ပန်သွားချင်မိတယ်......
အပူအပင်ကင်းတဲ့ကလေးငယ်ဘ၀.......
မျက်ရည်ကြည်ထဲက သိမ်မွေ့နူးညံ့မှုလေး
ခြောက်ပြစ်ကင်း သဲလဲစင်တယ်......
ဘာနဲ့မှမလဲနိုင်ဘူးကွယ်။ ။ ။

ပြန်လိုချင်မိတယ်.......
အပြစ်ကင်းစင်တဲ့ ရွက်နုဖူးလေးလိုဘဝ
နေခြည်နွေးနွေးအောက်က အသက်ရှူသံနုနုလေးနဲ့
စင်ကြယ်မှု အပြုံးလေးတို့ ကူးယှက်သွယ်ရင်း
ဆေးရောင်ခြယ် ကမ္ဘာကြီးထဲ
လတ်ဆတ်သန့်စင်တဲ့နှလုံးသားလေးကြောင့်......
အဖြူရောင်စာရွက်လေးလို လေပြေမှာတလွင့်လွင့်
စွန်းထင်းမှုလဲကင်းတယ်ကွယ်။ ။ ။

ပြန်ဖြစ်ချင်မိတယ်......
အတွေးနုနယ်....ချစ်စဖွယ်ဘဝ
အမိရင်ခွင်ထဲက ခဏတာထွက်ခါ
တို့ကျောင်းတော် မှာအသိသညာလိမ္မာရေးတွက်
လွယ်အိတ်ငယ်ငယ် ကျောမှာလွယ်ရင်း
ပါးထက် သနပ်ခါးပါးကွက်ကြားလေး လိမ်းပြီး........
ကျောင်းဖြူလေးနဲ့....ရှင်းသန့်ချင်မိတယ်။ ။ ။

ခုတော့.......
.
.
.
အရောင်များနဲ့........ကမ္ဘာထဲ
တစ်ချိန်က  ကလေးငယ်လေးတစ်ယောက်
ဆေးရောင်လှလှခြယ်တတ် နေခဲ့ပြီ။

အမေဆင်ပေးခဲ့တဲ့
တစ်ချိန်ကသနပ်ခါးပါးကွက်ကြား နဲ့
ကျောင်းဖြူလေးကို ဆင်မြန်း
ခပ်အမ်းအမ်း နဲ့ အငိုလွယ်တဲ့
ကလေးငယ်လေးလဲ.......
ပစ္စုပန်ရဲ့ အပြုံးထဲက
ပါးချိုင့် ခွက်ခွက်လေးထဲ
စူးနစ်ဝင်ရောက်
ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီလေ။။။။။။။။။။

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!