.... ယနေ့သည်......

Sunday, November 4, 2012

"ပန်းသီး ပုံပြင်"

ဖြေ ပါ...........

ဟန်ဆောင်မှု ဆိုတာ ဘာလဲ???
အပြုံး တု တွေ နဲ့........
ပျော်ရွှင်မှု တွေလား။

မာယာဆိုတာ ဘာလဲ???
ဝင်္ကပါထဲက သားကောင်တွေ အတွက်
အဆိပ်တစ်ခွက် လား။


ဖြေပါ...........

သံယောဇဉ် ဆိုတာ ဘာလဲ???
ရင် ကို လာ ထိ တဲ့.........
မိုး ပြေး လား။


ခံစားချက် ဆိုတာ ဘာလဲ???
မြင်သာ အောင်ပြမှ.......
ဖူးမြော်ခွင့် ရှိမတဲ့လား။

ဒါ ဆို
.
.
ငါ တို့ သိ တဲ့............
ကမ္ဘာဦးက ပန်းသီးပုံပြင် လေး ကို
ပန်းသီး
ထဲ
မှာ
ပဲ
သော့
ခတ်
သိမ်း

ထား

လိုက်တော့ မယ်..........။

M.S

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!