.... ယနေ့သည်......

Sunday, November 4, 2012

အိမ်

တိမ်တိုက်တွေနဲ့ဆွဲချလိုက်တဲ့
ပန်ချီကား
အဖေရယ် အမေရယ်
ကျွန်တော်ရယ်
ညီမလေးရယ် ........။ 

ဘယ်တော့မှ ပြန်ဖျက်လို့မရတဲ့အသွေးအသား
ရေနံဆီ ဝ လို့ မည်းနက်နေတာမျိုးမဟုတ်
ဆေးရောင်စုံခြယ် လှပနေတာမဟုတ်
သံယောဇဉ်ကြိုး အမျိုးမျိုးနဲ့
တုပ်တွယ်
အိမ်
လို့
ခေါ်
ပါ
တယ်
{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!