.... ယနေ့သည်......
Monday, October 29, 2012
"မိုးခြွေလေညင်း"
မိုး.....မိုး.....မိုး
မျှော်နေတာလဲ အတော်ကြာပေါ့။ ။ ။
ရင်ခွင်ပြောင်းတတ်တဲ့ ဥတုရာသီကတောင်
ချိန်ခွင်လျှာတိမ်းစောင်းပြီး.........
နေမင်းရဲ့ မျက်စောင်းတစ်ချက်ကိုပဲ ခယပစားနေရော့ သလားကွယ်။
မြေသင်းနံ့ရဲ့ ရနံ့သင်းပျံ့ပျံ့တောင်
ခံစားချက်အသိထဲ ခပ်ရေးရေးသာကျန်တော့.........။
စိမ်းလန်းခြင်းနိမိတ်ရောင် ဆိုတာလဲ
ရောင်စုံခဲတံတွေထဲမှာသာ ဖွေရှာကြည့်ရတော့မှာလား။
မိုးနဲ့အတူ ပျော်တဲ့
လွမ်းမျက်ရည်ကလဲ
မိုးကိုမျှော်၇င်း ပါးအထက်မှာ ခြောက်သွေ့သွေ့ရယ်ပါ။
"လွမ်းတယ်.....မိုးရယ်"ဆိုတဲ့ စကား
ဘယ်လေညင်းက သယ်ဆောင်ပေးသွားမှာလဲကွယ်.......။
မိုးကုတ်စက်ဝိုင်းဆီ အတွေးကိုဖြန့်ကျက်
အမိကောင်းကင်ကိုမော့ကြည့်
လေညင်းရဲ့အဖော် တိမ်ညိုညိုတွေကို မျှော်ရင်း
မိုးရေစက်တွေရဲ့ လွတ်လပ်ခြင်းကို
တမ်း တ မိ ပေါ့။ ။ ။
ဘယ်ဆီကိုများ ရွေ့နေသလဲ
"မိုး ခြွေ လေ ညင်း" ရယ်................
...........................
................
..........။
29.10.12
MS
Subscribe to:
Post Comments (Atom)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!
ဒုတိယမြောက် မိုး
ReplyDelete