အမှောင်လမ်းလိုက်
ရေမြုတ်လိုက်နဲ့
ကြာရင် ဒီဆူးပင်လေး
နွမ်းရချည်ရဲ့ .. ။
နေထွက်နေ၀င်
ငါ
ပျံသာပျံနေရတယ်
အတောင်ဘယ်တော့ညောင်းမယ်မသိ .. ။
ဝေးလွင့်ခြင်းလမ်းစဉ်ကို
ဘယ်သူဖောက်ခဲ့လေသလဲ
ရေဆာတဲ့အချိန်
ရေမရှိတဲ့ဘ၀လိုဆိုးပါဘိ .. ။
မအိပ်ချင်ပဲ မျက်လုံးမှိတ်ထားရတဲ့
အမှောင်ထုထဲမှာ
ရောက်လာတက်တဲ့ အိပ်မက်
နတ်ဆိုးထက်တောင်ဆိုးသေးတယ် .. ။
ဒီတစ်ခါတော့
နောက်ဆုံးလမ်းအဖြစ်လျှောက်ခဲ့တဲ့
အိပ်မက်လမ်းထဲမှာ ပေါ်လာတဲ့ ကောင်မလေး
နတ်ဆိုးလေလား နတ်သမီးလေလား ... ငါကိုယ်တိုင်ဝေခွဲမရ ။
No comments:
Post a Comment