.... ယနေ့သည်......

Saturday, November 3, 2012

မနက်ဖြန်တိုင်းအတွက်အလွမ်း


ဆုံနေကျ အချိန်
တွေ့နေကျနေရာ
ထိုင်နေကျထိုင်ခုံ
ပြောနေကျစကားလေးတွေ
ခုချိန် ခဏအဝေးပြေးထွက်နေတယ်

မျှော်လင့်ချက်နဲ့ မင်းအိမ်ရှေ့ကခုံတန်းလေးပေါ်
ငါ ထိုင်နေတာ ကြာခဲ့ပြီ ....
အပြုံးနဲ့မင်းမျက်နှာ
ငါမှန်းဆလို့ ရင်ဝယ်စောင့်စား
မော်ဖူးချင်ခဲ့တယ် ... ။

ဘယ်ဆီမှာလဲ
အသင်မိန်းကလေး
မျှော်သူမမောပေမယ့်
ရင်မှာ ခန်းခြောက်လှပြီ

နှုးညံ့တဲ့ နှုတ်ခမ်းတစ်စုံမှ
နှစ်လိုဖွယ်အပြုံးတစ်ခုလိုအပ်နေလို့ပါ ... ။
ငါ့ရဲ့မနက်ဖြန်တိုင်းဟာလည်း
ဒီနေ့အတွက် ကြိုတင်နမိတ်ဖြစ်နေသလား

မနက်ဖြန်တိုင်းအတွက်အလွမ်းဟာလည်း .........



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!