.... ယနေ့သည်......

Saturday, November 3, 2012

ကျွန်တော်မုန်းတဲ့ ကျွန်တော့် အတိတ်


လွန်ဆန်လို့မရနိုင်တာ
အတိတ်

ရှောင်ပြေးလို့မရတာ
အနာဂါတ်

ကြုံတွေ့နေရတာ
ပစ္စုပ္ပန်

တကယ်တော့ လောက သဘာဝလို့ပြောလို့ရတယ်
အတိတ်ကိုအတိတ်မှာထား
အနာဂါတ်အတွက်ပြင်ဆင်ပြီး
ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ပြနိုင်ပါစေ ... ။

အမှန်ပဲ
ကျွန်တော် မေ့သင့်တဲ့ အတိတ်တွေအကုန်မေ့ထားလိုက်တယ်
အနာဂါတ်အတွက် အကောင်းဆုံးပြင်ဆင်ထားပြီး
ပစ္စုပ္ပန်မှာ ဆူးမပါတဲ့လမ်းမှာလျှောက်နေတယ်

အတိတ်ဆိုတာလူတိုင်းမှာရှိခဲ့တာပါပဲ
တစ်ချိန်ချိန်မှာ
ကျွန်တော်လည်း
အတိတ်ထဲက ကျွန်တော် မဖြစ်သွားစေဖို့ပဲ ဆုတောင်းနေမိတယ်


No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!