.... ယနေ့သည်......

Saturday, November 3, 2012

Apart Of Me (Song Story)


Song Name - Apart Of Me
Performed By D-Nay Vs X Box
Download With Mediafire




ကျွန်တော်က ဓါတ်ပုံဝါသနာရှင် တစ်ယောက်ပါ၊ အနုပညာ သမားတစ်ယောက်ဆို ပိုမှန်မယ်၊ ဒီတော့ကာ တစ်ခုခုဆိုအရမ်းခံစားလွယ်တာ...။ သူမ နဲ့မသိကျွမ်းခင်ကတော့ ကျွန်တော်ဟာ သာမန် ဓါတ်ပုံဝါသနာရှင်လေးပေါ့။ သူမနဲ့ သိကျွမ်းပြီးတဲ့နောက်မှာတော့  ကျွန်တော်ဟာ အရာရာကို ထိလွယ် ရှလွယ်ခဲ့တယ်။ ခံစားလွယ်ခဲ့တယ်။ သူမနဲ့ စတွေ့ဖြစ်ပုံကလဲ အဲ့သည့် ဓါတ်ပုံရိုက်တာကပဲစတာ....။ အဲ့နေ့က အွန်လိုင်းမှာ သူမနဲ့တွေ့တော့ ကျွန်တော်က
"ကျွန်တော်ဓါတ်ပုံရိုက်ချင်တယ်.... ရှုခင်းကောင်းကောင်းလေး တွေ ဘယ်နားမှာ ရှိမလဲမသိဘူး......"
"ရှုခင်းကောင်းကောင်းလေးတွေ သက် တို့ အိမ်နားမှာ များကြီးပဲ အိမ်နား လာရိုက်မလား..."

သူမက သူမကိုယ် သူမ သက် ဟု သုံးနှုန်းတတ်သော မေသက် ဟုခေါ်သည့် အမျိုးသမီးလေးဖြစ်သည်။

"တကယ်လား ကျွန်တော် လာခဲ့မယ်" ဆိုတော့ သူမက သူမရဲ့ အိမ်လိပ်စာပြောပြတယ်....။ ဒါက Cupid လွှတ်လိုက်တဲ့ မြှားတစ်စင်းမှန်း သူမရော ကျွန်တော်ပါ မသိခဲ့ကြပါဘူး....။

သူမရဲ့ အိမ်ရောက်တော့ သူမပြောခဲ့တဲ့အတိုင်း သူတို့ အိမ်ပါတ်ဝန်းကျင်က အရမ်းလှပါတယ်...။ အဲ့ဒါတွေထက် အကျီအဖြူလက်ပြတ် ၊ ဂျင်းဘောင်းဘီ ၊ ဖိနပ် ပန်းရောင်လေးနဲ့ သူမဟာ ထင်ထားတာထက် အရောင်အသွေးစုံလင်စွာ လှပနေလို့ သူမကို ဓါတ်ပုံရိုက်ချင်ခဲ့ပေမယ့်  ၀ါးတားတား ပုံတစ်ပုံပဲ ရိုက်ဖြစ်ခဲ့တယ်...။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းနှလုံးသားလေးထဲမှာတော့ သူမက တစ်သက်စာ စွဲထင်သွားခဲ့တာ ခုထက်ထိပေါ့.......။
ဒီလိုနဲ့................
သူမနဲ့ ကျွန်တော် မြစ်ကမ်းဘေးမှာ လမ်းအတူလျှောက်ခဲ့ကြတယ်......
သူမရဲ့ အိမ်အရှေ့က ခုံပြာလေးမှာ အတူထိုင်ခဲ့ကြတယ်.....
သူမကြိုက်တဲ့ ရုပ်ရှင်တွေ အတူကြည့်ခဲ့ကြတယ်.....
သူမနဲ့ အတူ ထမင်းတွေစားခဲ့ကြတယ်.....
ဓါတ်ပုံတွေရိုက်ခဲ့ကြတယ်...

အဲ့သည့်နေ့က နောက်ဆုံးအကြိမ် ဓါတ်ပုံအတူ ရိုက်ဖြစ်ခဲ့တယ်..... စကားတွေလဲ အများကြီးပြော ဖြစ်ခဲ့တယ်။ အတူရှိနေခဲ့တဲ့အချိန်တွေဟာ ဘာနဲ့မှ လဲလို့မရနိုင်ခဲ့ဘူး...။ သက်တမ်းကုန်ခါနီး ဖယောင်းတိုင်တစ်ချောင်းက အစွမ်းကုန်လောင်ပြနေမှန်းတော့ ဘယ်သူက သတိပြုမိခဲ့မှာ....။  အဲ့သည့်နေ့က တကယ်ပဲ ကျွန်တော့် အတွက် အပျော် ဆုံးဖြစ်ခဲ့ရတယ်.....။

"ကိုတို့နှစ်ယောက်ချစ်သူဖြစ်ခဲ့ကြတာ နှစ်နှစ်ပြည့်တော့မယ်နော်။"
အစမရှိအဆုံးမရှိစကားကြောင့် မေသက် သူ့ကိုမော့ကြည့်လိုက်တယ်။ ခန့်ထူး ကတည်ကြည်သော မျက်နှာထားနဲ့ ပြောနေခြင်းဖြစ်သောကြောင့် မျက်ခုံးလေးပင့်ပြီး ပြုံးပြလိုက်တယ်။ ခန့်ထူးဘာမှ ဆက်မပြောဖြစ်ပါ... ပြန်ပြီးသာပြုံးပြဖြစ်ခဲ့သည်။

လက်ဘက်ရည်ဆိုင်ထိုင်တိုင်းအမြဲကြားနေရတဲ့စကားက ခန့်ထူး အရှိုက်ကို ထိုးလိုက်သလို အောင့်အောင့် သွားသည်။ ဒီစကားတွေကြားနေရတာ အခုမှ မဟုတ်၊ လွန်ခဲ့သောတစ်နှစ်ခန့်ကပင်ဖြစ်သည်။ မင်းကောင်မလေး တခြားကောင်တွေ နဲ့အီစီကလီလုပ်နေတယ် ဟူသော စကားလောက် နားခါးတာမရှိ။ သို့သော် ချစ်တဲ့စိတ်နဲ့ မျက်စိမှိတ်ဆက် ချစ်နေပေးခဲ့တာ ခုဆို နှစ်နှစ်ပြည့်ခဲ့ပြီ။ ဟုတ်ပါတယ် သူမ...။ သူမဆိုတာ မေသက် ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူမ ရှိလျှင် ကျွန်တော့်ဘ၀မှာ ပြည့်စုံနေပြီး သူမ မရှိလျှင် ကျွန်တော့်ဘ၀က တစ်မရှိတဲ့ သုည လိုပဲ။ တန်ဖိုးမရှိသလို အဓိပ္ပါယ်တို့ မဲ့နေသယောင်....။  သူမ ကို ကျွန်တော့်ဘ၀ထဲက ထွက်ခွာသွားစေဖို့ ကျွန်တော့်ဘက်ကလုံးဝ မစဉ်းစားခဲ့ဖူးဘူး။ သူမကို ကျွန်တော့်အနားမှာ ၊ ကျွန်တော်သွားလေရာပါလာတတ်တဲ့ လက်ဖွဲ့အဆောင်လေးလို သိမ်းဆည်းထားချင်ခဲ့တာပါ။ ကျွန်တော်ချစ်သလို သူလည်းကျွန်တော့်ကိုချစ်သည် ဟု ကျွန်တော်ထင်သည်။ သူမ တခြားသူတွေနဲ့ အီစီကလီရိုက်တယ်လို့ သတင်းကြားရင် စိတ်ထဲမှာ ကယောက်ဂယက်နဲ့ အရူးတစ်ယောက် လို ဖြစ်ခဲ့ရပေါင်းလဲများခဲ့ပြီ။ ဘုရားရောက်တိုင်းလဲ ဆုတောင်းမိတယ် သူမရဲ့ ချစ်သူက ကျွန်တော်က လွဲပြီး တခြားသောသူ မဖြစ်ပါစေနဲ့ လို့ပေါ....။ ဒါပေမယ့် ဆုတောင်းတို့မပြည့်ခဲ့ပါဘူး...။  သူမ ကျွန်တော့်အပေါ် ချစ်သော အချစ်မျိုးနဲ့ပင် တခြားယောကျာ်းလေးတွေကိုလည်း ချစ်ခဲ့သေးတယ်။ ပထမဆုံး ကြားသိခဲ့ရတော့ မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်....။   ကျွန်တော်တို့ ချစ်ခဲ့ကြတဲ့  ၂ နှစ်သက်တမ်းအတွင်းမှာ သူ့အပေါ်ပေးဆပ်နိုင်တာထက် ပိုပြီးပေးဆပ်ခဲ့တယ်။ ဒါကိုလည်းသူသိတယ်။ ဒါပေမယ့် အဲ့တာတွေက သူ့အတွက်မလုံလောက်လို့လား၊ ကျွန်တော်အရမ်းချစ်ခဲ့လို့ ကျွန်တော့်အချစ်တွေ ကို အပေါစားအဖြစ် ပြောင်းလဲပစ်လိုက်တာလား ဆိုတာကိုတော့ သူကိုယ်တိုင်ပဲသိမှာပါ။ သေချာတာကတော့ ကျွန်တော် အသုံးမကျခဲ့လို့သာ ၊  ကျွန်တော် တခြားကောင်တွေလောက် မချစ်တက်သေးလို့ပဲ ဖြစ်မှာပါ ၊ တခြားကောင်တွေလို သူ စိတ်ကျေနပ်လောက်အောင် မချစ်တတ်ခဲ့လို့သာ ဖြစ်မှာပါ ၊ သူမ လိုအပ်တာ ဘာမှန်းသေချာမသိပဲ ပေးချင်တာတွေပဲ ပေးခဲ့တဲ့ ကျွန်တော့်အမှားတွေသာဖြစ်မှာပါ လို့စိတ်ထဲတွေးရင် သူပျော်ဖို့ အတွက်ဆုံးဖြတ်ချက် တစ်ခုကိုချလိုက်တယ်။ ကျွန်တော်တို့ချစ်သူသက်တမ်း ၂ နှစ်ပြည့်ပြီး ခြောက်ရက်အကြာမှာ ကျွန်တော့် သူမနဲ့ လမ်းခွဲခဲ့တယ်။ ကိုယ့်ဘ၀နဲ့ကိုယ်သာ.......။  ကျွန်တော့်စိတ်ထဲမှာတော့

အချစ်ကိုတန်ဖိုးမထားတက်တဲ့

ကောင်မလေး

တစ်ချိန်ချိန်တော့

အချစ်ကိုနားလည်လာပါစေ

လို့သာဆုတောင်းရင်း.....


သူမ ပြန်မလာတော့မှာကို သိပေမယ့် ဘယ်တော့များ ပြန်လာမှာလဲလို့ စောင့်မျှော်နေမိတယ်...။ အရင်လို နွဲ့ဆိုးဆိုးလို့ရတဲ့ ရင်ခွင်တစ်ခုကို ပိုင်ဆိုင်နေရတာရော ဟုတ်ရဲ့လား....။ မင်းကြိုက်တဲ့ ရေခဲမုန့် စားတဲ့အခါတိုင်း မင်းကို ခွံကျွေးခဲ့ဖူးတဲ့ ငါ့လက်တစ်စုံကိုရော သတိရနေမှာလား....။ ကျွန်တော့မှာသာတွေးရင်းနဲ့.................။

သူမက တော့ ကျွန်တော် မဟုတ်တဲ့ တခြားရင်မှာ ပျော်နေမှာလား။ စိတ်ချမ်းသာရဲ့လား လို့ တစ်ခါ နှစ်ခါ မဟုတ်ပဲ ခဏခဏ ကို စဉ်းစားကြည့်မိဖူးတယ်...။ ဘာပဲ ဖြစ်ဖြစ် သူမ အဆင်ပြေပါစေ...............။

လေတံခွန် Vs သွေး

CopyRight Credit To 95.1 Street FM

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!