.... ယနေ့သည်......

Monday, September 24, 2012

Save The World

အဆိပ်သင့်ကမ္ဘာ


ပျောက်ရှနေတဲ့အရာတွေအတွက်
ခပ်ရင့်ရင့်ကဗျာတွေရေးရဦးမယ်............
သက်မဲ့တွေ အသက်ရှုနှုန်း မြင့်လာတဲ့ခောတ်ထဲမှာ
သက်ရှိတွေရဲ့ မနက်ဖြန်ဟာ
မသေချာတော့................။

တစ်ယောက်နဲ့တစ်ယောက်
အဏုမြူလက်နက်တွေနောက်
ဆန်းသစ်တီထွင်လိုက်ကြရင်း
တစ်ယောက်ကိုတစ်ယောက်ကြောက်နေကြတုန်း..........
နှာခေါင်းကိုအပြည့်အ၀ဖွင့်လို့
လေကိုတ၀ရှုဖို့တောင်တွန့်ဆုတ်
ဒူးတုတ်လို့ ဘုရားသုခင်အောက်တောင်းဆုခြွေ
ကမ္ဘာမြေရဲ့ မနက်ဖြန်တွေ သာယာပါစေ..................။
ရှတတနေရောင်အောက်မှာ
ပျော်ဝင်သွားတဲ့ရေခဲတွေအောက်
ပင်လယ်တွေများချိုသွားတော့မလား.........
ကမ္ဘာမြေများကျဉ်းသွားလေမလား.............
အဲ့ဒါတွေ ကြောက်............
မျှော်လင့်လို့တောင်းဆုခြွေ
၂၁ ရာစုအဆုံးတိုင်အောင်တည်ပါစေ.......................။


၁၉ရာစုထဲရောက်လာတော့ နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်မက်ဖြစ်ပွားမှုတွေ များလာတယ်........။ ကိုလိုနီ နယ်ချဲ့ ဖို့ဆိုတာ အင်အားကြီးလာရင်လုပ်ဖို့လို့ တွေးလာတယ်.....။ ကိုယ့်နိုင်ငံကို ကမ္ဘာမြေမှာ တစ်နေရာရအောင် အသက်စွန့်ချင်လာကြတယ်......။ မနက်ဖြန်ဆိုတာ ငါတို့ရဲ့ ကမ္ဘာပဲဖြစ်ရမယ်လို့ အစွန်းရောက်လာကြတယ်.......။ တစ်နေရာက တစ်နေရာကိုနယ်ချဲ့ နေမ၀င်အင်ပါယာတွေကို အပြိုင်အဆိုင်ထူထောင်............။ မတော်မတရား သိမ်းပိုက်ခံရတဲ့ နယ်မြေတွေကမကျေနပ်.....။ ကိုယ့်နိုင်ငံကသူ့နိုင်ငံဖြစ်......။ အင်အားကြီးနိုင်ငံတွေကြား နိုင်ငံငယ်လေး တွေက   မြေဇာမြက်ဖြစ်ကြရတယ်......ဒီလိုနဲ့ တိုးတိုးတိတ်တိတ်တော်လှန် နေရာတိုင်းလိုလို မငြိမ်းချမ်းတော့.....။ ၁၉ရာစုကြီးအိုမင်းလို့ကမ္ဘာမြေကိုစွန့်ခွာသွားတဲ့အချိန်မှာ ငြိမ်းချမ်းမှုက ကမ္ဘာပေါ်မှာ ရှားပါးလို့........။     ရုပ်တည်ကြီးနဲ့ ၂၁ ရာစုကမွေးဖွားခဲ့တယ်....။ ၂၁ ရာစုရဲ့ပျိုဖော်ဝင်ချိန်မှာပဲ မကျေနပ်ချက်တွေ ပေါက်ကွဲပြီး ကမ္ဘာလုံး ဆိုင်ရာ ပထမကမ္ဘာစစ် ဆိုတာဖြစ်လာခဲ့တယ်...။ ကြာလာတော့ မခံနိုင်တော့တဲ့ ဂျာမန်တွေ အရှုံးပေးအကျအဆုံး များစွာနဲ့ အသက်ပေါင်းများစွားကို စတေးပေးလိုက်ရတယ်......။ ဒါနဲ့လဲမပြီးသေး...... ဂျာမန်တွေကအနှိမ်ခံ ဒုက္ခတွေ အမျိုးမျိုးရောက် အာဃာတတရားတွေကြီးစိုးပြီး နာဇီတွေ မွှေးတဲ့မီးနဲ့ ဒုတိယကမ္ဘာစစ်ထပ်ဖြစ်....။ လူတွေက ကျီးလန့်စာစား ဂျူးလူမျိုးတွေ အသက်ပျောက်.... ဒီလိုနဲ့ဒုက္ခတွေရောက်နေတုန်း ဟီရိုရှီးမားကို အစအနဖျောက် လိုက်တဲ့ အဏုမြူဗုံးဆိုတာကြောင့် အားလုံးကြောက်ပြီးငြိမ်သွားကြတယ်......။ တစ်ယောက်ကိုတစ်ယောက် အသည်းအသန်ကြောက်ရင်း လက်နက်တွေတီထွင် တတိယကမ္ဘာစစ်အတွက် ပြင်လာကြတယ်.။ ဒါပေမယ့် ဖြစ်မလာတော့ဘူး.......။ လူတွေ ကြောက်တတ်ကုန်လို့လား..။      တစ်ယောက်နဲ့တစ်ယောက် ကြောက်နေလိုက် ကြတာ တုတ်တုတ်တောင်မလုပ်ရဲ ကြတော့ဘူး.....။  ကုတ်ကုတ်ကုတ်ကုတ်နဲ့သာ အဏုမြူလက်နက်ဆိုတာကို တီထွင်နေကြတယ်.......။   အဲ့သည့်ကဘေးထွက်ဆိုးကျိုးတွေက ကမ္ဘာမြေကို ညစ်နွမ်းစေလာတယ်......။ အိုဇုန်းလွှာတွေ ပေါက်ပြဲ..........။ ကမ္ဘာကြီးလဲပူနွေးလာ..... ရေခဲတောင်တွေအရည်ပျော်...... ပင်လယ်ရေမျက်နှာပြင်မြင့်တတ်နဲ့ ၂၀ရာစုကြီးကလဲ ချိနဲ့စွာ စွန့်ခွာသွားခဲ့ပြန်ပါရောလား........။ ၂၁ရာစုရဲ့ အစကလဲမလှပခဲ့ပါဘူး.........။ အားလုံးကြောက်နေကြတဲ့ အဏုမြူလက်နက်သုံး တတိယကမ္ဘာစစ်ဆိုတာ ဖြစ်မလာပေမယ့် ရာသီဥတု ဖောက်ပြန်မှုတွေ ပိုလို့ဆိုးရွားလာခဲ့တယ်.....။ ကမ္ဘာအနှံရေးကြီးတာ ငလျင်လှုပ်တာ မုန်တိုင်းတိုက်တာ အဲ့လိုအဲ့လိုတွေနဲ့ ၂၁ရာစုကြီးမှာ ရောဂါဘယတွေ ထူပြောလာတယ်......။ ဆားစ်ရောဂါတဲ့.......... လူတွေသွေးပျက်ကုန်ကြတယ်.......။ ဘယ်သွားသွားဘယ်လာလာ mask တွေအုပ် ဒူးတွေတုပ်လို့ ဆိုင်ရာဆိုင်ရာ ဘုရားသခင်တွေဆီမှာ ဆုတောင်းသံတွေပျံ့ကျဲလို့......။ ကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့ ဆူနာမီ ဘာတွေကို အရင်းပြုလာပါသလဲ.....။ ကြက်တွေငှက်တွေ တုပ်ကွေးဖြစ် ခုခံအားတွေကျဆင်းကုန်ပြီလား.....။ ဘာလို့များနှလုံးသား တွေလဲအအေးပါတ်နေရပါလိမ့်........။ စာနာမှုတွေလဲကင်းမဲ့........ တိုက်လိုက်သေးတယ်....... နာဂစ်ဆိုတာက လူတွေကို အထိနာပြီး ဂစ်ကနဲမြည်အောင်အပြုတ်တိုက်သွားတာ တော်တော်လေးကိုချိနဲ့သွားခဲ့ရသေးတယ်...။ လာပြန်ပြီ ၀က်တုပ်ကွေး H1N1 ၂၁ရာစုကြီး နှစ်ပေါင်း၁၀၀ တောင်တည်နိုင်ပါဦးမည်လေစ....။ ကြောက်လှပါပြီဆိုတဲ့ တတိယကမ္ဘာစစ် ကမ္ဘာကြီးကိုဖျက်ဆီးပစ်မယ့် အဏုမြူဗုံး........ မသုံးပေမယ့် ကမ္ဘာကြီးကတော့ ပြိုတော့မလားလေ.... တွေးလေတွေးလေ ကြောက်ဖို့ကောင်းလေပဲလေ.....။ ဒါတွေကိုတွေးကြောက် သစ်ပင်တွေလျော့ခုတ်........... တိရိစ္ဆာန်တွေလျော့သတ်.... ကိုယ့်အသက်လိုတန်ဖိုးထား..............သူတို့က ကမ္ဘာကြီးကိုတစ်ဖက်တစ်လမ်းက ကယ်တင်မှာ.......။ ၂၁ ရာစုကို သက်ဆုံးတိုင်တည်စေဖို့ ငါတို့မေတ္တာတရားတွေပြန်လည် မွေးမြူကြစို့........။ အဲ့သည့်အတွက် လူတစ်ယောက်လျှင် သစ်တစ်ပင်စိုက်ပါ......။ သယံဇာတတွေကိုခြွေတာပါ......။ ကြွတ်ကြွတ်အိတ် တွေ လျော့သုံးပါ........။ စပ်တပ်ယာဉ်တွေကို တစ်ပါတ်မှာ ၃ရက်လောက်အနားပေးထားလိုက်ပါ........။ ကမ္ဘာပျက်မယ့် အရေး တွေးကြောက်ကြည့်ပါ.....။ ကျွန်တော်တို့ရဲ့ သားမြေးတွေအတွက် နာမကျန်းတဲ့ကမ္ဘာကြီးကို ပြုစုပေးလိုက်ပါ.......။ ၂ရာစုမှသည် ရာစုနှစ်ပေါင်းများစွာတည်တံ့အောင် ကမ္ဘာကြီးကို ဆေးကုပေးလိုက်ကြရအောင်................။

စာကြွင်း။ ။ မဖြစ်စလောက်ဥာဏ်လေးနဲ့တွေးပြီးရေးထားတာပါ.....။ အမှားရှိလျှင်ပြင်ဆင်ပေးပါ.......။   လူဆိုတာ အမှားမကင်းဘူး နားရှင်းလား ဆိုတဲ့သီချင်းလို ကျွန်တော့်ရဲ့ အမှားလေးတွေရှိနေရင် ထောက်ပြပေးကြပါ..........။ စာဖတ် သူအားလုံးကို ကျေးဇူးတင်ပါတယ်......။

{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!