.... ယနေ့သည်......

Thursday, March 14, 2013

သို့ .. ညီမလေး

ညီမလေး
တိမ်တွေ ပြိုတော့မယ် ....
လွတ်ရာကိုသာ ခိုနားပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် အလုံခြုံဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
မိုးတွေ ညိုတော့မယ် ....
ဘေးကင်းရာမှာ နားခိုပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် ဘေးအကင်းဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
အပြင်လောကကြီးမှာ
မုန်တိုင်းခက်ထန်တယ်ဆိုတာ
ဝတ္တူတွေ ရုပ်ရှင်တွေ ထဲကလို ဖြေရှင်းဖို့မလွယ်တာတော့အမှန်ပါ ...

ညီမလေး
တစ်ချိန်ချိန် ဒုက္ခဆိုတဲ့ဖိနပ်ကြီးကိုစီးထားရပြီဆိုရင်
ကိုကို့ဆီကို ပြန်လာခဲ့ပါ ...
ညီမလေးအတွက် အလှပဆုံးရွှေရောင်ဖိနပ်လေး
ကိုကို ကိုယ်တိုင် ၀တ်ဆင်ပေးဖို့ အသင့်ပါ ....

(သွေး)

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!