.... ယနေ့သည်......

Monday, February 11, 2013

ဖေဖော်ဝါရီ ထဲက ဂီတ


ဖေဖော်ဝါရီ ထဲက ဂီတ

ဖေဖော်ဝါရီရေ......
သိပ်ကို ကျေးဇူးတင်ပါတယ်
ဆောင်းညပေမယ့် နွေးထွေးဆဲ
သူမ ရဲ့ စကားသံလေးတွေ
" ဟုတ်ကဲ့ရှင့် " တဲ့..
သိပ်ကို တင့် တယ် ခဲ့ပါတယ် ဖေဖော်ဝါရီ......

အချစ် ဆိုတာ နှုတ်ထွက်စကား သက်သက် မဟုတ်ခဲ့
ရင်မှာ သိုသိပ်စွာ ခံစားခဲ့တာပါ ကလေးမရေ
ငါ့မနက်ဖြန်ဟာ နင့်အတွက်
စိတ်ကူးယဉ် သက်သက် အွန်လိုင်းဇာတ်လမ်း တစ်ပုဒ်
မဟုတ်ခဲ့ပါဘူး မိန်းမငယ်ရေ........

ကော်နက်ရှင်တွေ ပြတ်တောက်တဲ့ ညတိုင်း
ဖုန်းလိုင်းမအားတဲ့ အခါတိုင်း
ဘယ်လိုပဲ စိတ်ဖောက်ဖောက်
သူမရဲ့ ဟယ်လို ချိုချို လေးကို
နှိုက်မြည်းခွင့်ရတိုင်း
ဒေါသတွေ ပျောက်ရှ
အချစ်စိတ်သာကြီးစိုး
အရာရာကို ကန်းခဲ့ဖူးတယ်......။

ဟုတ်ပါတယ် ဖေဖော်ဝါရီရေ
အချစ်တွေဖုံးလို့ ကန်းခဲ့ပါတယ်
ကျေးဇူးတင်ပါတယ် ဖေဖော်ဝါရီရေ
ဘယ်သူမှမသိခိုက် တိုးတိုးတိတ်တိတ်လေး
နမ်းလိုက်ပါတယ် မိန်းမငယ်ရေ............။

လေတံခွန်



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!