.... ယနေ့သည်......

Thursday, February 7, 2013

ဘယ်လိုပြောရမလဲဗျာ .....


ယုံကြည်ခြင်းဆိုတာကိုရယူဖို့အတွက်
စကားလုံးတွေနဲ့ဖွဲ့နွဲ့ပြီး မပြောဆိုချင်တာက ကျွန်တော့်သဘာဝ

ယုံကြည်မှုဆိုတာ
အော်ဟစ်တောင်းဆိုလို့ရနိုင်တဲ့
အရာမျိုးလား ...

ခေတ်နှောင်းတေးသီချင်းတစ်ပုဒ်လို
အချိန်ယူနားထောင်မှ သိနိုင်မယ့် တန်ဖိုးမျိုးနဲ့

ဘယ်လိုပြောရမလဲဗျာ .....
ယုံကြည်ခြင်းဆိုတာကိုရယူဖို့အတွက်
စကားလုံးတွေနဲ့ဖွဲ့နွဲ့ပြီး မပြောဆိုချင်တာက ကျွန်တော့်သဘာဝ ....

လူဆိုတာလည်းအခက်သား ....
ယုံကြည်မှုတော့လိုချင်ကြတယ်
ယုံကြည်အောင်ကြိုးစားဖို့ကျတော့
တွန့်ဆုတ်နေကြပြန်ရော ......






No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!