ရေကြည်လေး တစ်ပေါက်စာအတွက်
ထမင်းဝိုင်းလေး ၀မ်းမီးငြိမ်းအောင်
မိတ်ကပ်ဖွေးဖွေးလေးလိမ်း
တိုနံ့နံ့ စကပ်ပါးလေးနဲ့
အိတ်ကပ်ထဲက အပြုံးလေးကို နှုတ်ခမ်းပါးထက် မြန်းပြီး
ညအခါ လကွယ်ခဲ့ရတဲ့ ဘဝ
အများခေါ်တဲ့ တို့နာမည်က"ညဥ့်ဌက်လေး" တဲ့။။။။။။။။။
ညဌက်ကလေး နမ်းတဲ့ပန်းဟာ
မလန်းပေမဲ့......
ဘ၀နွမ်းနွမ်းထဲက ငွေကြေးတွန့်ကြေကြေတွေဟာ
အမေတို့အတွက် ထမင်းစားလက်မှတ်လေး ဖူလုံမှာပါရှင်။
""အမေ နေကောင်းရဲ့လား""
သမီးဖုန်းမှန်မှန် မဆက်တာ........
သမီးအိပ်ချိန်လေးတွေ တိတ်တိတ်လေး ခိုးရောင်းထုတ်နေရလို့ပါ အမေ။။။။
ညီမလေးနဲ့ မောင်လေးရော
ကျောင်းစာတွေ လိုက်နိုင်ကြရဲ့လား........
သူတို့လေးတွေ ပညာတတ်ကြီး ဖြစ်ရင်
တစ်လောကလုံးမှာ သမီးအပျော်ဆုံးဖြစ်မှာ.........အမေရဲ့။
အမ...မသင်လိုက်ရတဲ့ ကျောင်းစာလေးတွေသင်ဖို့
ညီမလေးတို့ဆီ.....
အမရဲ့နေမ၀င်ခင်အချိန်လေးမှာ ပြန်ခဲ့မယ်။။။။။
အမတတ်တဲ့ ဘ၀စာမျက်နှာတွေကိုတော့
မြို့ပြရဲ့ ညအခါလသာသာထဲက ညတေးသွားလေးအဖြစ်
ကမ်းနံဘေး မှေးတင်ချန်ခဲ့တော့မယ်ကွယ်.....။
အမေရေ......မောင်လေးရှင်ပြုဖို့
သမီးငွေစုပြည့်ရင် ပြန်လာခဲ့ပါ့မယ်။။။
အဖေ့အတွက်လဲ ကောင်းမှုပြုအမျှဝေ ချင်တယ်....
သမီးတို့ မိသားစုလေးရဲ့ အပျော်တွေ မဝေးတော့ဘူး ထင်တယ်နော် ။။။။
အမေရေ.....
မနက်အိပ်ရာဝင်တိုင်း
သမီးငိုတယ်..သိလား
သမီးတို့ အိမ်ယိုင်ယိုင်လေးကို လွမ်းလို့လေ။။။။။။။
၂၀.၁၁.၁၂
MS
.... ယနေ့သည်......
Subscribe to:
Post Comments (Atom)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!
No comments:
Post a Comment