.... ယနေ့သည်......

Monday, November 12, 2012

အလွမ်း ရက်ရှည် .....



မနက်ခင်းတိုင်း
ထွန်းတောက်နေတဲ့နေမင်းကြီး
ပုံမှန်အတိုင်း
မထွက်လာနိုင်ခဲ့ရင်

ညစဉ်ညတိုင်း
ဝင်းပနေတဲ့ လ၀န်းလေး
ပုံမှန်အတိုင်း
မထွက်လာနိုင်ခဲ့ရင်

နေ့စဉ်နေ့တိုင်း
မြင်တွေ့နေရတဲ့ မျက်နှာလေး
ပုံမှန်အတိုင်း
မြင်ခွင့်မရခဲ့ဘူးဆိုရင်

နေ့စဉ်နေ့တိုင်း
ကြားနေရတဲ့ ရယ်သံလေး
ပုံမှန်အတိုင်း
ကြားခွင့်မရခဲ့ဘူးဆိုရင်

ရှိရင်းစွဲ အဖြစ်အပျက်တွေ ကတော့
မပြောပလောက်ဘူးဆိုပေမယ့်
ထူးထူးခြားခြားချစ်မိခဲ့တဲ့ကျွန်တော့်အတွက်ကတော့
နေမထွက် လမသာ တဲ့အချိန်တွေ ထက်ဆိုးဝါးနေတယ်




No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!