.... ယနေ့သည်......

Saturday, September 22, 2012

ဆုတောင်း


ဆုတောင်း

ရယ်စေချင်ရင် ရယ်မောနေခဲ့သူ
ငိုစေချင်ရင် ငိုကြွေးပေးခဲ့သူ
ထို့အတွက် ကျေနပ်ပေးခဲ့သူ .... ။

သူမသွားမယ့်လမ်းအတွက်
ကျွန်တော်ကိုယ်တိုင် လမ်းခင်းပေးချင်ခဲ့သူ
သူမဖြစ်ချင်တဲ့အရာအားလုံးအတွက်
ကျွန်တော်ကိုယ်တိုင် ပေးဆပ်ချင်ခဲ့သူ
ထို့အတွက် နောင်တမရခဲ့သူ .... ။

သူမ ဆန္ဒအားလုံးပြည့်ဝစေဖို့အတွက်
ကျွန်တော်ကိုယ်တိုင် မှော်ဆရာ အဖြစ် အသွင်ပြောင်းခဲ့သူ
ထို့အတွက် ....
ထို့အတွက် ....
ထို့အတွက် ....
ဆုတောင်းပြည့်ချင်ခဲ့သူ



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!