.... ယနေ့သည်......

Tuesday, September 25, 2012

စနေ အလင်းအတွက် သောကြာ ရှင်းတမ်း

ရှေ့တိုးရင်းခရီးမပေါက်
လမ်းတွေကပျောက်နေတုန်းပဲ.....
အပြာရောင်အချစ်အောက် ဒူးတုတ်
ချောက် ချောက် ချောက် နဲ့ keyboard ကိုနှိပ်
စကားလုံးအစိမ်းတွေရိုက်သွင်း

ငါ့အချစ်ကိုပစ်ခွင်းရင်း
အလင်းနဲ့အမှောင် မသဲကွဲခင်ကပဲ
အလင်းတွေပျိုးရင်း ညှိုးခဲ့တယ်နော်............။
သောကြာ...... ပျားရည်လူးတဲ့သောကြာ.......
အထောက်အထားတွေမပါပဲ
ဒီနေ့ ဒီမှာ တွေ့မယ်..............
ဒီအချိန်ဆို ကွန်ယက်တွေဆက်စပ်ရင်း
အချစ်တွေကို မီးထိုးလိုက်တယ်........
နင်ကလဲပြုံး ငါကလဲအရှုံးတွေနဲ့
ပုန်းနေလိုက်သေးတယ်...........
သောကြာကြယ်ကခပ်တောက်တောက်
နှုတ်ဆက်သွားတဲ့အခါ........
အမုန်းဆိုတာ ကမ္ဘာမှာပန်းတွေကိုပါ
အရိုးကနေ ချိုးစေလိမ့်မယ်.......
မဖြစ်သေးဘူး.... ဒီနေ့သောကြာ
အစိမ်းရောင်လေးလင်း ငါ့အပြစ်တွေရှင်းမှ
မနက်ဖြန်မှာ စနေအဆင်းက
ခပ်ရှင်းရှင်းနဲ့ နေမင်းလဲ ခြေခင်းသာလိမ့်မယ်........။
အမှားမှားအယွင်းယွင်း
ငါအပြစ်တွေမကင်းလဲထားပါ.....
မင်းပြုံးမှာပဲမြင်လိုတယ်.......
နှလုံးသားကို ဓါးနဲ့ထွင်း
အတွင်းဆုံးထိ ခပ်ရှုင်းရှုင်းနှိုက်ကြည့်...
ချစ်ခြင်းရဲ့အလင်းက အဆုံးမရှိ.....
စနေနေ့အတွက်ရှင်းရမယ့်....
သောကြာရဲ့အပင်းတွေ............။
ညှင်း ညှင်း ညှင်း.............
မင်းစိတ်ကြိုက်သာညှင်း...........
ငါကအထားအသိုတွေမှားရင်း
ဒီလိုသောကြာနေ့တွေများ
စနေနေ့တိုင်း ခါးခဲ့ရပြီ.......
ဟုတ်ပါရဲ့......
သောကြာနေ့တွေများ စနေနေ့တွေခါးခဲ့တာ
အလွမ်းဆိုတဲ့အရိုးအရင်းတွေကြား
နှလုံးသားက အတင်းတိုးရင်းသွားတော့
လွမ်းတယ်ဆိုတာကိုပဲ ရိုးမယ်ဖွဲ့လို့
ခပ်ပါးပါးအနားတွေနဲ့ဘောင်ခတ်
လှောင်အိမ်ထဲကငှက်လိုပဲ
ငါထိုးတဲ့ငါ့တဲ..... ငါ့အတွက်ပဲ မိုးလုံတယ်.......
အတွေးတွေက ဘောင်ကျဉ်း
အချစ်တွေက ဘေးကျပ်နံကျပ် နှလုံးသားကထွက်လို့
သောကြာမှာမပြို စနေမှာမိုးတွေလိုယို
ဘယ်တော့မှ မစဲတော့ဘူး ကလေးမလေးရေ.............။

{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!