.... ယနေ့သည်......

Sunday, September 30, 2012

အပြည်ပြည်ဆိုင်ရာအသည်းကွဲနေ့

ဟိုမှာ ဒီမှာ ကြည့်လိုက်ရင် 
ပျော်စရာတွေ ပြည့်နေတာပေါ့ ။

ပျော်ရွှင်မြူးကြွစွာ လျှောက်သွားနေကြတာ
မြင်ကွင်းကတော့ လှပါတယ်

အော် ...
ဒီနေ့က 
February 14 ရက်နေ့ပဲ 
အပြည်ပြည်ဆိုင်ရာချစ်သူများနေ့

ဘယ်နေရာကြည့်ကြည့် အသက်မ၀င်လှဘူး
ဘယ်ကိုသွားသွားမစည်ကားဘူး

အရာအားလုံးအသက်မဲ့နေသလို
ကျွန်တော်ကိုယ်တိုင်လည်း 
စိတ်ဝိဥာဉ်ကင်းမဲ့နေတယ်

ကျွန်တော်တစ်ယောက်တည်းဖြစ်ချင်မှ ဖြစ်မယ်
ကျွန်တော့်နည်းတူ
အသည်းကွဲနေတဲ့လူတွေအတွက် 
၃၆၅ ရက်သောနေ့တွေထဲက တစ်ရက်လေးပဲ 
ကျွန်တော်တို့ကိုအပိုင်ပေးပါ

အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ 



No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!