.... ယနေ့သည်......

Friday, September 21, 2012

အစိမ်းစား သတ္တ၀ါ ..

အစိမ်းစား သတ္တ၀ါ ..

စိမ်းလန်းနေတဲ့ ပန်းခြံလေး 
ငါ့ကြောင့် ပျက်စီးသွားခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။

စီးဆင်းနေတဲ့ မြစ်ရေတွေ 
ငါကြောင့် ခန်းခြောက်သွားခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။

ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို
ငါကြောင့် အုံ့မှိုင်းသွားစေခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။

ပျော်ရွှင်နေတဲ့ ဘ၀တစ်ခုကို
ငါကြောင့် သေဆုံးသွားစေခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။





No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!