.... ယနေ့သည်......

Friday, September 21, 2012

ဟောင်းနွမ်း ၊ မှတ်တမ်း ၊ ဇာတ်လမ်း

ဟောင်းနွမ်း ၊ မှတ်တမ်း ၊ ဇာတ်လမ်း



သတိရခြင်း ဆိုတာ
တစ်ခါတစ်လေတော့လဲ
မကောင်းဘူးလားလို့..............
အိပ်ခါ နီးတော့လဲ နင်
အိပ်ပျော် သွားတော့လဲ နင်
အိပ်ယာ နိုးလာတော့လဲ နင်............
ခဏခဏ ကို ငါ့ရင်ထဲ ၀င်ဝင်လာတယ်..........။

နင့် စိတ်နဲ့စား နင့်စိတ်နဲ့ သွား တာတော့ မဟုတ်ဘူး......
အားလပ်နေတဲ့အချိန်တိုင်း နင့်ကိုပဲ သတိရ
အဲ့သည် စိတ်က သိပ် ကြောက်ဖို့ကောင်းတယ်..........။
တခ်တလေတော့လဲ
သိပ်ကို ယဉ်ကျေး..........
ငါ့စိတ်ကိုအေးစေတယ်.......။
နင့်ဆီက ဘာမှကို မလိုချင်ဘူးလို့ပြောရင်
အဲ့ဒါ ငါလိမ်နေတာဖြစ်သွားမှာပေါ့.........
နင့်အနားမှာ နေချင်တဲ့ စိတ်
နင့် ကို ထိုင်ကြည့်နေချင်တဲ့စိတ်
နင့်ဆီက ပြန်ပို့လာမယ့် Message ကို မျှော်နေမိတဲ့ စိတ်
အဲ့သည့် စိတ်တွေနဲ့ ထုတ်ပိုး
ဒီနေ့ က ဒီဇင်ဘာ ၂၉ ရက်ရှိပြီ ကလေးမ..........။
ငါ့အိပ်မက်တွေက ခဏလေးပဲသာယာ
ခဏလေးပဲ ပျောက်ဆုံး
ဒီဇင်ဘာ ဆောင်းညတွေက အမှတ်တမဲ့ နဲ့ပဲ
နောက်တော့ ဟောင်းနွမ်း မှတ်တမ်းတွေ ဖြစ်သွားမှာပါ.......။
၎ ရက်ဆိုတဲ့ အချိန် ကာလ က သိပ်ကိုတိုတောင်းလွန်းပါတယ်....
ဒါပေမယ့် အဲ့သည့် ခဏတွေကို ပဲ ငါအမှတ်တရ အဖြစ်သိမ်းဆည်း
ရင် ထဲမှာ သော့ခတ်ထား ဆဲပါ...........။

{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!