.... ယနေ့သည်......

Saturday, September 22, 2012

တစ်ဒင်္ဂ

တစ်ဒင်္ဂ


တစ်စက္ကန့်
နှစ် စက္ကန့်
သုံး စက္ကန့် လောက်ပါပဲ....။
ငါတို့ အကြည့်ချင်း ဖလှယ်ခဲ့ကြတယ်...........
ခဏဆို ခဏလေးပါပဲ

ပြောင်းလဲမှု မရှိတဲ့ နင့်မျက်နှာ
ပကတိ ရှင်းလင်းနေဆဲပါ......။
ဖြစ်နိုင်ရင်ငါလေ
နင့် လည်တိုင်မှာ တွဲလွဲ ခို နေတဲ့
အလှဆင်ကြိုးလေးလောက်ပဲ
နင့်အနားမှာ နေကြည့်ချင်တာ ပါ... ကလေးမရေ..။
အဲ့သည့် စိတ်ကူး တဒင်္ဂကို ထုပ်ပိုး
ငါ့ရဲ့ အတိတ် တွေထဲ ခဏ ထိုးထားလိုက်မယ်နော်........
စိတ်ကူးနဲ့မှန်း နင့်ကို ငါနမ်းခဲ့ဖူးပါတယ် ကလေးမရေ.......
ဒါပေမယ့် တဒင်္ဂ ပါပဲ...............
ဟုတ်ပါတယ်..............
တဒင်္ဂ ပါပဲ.........


င်္ဂ
ပါ
ပဲ။

{လေတံခွန်}

No comments:

Post a Comment

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!