.... ယနေ့သည်......

Thursday, March 14, 2013

သို့ .. ညီမလေး

ညီမလေး
တိမ်တွေ ပြိုတော့မယ် ....
လွတ်ရာကိုသာ ခိုနားပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် အလုံခြုံဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
မိုးတွေ ညိုတော့မယ် ....
ဘေးကင်းရာမှာ နားခိုပါလေ
ကိုကို့အရိပ်က
ညီမလေးအတွက် ဘေးအကင်းဆုံးဆိုတာ မေ့နေရော့သလား ...

ညီမလေး
အပြင်လောကကြီးမှာ
မုန်တိုင်းခက်ထန်တယ်ဆိုတာ
ဝတ္တူတွေ ရုပ်ရှင်တွေ ထဲကလို ဖြေရှင်းဖို့မလွယ်တာတော့အမှန်ပါ ...

ညီမလေး
တစ်ချိန်ချိန် ဒုက္ခဆိုတဲ့ဖိနပ်ကြီးကိုစီးထားရပြီဆိုရင်
ကိုကို့ဆီကို ပြန်လာခဲ့ပါ ...
ညီမလေးအတွက် အလှပဆုံးရွှေရောင်ဖိနပ်လေး
ကိုကို ကိုယ်တိုင် ၀တ်ဆင်ပေးဖို့ အသင့်ပါ ....

(သွေး)

Tuesday, March 5, 2013

သူမ နဲ့ ကျွန်တော် ...


ကျွန်တော်က ကျောင်းသားတစ်ယောက်

စင်္ကာပူမှာ Design ဘာသာရပ်ကိုလေ့လာနေတဲ့ကျောင်းသားတစ်ယောက်ဆိုပါတော့ ဗျာ။

ကျွန်တော့်ရင်ခုန်သံတွေ အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်နေတဲ့အချိန်တွေမှာ သူမနဲ့စတွေ့ခဲ့တယ်။

ပျင်းပျင်းရှိ ၀ါသနာအရ အရာဝတ္တုတွေကိုပဲ ဓာတ်ပုံလိုက်ရိုက်နေခဲ့တဲ့အချိန်... ။

နောက်ပြီး ကျွန်တော့် ရဲ့နောက်ထပ်ဝါသနာအရ Online Radio မှာ Dj ၀င်လုပ်တယ် Music Player ပေါ့။

အဲ့ဒီ Radio လေးကြောင့်ပဲ ကျွန်တော့်ရင်ခုန်သံတွေ ပြန်လည်နိုးထလာခဲ့တယ်။


 95.1 Street FM


မိုး ......


သူမကလည်းကျွန်တော့်လိုပဲ Online Radio က Dj တစ်ယောက်။

ကျွန်တော်က သူ့ရဲ့ Senior Dj ပေါ့။

ကျွန်တော်နဲ့သူမဆုံတွေ့ပုံလေးက ရိုးရိုးလေးပဲ။

သူ့ Computer သွားပြင်ပေးတယ်၊ အဲ့ဒီမှာစတွေ့တယ် ဒီလောက်ပါပဲ ။

အဲ့ဒီအချိန်အထိ ကျွန်တော့်ရင်ခုန်သံတွေ အိပ်မောကျနေဆဲ။

ကြားထဲက ရိုးရှင်းလွန်းတဲ့ ဇာတ်ကြောင်းတွေ ခြစ်ထုတ်လိုက်ကြစို့ဗျာ ။

သူမနဲ့ကျွန်တော့်ဇာတ်လမ်းက အခု စပြီလို့ပြောလို့ရတယ်ဗျ ..။

တနည်းပြောရရင်ကျွန်တော့်ရင်ခုန်သံတွေ အိပ်ရာနိုးလာချိန်ပေါ့။

တရက် ကျွန်တော်သူ့အိမ်သွားလည်ဖို့အခွင့်အရေးတစ်ခုရခဲ့တယ်အဲ့တာကလည်းဓာတ်ပုံရိုက်ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့

နေရာသွားကြည့်တာပါ ။

သူ့အိမ်နားက ရှုခင်းလေးက သိပ်လှတယ်.

ကျွန်တော့်အတွက် အမှတ်တရတွေ အရှိဆုံးနေရာဆိုလည်းမမှားဘူး....။

အမှတ်တရအဖြစ်ဆုံးကတော့ သူ့အိမ်ရှေ့က ခုံစိမ်းလေးတွေ

အဲ့ဒီခုံစိမ်းလေးတွေ ပေါ်မှာ ပဲ ခံစားချက်ပေါင်းမျိုးစုံ ဖြစ်ခဲ့ကြတယ်

ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းအံသြခြင်း စုံလို့ပါပဲ ... ။

မဝေးလွန်းတဲ့ သူမနဲ့ကျွန်တော့်အိမ်ကြားမှာနေ့စဉ်လိုလို ကျွန်တော်ခရီးဆက်ခဲ့တယ်။

ကျွန်တော့်ရင်ခုန်သံရဲ့ခိုင်းစေမှုကြောင့်ပေါ့။

အဲ့ဒီနေ့မှာပဲ သူမလက်ကိုတွဲပြီးကျွန်တော်လမ်းလျှောက်ခွင့်ရခဲ့တယ်။

အထင်တော့မကြီးလိုက်နဲ့ သွားတဲ့နေရာက မှောင်နေတာရယ် ရထားလမ်းဟောင်းဖြစ်တာရယ်ကြောင့်ပါ။

ကျွန်တော်အသက်ရှုဖို့မေ့ခဲ့ရတဲ့သူမရဲ့လက်အေးအေးလေး၊ သူမရဲ့ နောက်ပြောင်ပုံလေးတွေ

စကားပြောဟန်လေးတွေအများကြီးပဲဗျာ ... ။

အဲ့ဒီနေ့က သူမကိုကျွန်တော်ဓာတ်ပုံတစ်ပုံခိုးရိုက်ဖြစ်ခဲ့တယ် ...။

လုံးဝအမှတ်တရပဲ


သူမက မလှဘူး

သူမက မချောဘူး

ဒါပေမယ့်

အရမ်းချစ်စရာကောင်းတယ်

သူမရဲ့အပြုအမူတွေ

သူမရဲ့ စကားပြောဟန်တွေ

အားလုံးကျွန်တော့်ကို စွဲလမ်းစေခဲ့တယ် ...။

ဒါပေမယ့် ကျွန်တော်ဟန်ဆောင်နေခဲ့တယ် ..

သူမနဲ့ကျွန်တော့်ကြားမှာ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေ ရှိနေခဲ့သေးတာကိုး ....





(အပိုင်း ၂ - သူမကို ကျွန်တော်ချစ်ခွင့်ပန်ခြင်း)
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!