.... ယနေ့သည်......

Sunday, September 30, 2012

ဒဏ္ဍာရီထဲကျကျန်ခဲ့တဲ့ လွမ်းဆွတ်ခြင်း

ချစ်ခြင်းရဲ့ ဘာသာဗေဒကို
နားလည်ဖို့ဆိုတာကို
ကျွန်တော်မစွမ်းနိုင်ခဲ့ပါဘူး.......။
သူမရဲ့ကောင်းကင်ပြာပြာတွေက
ကျွန်တော့်ရဲ့တိမ်တိုက်ညိုညိုတွေအဖြစ်
ပြိုပြိုကျလာတဲ့အခါ............

ကိုယ်ပိုင်စိတ်ခံစားချက်


ကောင်းကင်ကြီးတစ်ခုလုံး
အဆိပ်တက်ပြီး ပြာနေချိန်
တိမ်တိုက်တွေ ၀မ်းနည်းပြီး ငိုနေချိန်မှာ
မြေပြင်ပေါ်က ပန်းပွင့်လေးတွေ
ပျော်မြူးလို့နေတယ်

ဒီလိုပါပဲ
ကျွန်တော့်ရင်ထဲမှာ သွေးပျက်နေချိန်
မျက်ဝန်းမှာ ရေကြည်ပေါက်လေးတွေ
တွဲလောင်းခိုနေချိန်မှာ
အသင်ပျော်နေတယ်ဆိုရင်
ကျူပ်ကျေနပ်ပါတယ်



အပြည်ပြည်ဆိုင်ရာအသည်းကွဲနေ့

ဟိုမှာ ဒီမှာ ကြည့်လိုက်ရင် 
ပျော်စရာတွေ ပြည့်နေတာပေါ့ ။

ပျော်ရွှင်မြူးကြွစွာ လျှောက်သွားနေကြတာ
မြင်ကွင်းကတော့ လှပါတယ်

အော် ...
ဒီနေ့က 
February 14 ရက်နေ့ပဲ 
အပြည်ပြည်ဆိုင်ရာချစ်သူများနေ့

ဘယ်နေရာကြည့်ကြည့် အသက်မ၀င်လှဘူး
ဘယ်ကိုသွားသွားမစည်ကားဘူး

အရာအားလုံးအသက်မဲ့နေသလို
ကျွန်တော်ကိုယ်တိုင်လည်း 
စိတ်ဝိဥာဉ်ကင်းမဲ့နေတယ်

ကျွန်တော်တစ်ယောက်တည်းဖြစ်ချင်မှ ဖြစ်မယ်
ကျွန်တော့်နည်းတူ
အသည်းကွဲနေတဲ့လူတွေအတွက် 
၃၆၅ ရက်သောနေ့တွေထဲက တစ်ရက်လေးပဲ 
ကျွန်တော်တို့ကိုအပိုင်ပေးပါ

အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ 



သွေးစက်


အကြည့်ချင်းဆုံတယ်ဆိုတာ
တစ်ယောက်ကိုတစ်ယောက်
ခိုးခိုးကြည့်နေကြလို့ပါတဲ့
သွေးစက်ပြောတဲ့
တချိန်က စကားတခွန်း

ဟုတ်ပါတယ် သွေးစက်
ဟိုအရင်တစ်ချိန်တုန်းက
ကျွန်တော်သွေးစက်ကို
တခါမက ခိုးခိုးကြည့်ခဲ့ဖူးပါတယ်
အကြောင်းပြချက်ကတော့
ကမ္ဘာဦးပုံပြင်ထဲကလိုပါပဲ
ဒါပေမယ့်
သွေးအတွက်ကတော့ပုံပြင်မဟုတ်ပါဘူး
ရာဇ၀င်တွင်အောင်ဖြစ်ချင်ခဲ့တာပါ



Friday, September 28, 2012

ကြယ်ကြွေလမ်းက ကလေးငယ်ငယ်

ကလေးမရေ......
မိုးစက်တွေကပြင်းပြင်းထန်ထန်
ငါ့မျက်နှာကိုလာလာမှန်တယ်.....။

မိုးနှောင်းပိုင်းရဲ့
မျက်ရည်စက်တွေက

ထန်းရည် ဆိုင်

ထန်းရည် ဆိုင်
အမြုပ်ရယ်တစီစီ
ဘီအီး(B.E) ကတိုး
ထည့်ပါတဲ့ မြူအိုးရယ်က
ညစ်ထေးကာ မည်းရောင်ထ
သောက်ဖို့ ရန်ဆိုး............။

Thursday, September 27, 2012

မသိလိုက် မသိဘာသာ

မသိလိုက် မသိဘာသာ


"လူကြီးမင်း ခေါ်ဆိုသော...........
Sorry, The Number..............."
လောက မှာ မကြားချင်ဆုံး
ဒီမိန်းမ အသံ..........

Wednesday, September 26, 2012

ဝေးကွာခြင်းရဲ့ ပရိစ္ဆေဒ

အရင်ကအိပ်မက်
ခုတော့အဆိပ်တတ်လို့
ခါးသက်နေပြီ.......။
ချိုမြိန်ခြင်း ပျားရည်စက်တွေ
ဝေးကွာခြင်းနဲ့အတူ အေးစက်

Tuesday, September 25, 2012

စနေ အလင်းအတွက် သောကြာ ရှင်းတမ်း

ရှေ့တိုးရင်းခရီးမပေါက်
လမ်းတွေကပျောက်နေတုန်းပဲ.....
အပြာရောင်အချစ်အောက် ဒူးတုတ်
ချောက် ချောက် ချောက် နဲ့ keyboard ကိုနှိပ်
စကားလုံးအစိမ်းတွေရိုက်သွင်း

တစ်စုံတစ်ခု

တစ်စုံတစ်ခုပါပဲ………..

ဘာမှမပါဘူး……….

သူမရဲ့ မနက်ဖြန်တွေဟာ

ကျွန်တော့်ရဲ့အနာဂါတ်တွေ

ဖြစ်မလာသေးသရွေ့တော့ အားလုံးဟာ

တစ်စုံတစ်ခုပါပဲ………………..။

Monday, September 24, 2012

အကြောင်းမဲ့အမုန်း

ခရမ်းရောင် အိပ်မက် မြင်မက်ပြီးတဲ့နောက်ပိုင်း
ကျွန်တော့်စိတ်တွေ ခရမ်းရောင်ကို မုန်းသွားခဲ့တယ်
အိပ်မက်တွေက ဆိုးလွန်းခဲ့တာကိုး

ကမ္ဘာတစ်ဖက်ခြမ်းကို အိပ်မက် မက်ပြီးနောက်ပိုင်း
ကမ္ဘာကြီးတစ်ဖက်ခြမ်းကိုအကြောင်းပြချက်မဲ့စွာ
ကျွန်တော်မုန်းတီးမိခဲ့တယ်
အိပ်မက်တွေက ဆိုးလွန်းခဲ့တာကိုး

အိပ်မက်ထဲမှာ ကျွန်တော့်ကို ကျွန်တော်
မြင်မက်မိတဲ့နောက်ပိုင်း
ကျွန်တော်ဟာ ကျွန်တော်အမုန်းဆုံးသတ္တ၀ါဖြစ်လာခဲ့တယ်
အိပ်မက်တွေက ဆိုးလွန်းခဲ့တာကိုး

အခုတော့ ....
ကျွန်တော်ချစ်aသော သူမကို
အိပ်မက် မမက် မိစေဖို့
နေ့စဉ်ဆုတောင်းနေရင်းနဲ့သာ
အိပ်စက်ခြင်းကို မုန်းတီးနေမိပြန်တယ် ....
အကြောင်းပြချက်တော့
ရှာမရခဲ့ပြန်ဘူး .....။




Save The World

အဆိပ်သင့်ကမ္ဘာ


ပျောက်ရှနေတဲ့အရာတွေအတွက်
ခပ်ရင့်ရင့်ကဗျာတွေရေးရဦးမယ်............
သက်မဲ့တွေ အသက်ရှုနှုန်း မြင့်လာတဲ့ခောတ်ထဲမှာ
သက်ရှိတွေရဲ့ မနက်ဖြန်ဟာ
မသေချာတော့................။

Sunday, September 23, 2012

အိပ်မက်တွေပျော်တဲ့ည

အိပ်မက်တွေပျော်တဲ့ည


နှင်းတွေပျိုးတဲ့ မနက်တွေတိုင်း................. ခပ်မှိုင်းမှိုင်းပဲ လွမ်းခဲ့တယ်................................ တစ်ရက် တစ်ရက် ဝေးချက်က ...................................
လှမ်းရန်ခက်ခဲငါတို့တစ်နေရာစီကွဲ......................
အရာရာကို မျှော်တုန်း လင့်တုန်း..........................
တစ်စစီကြေကွဲ...... မနက်တွေလဲလွဲနေဆဲပါပဲ.......။

Saturday, September 22, 2012

ဝေးကွာခြင်း

ဝေးကွာခြင်း

(၁) အချစ်ဆိုတာ စိတ်ဖြင့်ခံစားသောအရာ

(၁း၁) စိတ်ကူးတွေ အရိပ်ဖြစ် မနေ့က အိပ်မက်မက် ခဲ့တယ်

(၂) ချစ်မိလို့ အပြစ်ဖြစ် အမှားမှား အယွင်းယွင်းနဲ့ ဝေးလို့ကျန်ရစ်

မြို့ ဟောင်း

မြို့ ဟောင်း



အဲ့သည့်မြို့ရဲ့

လမ်းတွေကကျဉ်းမြောင်း

မြင်မြင် သမျှက ဟောင်းနေတယ်..........။

လေနီနဲ့ လေကြမ်း......

မြစ်

မြစ်









ဘယ်ကစပြီး ဘယ်လိုဖြစ်မလဲ

အစတော့မသိဘူး.............

ဒါပေမယ့် ဒီခရီးမှာ အဆုံးတော့ရှိတယ်

တစ်ဒင်္ဂ

တစ်ဒင်္ဂ


တစ်စက္ကန့်
နှစ် စက္ကန့်
သုံး စက္ကန့် လောက်ပါပဲ....။
ငါတို့ အကြည့်ချင်း ဖလှယ်ခဲ့ကြတယ်...........
ခဏဆို ခဏလေးပါပဲ

မိတ်ဆွေတွေရဲ့ မင်္ဂလာပွဲ

မိတ်ဆွေတွေရဲ့ မင်္ဂလာပွဲ












အချိန်အခါ မဟုတ်ရွာတဲ့
မိုးစက်တွေ အောက်.....
တဖြောက်ဖြောက် နဲ့........
နင့်ကို ငါလွမ်းတယ်........

ညနေ ခြောက်နာရီ


ညနေ ခြောက်နာရီ

ကျွန်တော်တို့ အမြဲထိုင်တဲ့ ခုံတန်းလေးရှိတယ်
အစိမ်းရောင်ခုံတန်းလေး

သူမ အမြဲနားထောင်တဲ့သီချင်းတစ်ပုဒ်ရှိတယ်
xxxxxxxxxxxxxxxxxxx

သူမ နဲ့အတူအမြဲတမ်းရှိနေတတ်တဲ့အရာတစ်ခုရှိတယ်
ဖုန်းအဖြူရောင်လေး

သူမ နဲ့အမြဲတမ်းအတူဆော့နေတဲ့ သက်ရှိအရုပ်တစ်ခုလည်းရှိသေးတယ်
အဲ့တာ ကျွန်တော်ပါပဲ

နေ၀င်ချိန်လေးမှာပေါ့



ဆေးလိပ်

ဆေးလိပ်




ငါ့ကို မီးရှို့
သတ်ဖို့ကြိုးစားတဲ့ လူတွေအတွက်
အဆိပ်ငွေ့တွေ ကျွေး
ငါ့ကိုယ် ငါ စတေးလိုက်တယ်.........။

{လေတံခွန်}




(ဘယ်လိုအနိုင်ရသည်ပဲဖြစ်ဖြစ် ကိုယ်က တစ်ခုတော့ပေးဆပ်လိုက်ရတာချည်းပါ......။ )

ဆုတောင်း


ဆုတောင်း

ရယ်စေချင်ရင် ရယ်မောနေခဲ့သူ
ငိုစေချင်ရင် ငိုကြွေးပေးခဲ့သူ
ထို့အတွက် ကျေနပ်ပေးခဲ့သူ .... ။

သူမသွားမယ့်လမ်းအတွက်
ကျွန်တော်ကိုယ်တိုင် လမ်းခင်းပေးချင်ခဲ့သူ
သူမဖြစ်ချင်တဲ့အရာအားလုံးအတွက်
ကျွန်တော်ကိုယ်တိုင် ပေးဆပ်ချင်ခဲ့သူ
ထို့အတွက် နောင်တမရခဲ့သူ .... ။

သူမ ဆန္ဒအားလုံးပြည့်ဝစေဖို့အတွက်
ကျွန်တော်ကိုယ်တိုင် မှော်ဆရာ အဖြစ် အသွင်ပြောင်းခဲ့သူ
ထို့အတွက် ....
ထို့အတွက် ....
ထို့အတွက် ....
ဆုတောင်းပြည့်ချင်ခဲ့သူ



Friday, September 21, 2012

သေလူ


သေလူ

ခံစားချက်တွေကို
ခပ်ပြင်းပြင်းလေး ချေမွှပြီး
မီးရှို့ခံလိုက်ရတဲ့အချိန် ....
မီးခိုးအဖြစ် ပြောင်းလဲရုံမှတပါး
ကျွန်တော်မတက်နိုင်ခဲ့ပြီ ....။

မျှော်လင့်ချက် တစ်ခုအတွက်
အသက်ရှင်နေရတဲ့ ကျွန်တော့်အတွက်
မျှော်လင့်ချက် ရိုက်ချိုးခံလိုက်ရတဲ့အချိန် ....
သက်ပြင်းတစ်ချက်ချရုံမှ တပါး
ကျွန်တော်မတက်နိုင်ခဲ့ပြီ ....။




အစိမ်းစား သတ္တ၀ါ ..

အစိမ်းစား သတ္တ၀ါ ..

စိမ်းလန်းနေတဲ့ ပန်းခြံလေး 
ငါ့ကြောင့် ပျက်စီးသွားခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။

စီးဆင်းနေတဲ့ မြစ်ရေတွေ 
ငါကြောင့် ခန်းခြောက်သွားခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။

ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို
ငါကြောင့် အုံ့မှိုင်းသွားစေခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။

ပျော်ရွှင်နေတဲ့ ဘ၀တစ်ခုကို
ငါကြောင့် သေဆုံးသွားစေခဲ့ဖူးတယ်
ငါဟာ အစိမ်းစား သတ္တ၀ါ ။





အရောင်မဲ့စကားလုံး


အရောင်မဲ့ စကားလုံး

တစ်ခါတစ်လေမှာ
ဖွင့်ပြောမိတာထက်
စိတ်ထဲက ကြိုသိနေတာလေးက
ပိုလှပလွန်းပါတယ်

တစ်ခါတစ်လေမှာ
နားနဲ့ကြားတာထက်
စိတ်ထဲက အလိုလိုသိနေတာလေးက
နားဝင်ပိုချိုလွန်းပါတယ်




တရားမ၀င်ချစ်သူ



"တရားမ၀င်ချစ်သူ"

တိမ်တိုက်တွေ မရှိတဲ့ကောင်းကင်တစ်ခုအောက်မှာ ...
တစ်ကိုယ်တော် ထိုင်နေတဲ့ လုလင်ငယ်တစ်ယောက် ...
စိတ်ရှိလက်ရှိ အချစ်တစ်ခုမွေးဖွားမယ်လို့ဆုံးဖြတ်လိုက်တဲ့နောက် ...
စိတ်ထဲ မှာတော့ပေါ့ပါးလို့ပေါ့ ...

အမည်နာမတပ်လို့မရတဲ့ အချစ်တစ်ခုပွေ့ဖက်လို့
ပျော်မြူးနေခိုက်  ...
အမှတ်မထင် ရလိုက်တဲ့ ဂုဏ်ဒြပ်တစ်ခုက
"တရားမ၀င်ချစ်သူ"

စိတ်ထဲရှိသလောက်ရေရွတ်မိတဲ့ စာကြောင်းလေးတွေ ....

ချစ်ခြင်းဆိုတာ ဂုဏ်ဒြပ်တွေ မှ မလိုပဲ
ဖြစ်လိုရာဖြစ်ပါစေ ....
အသင်စိတ်ကျေနပ်ရင်ကျုပ်ပျော်ပါတယ်

ပြောမယ့်သာပြောတာ
စိတ်ထဲတော့ ကိုးလို့နဲ့ကန့်လန့်ဗျာ ....
အကြိမ်ကြိမ်သာစိတ်ထဲရေရွတ်နေမိတယ်
"တရားမ၀င်ချစ်သူ"
"တရားမ၀င်ချစ်သူ"
"တရားမ၀င်ချစ်သူ"

သွေး




ဟောင်းနွမ်း ၊ မှတ်တမ်း ၊ ဇာတ်လမ်း

ဟောင်းနွမ်း ၊ မှတ်တမ်း ၊ ဇာတ်လမ်း



သတိရခြင်း ဆိုတာ
တစ်ခါတစ်လေတော့လဲ
မကောင်းဘူးလားလို့..............
အိပ်ခါ နီးတော့လဲ နင်
အိပ်ပျော် သွားတော့လဲ နင်
အိပ်ယာ နိုးလာတော့လဲ နင်............
ခဏခဏ ကို ငါ့ရင်ထဲ ၀င်ဝင်လာတယ်..........။
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ........။ Thanks For Your Visit.Have A Nice Day!